Saturday, January 19, 2019

ရခိုင်အခြေအနေ ယန်ဟီးလီစိုးရိမ်

VOA
ဗွီအိုအေ မြန်မာပိုင်း
၁၉ ဇန်နဝါရီ၊ ၂၀၁၉
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီးလီ

ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ်တို့မှာ တရှိန်ထိုးဖြစ်ပွားနေ တဲ့ အကြမ်းဖက်မှု တွေ အတွက် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က စိုးရိမ်နေပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းကစပြီး AA ရခိုင့်အမျိုးသားတပ်နဲ့ မြန်မာ့ တပ်မတော်တို့ ကြား တိုက်ပွဲတွေပြင်း ထန်ခဲ့ပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။ ဒေသခံ ၅ထောင် ထက် မနည်း အိုးအိမ်စွန့် ခွာ ထွက်ပြေးကြရပါတယ်။

ကော်မတီဖွဲ့စည်းရေး တောင်ကုတ်မြို့မှာ ALD ဦးဆောင်ဆွေးနွေး

RFA
2019.01.19
                                                တောင်ကုတ်မြို့ ဦးဥတ္တမလမ်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရုံးကို တွေ့ရစဉ်

ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ဖို့အတွက် ရခိုင်ပြည်နယ် တောင်ပိုင်းက မြို့ နယ် ၇ မြို့နယ်က အဖွဲ့အစည်းအသီးသီးတို့ရဲ့ ဆွေးနွေးပွဲကို တောင်ကုတ်မြို့မှာ ဒီကနေ့ ကျင်းပနေပါ တယ်။ တောင်ကုတ်မြို့ ဦးဥတ္တမလမ်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရုံးမှာ ရခိုင်ပြည်နယ်တောင် ပိုင်း မြို့နယ်တွေက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြ တာလို့ ALD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ကိစ္စ ထင်မြင်ချက် မပေးလိုကြောင်း ဦးဇော်ဌေးပြော

RFA 
လွတ်လပ်တဲ့အာရှအသံ 
2019.01.19
သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ၂၀၁၉၊ ဇန်နဝါရီ ၇ ရက်နေ့က သတင်းစာရှင်းလင်းစဉ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ကို ပြတ် ပြတ် သားသား ချေမှုန်းဖို့ပြောဆိုခဲ့ကြောင်း တပ်မတော်က မနေ့က ပြောကြားလိုက်တဲ့အပေါ် အစိုးရ အနေနဲ့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြော လိုက်ပါတယ်။

မောင်တောမြို့နယ်၌နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသောမော်တော်ယာဉ်အား ARSA တို့တိုက်ခိုက်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား 
Myanmar Radio and Television

Saturday, January 19, 2019

 မောင်တောမြို့နယ်၌နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသောမော်တော်ယာဉ်အား ARSA အကြမ်းဖက်အဖွဲ့ကလက်နက်ငယ်များဖြင့်ချောင်းမြောင်းပစ်ခတ်၊ရဲတပ်ဖွဲ့ဝင်(၆)ဦးဒဏ်ရာရရှိ။ 
Link : Here

From India to Bangladesh: 1,300 Rohingya fear repatriation to Myanmar.

The refugees are from far away from Indian Kashmir. To reach south-east Bangladesh, refugees cross the Indian states of Assam, Tripura or West Bengal. On January 3, New Delhi arrested and repatriated five Rohingya.



AsiaNews
01/19/2019,

Image result for rohingya india






Dhaka (AsiaNews / Agencies) - Since last December, 1,300 Rohingya refugees have fled to Bangladesh from India, for fear of being repatriated to Myanmar. In recent weeks, the number of arrivals has increased dramatically, following a crackdown on immigration by the Hindu nationalist government of New Delhi. This was stated by Mohammad Abul Kalam, commissioner for the rescue and rehabilitation of the refugees.

"The Rohingya began to arrive in May 2018 - says the official - and now they were hosted in a refugee centre in transit in Ukhia, in the southeastern district of Cox's Bazar, under the supervision of the UN High Commissioner for Refugees (Unhcr) ".

UN expert concerned over escalating conflict in Myanmar.

Yanghee Lee expresses alarm on escalating violence in Rakhine, Chin States, calls for protection of civilians
Anadolu Agency (AA News),19.01.2019
GENEVA


A UN expert expressed her concerns over the escalating conflict in northern and central Rakhine and Chin States of Myanmar on Friday, calling for the protection of civilians in the region.

Hope for Rohingya: Asean foreign ministers put China, Myanmar on notice

By John Le Fevre on January 19, 2019

A gathering of Asean foreign ministers in Chiang Mai, northern Thailand, on Friday signalled that the bloc is no longer prepared to ignore the actions of member states if it damages the image of the collective with external partners, at the same time putting China on notice over the South China Sea.

Myanmar 'too slow' in allowing Rohingya return: UN chief

By AFP - January 19, 2019 @ 7:35am


UNITED NATIONS, United States:

UN Secretary-General Antonio Guterres on Friday criticized as “too slow” Myanmar’s efforts to allow the return of Rohingya Muslim refugees, describing the lack of progress as a source of “enormous frustration.”

နယ်ခြားစောင့်တပ်ဖွဲ့ ယာဉ်တန်းအား ARSA အဖွဲ့ တိုက်ခိုက်သည့်ဗွီဒီယို ပျံ့နှံ့ (ရုပ်သံ)

DVB 
January 19, 2019

နယ်ခြားစောင့်တပ်ရင်းက ရဲမှူးကြီး တင့်လွင်နဲ့အဖွဲ့ ယာဉ်တန်းကို ဇန်နဝါရီ ၁၆ ရက်နေ့က တိုက်ခိုက် ခဲ့တာ ဟာ သူတို့အဖွဲ့ဖြစ်တယ်လို့ ARSA အဖွဲ့ရဲ့ မှတ်တမ်းဗွီဒီယိုတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

( ၁၉-၀၁-၂၀၁၉ ) မြန်မာ့အလင်း သတင်းစာ

( ၁၉-၀၁-၂၀၁၉ ) ကြေးမုံ သတင်းစာ


KM 19.1.2019 by on Scribd

( 19-01-2019 ) New Light of Myanmar


19_Jan_19_gnlm(1) by on Scribd

Friday, January 18, 2019

AA သောင်းကျန်းသူအဖွဲ့၏ ယာယီစခန်း တစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိ

နေပြည်တော် ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၅၀၀၀ ခန့်အကွာရှိ AA သောင်းကျန်းသူအဖွဲ့၏ ယာယီစခန်းတစ်ခုကို ယမန်နေ့ နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းက တိုက် ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေးချိုးဖောက်မှု HRW နှစ်ပတ်လည် အစီရင်ခံစာ

                                                           HRW အဖွဲ့မှ ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာ။

 မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်အတွင်း ရိုဟင်ဂျာမွတ်စလင်တွေ အပါအဝင် လူနည်းစုတိုင်း ရင်းသား aတွ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောလိုက်ပါတယ်။ ကမ္ဘာတလွှားက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး HRW အဖွဲ့က စာမျက်နှာ ၆၇ဝ ကျော်ပါတဲ့ ၂ဝ၁၉ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာကို ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

အတိုင်ပင်ခံနဲ့သမ္မတရုံး ညွှန်ကြားချက်အရ AA ကို စစ်ဆင်နေဟု စစ်တပ်ရှင်းလင်း

                                                              နေပြည်တော် သတင်းစာရှင်းလင်းပွဲ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)
 
 ရက္ခိုင့်တပ်မတော် AA ကို စစ်ဆင်ရေးလုပ်ဆောင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်၊ သမ္မတ ရုံးရဲ့ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တပ်မတော်ဘက်ကပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိတိုက်ပွဲတွေ ရပ်တန့်လိုက်ဖို့ ရက္ခိုင့်တပ်မတော်ရဲ့ လုပ်ဆောင် ချက်တွေအပေါ်မှာသာ မူ တည်တယ်လို့ တပ်မ တော် ဘက်က ပြောလိုက်ပြီး ရက္ခိုင့်တပ်မတော်ဘက်က တောင်းဆိုထားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုချက်ကို တပ်မတော်ဘက်က လုံးဝလက်မခံကြောင်း ပြောဆို လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင် ဖြစ် အောင် မြန်မာ စစ်တပ် ဆွဲခေါ်နေတာလို့ AA စွပ်စွဲ

VOA
ဗွီအိုအေမြန်မာ
နိုင်ကွန်းအိန်
၁၈ ဇန်နဝါရီ၊ ၂၀၁၉
AA ရခိုင့်တပ်မတော်ကိုစစ်ဆင်ရေးအကြောင်း တပ်မတော်ပြန်ကြားရေးရဲ့ နေပြည်တော်တပ်ကုန်းက သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)

စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေတဲ့ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် အဖွဲ့ AA တို့အ ကြား အခု နှစ်ရက်အတွင်း တိုက်ပွဲငြိမ်သက်နေတယ်လို့ AA ဘက်က ပြော ပါတယ်။ ဒီကနေ့သောကြာနေ့ နေပြည်တော်၊ စစ်သမိုင်းပြတိုက်မှာကျင်းပပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ AA တပ်ဖွဲ့ တည် နေရာနဲ့ပေါ်ပေါက်လာမှုနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ရှင်းလင်းချက်နဲ့ ပတ်သက်လို့လည်း AA ဘက်က လက်မခံဘဲ တုံ့ပြန်ပြောဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်အခြေအနေ မတည်ငြိမ်လို့  အာဆီယံ အကူ အညီ ယာယီဆိုင်းငံ့

ထိုင်းနိုင်ငံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် (ဝဲ-ဒုတိယ) 

ရခိုင်ပြည်နယ်အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) က ကူညီဖို့ ကြိုးပမ်း နေပေမယ့် လတ် တလော အခြေအနေကြောင့် ဆိုင်းငံ့ထားရကြောင်း ထိုင်းနိုင်ငံက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေအရ အားလုံးကို ဆိုင်းငံ့ထားရကြောင်းနဲ့ အခြေ အနေတွေအားလုံး ရှင်းရှင်းလင်း လင်း ဖြစ်တဲ့အချိန်ရောက်ရင်တော့ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်မှာ အာဆီယံရဲ့ စုပေါင်းကြိုးပမ်းမှု တွေကို အထင်အရှားတွေ့ရမှာ ဖြစ်ကြောင်း အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အသင်းဝင် ၁၀ နိုင်ငံ က နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ၂ ရက်ကြာ အစည်းအဝေး အဆုံးသတ်ချိန်မှာ ကျင်း ပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဆောင်ရွက် ချက်တွေကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။

အိန္ဒိယရောက် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ဆက်လက်ထွက်ပြေး

VOA 
ဗွီအိုအေမြန်မာပိုင်း 
January 18, 2019 

                                                                အိန္ဒိယကနေ မြန်မာနိုင်ငံဘက် ပြန်ပို့ခံရသည့် ရိုဟင်ဂျာများ

အိန္ဒိယနိုင်ငံထဲရှိနေတဲ့ ရိုဟင်ဂျာထဲက အမျိုးသား ၇ ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဖမ်းဆီးပြီး မြန် မာနိုင်ငံဘက် ပြန်ပို့ခဲ့တဲ့ဖြစ်ရပ် နောက်ပိုင်း ၊ ရာပေါင်းများစွာသော အိန္ဒိယက ရိုဟင်ဂျာတွေဟာ မိသား စုတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး သွားကြတယ်လို့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြောပါ တယ်။ ဖမ်းဆီးပြန်ပို့ ခံရမှာစိုးတဲ့အတွက် အလားတူ နောက်ထပ်ထွက်ပြေးဖို့ ပြင်ဆင်နေ သူတွေ လည်း ရှိတယ်လို့ ဆိုပါတယ်။ ဟိန္ဒူအမျိုး သား ရေးလွှမ်းမိုးတဲ့ လက်ရှိ အိန္ဒိယအစိုးရဟာ ရိုဟင်ဂျာတွေကို တရားမ ဝင် ခိုးဝင်နေထိုင်သူတွေအဖြစ် သတ်မှတ်ထားပြီး လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်နဲ့ သူတို့ကို နေထိုင်ခွင့် မပေးပဲ ပြန်ပို့မယ်လို့ ကြေညာထားပါတယ်။

အေအေကို ခြေမှုန်းရန် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွန်ကြားခဲ့ဟု တပ်မတော်ရှင်းလင်း

DVB
18 January 2019
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) ကို ထိရောက်စွာ ခြေမှုန်းဖို့ သမ္မတရုံးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ညွှန်ကြားခဲ့တာလို့ တပ်မတော်က ပြောကြားလိုက်ပါတယ်။

Myanmar army ordered to take offensive against Arakan Army

Maj. Gen.Nyi Nyi Tun, vice chairman of the Myanmar’s military information committee, left, Maj. Gen. Soe Naing Oo, chairman of the Myanmar’s military information committee, center, and Brig. Zaw Min Tun, secretary of the Myanmar’s military information committee, attend a press conference at the Military Museum in Naypyitaw, Myanmar, Friday, Jan. 18, 2019. (Aung Shine Oo/Associated Press)
 
By Associated Press January 18 at 9:35 AM

NAYPYITAW, Myanmar — Myanmar’s military announced Friday that the Arakan Army, a Buddhist rebel group in Rakhine state, has been classified a terrorist organization after mounting a flurry of recent attacks.
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */