Saturday, November 10, 2012

ရခိုင်ဒေသအကူအညီများ သွားရောက်ခွင့် သံရုံးများ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
10 November 2012
 
                              ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က မီးလောင်ပျက်စီးခဲ့ရတဲ့ အဆောက်အဦးတစ်ခု။

ပြီးခဲ့တဲ့ ဇွန်လကစလို့ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ခိုင်ပြည်နယ်ထဲက ပဋိပက္ခနေရာတွေကို သွားရောက်ပြီး အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသူတွေထံကို လူသားချင်း စာနာမှု အကူအညီတွေ လွတ်လွတ် လပ် လပ် သွားရောက် ကူညီခွင့် ပြုဖို့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ တူရကီ၊ သြစတြေးလျ၊ ဆော် ဒီအာရေဗျ နဲ့ အီဂျစ် သံရုံးတွေက ဒီကနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် မြန်မာအစိုးရကို တောင်းဆို လိုက်ပါ တယ်။ 
 

ရခိုင် လူနေမှု စိစစ်ရေး အခက်အခဲ

B B C
ဘီဘီစီ မြန်မာပိုင်း
10 နိုဝင်ဘာလ 2012

 ရခိုင် ပြည်နယ်မှာ တရားမဝင် ဝင်နေသူတွေကို ခွဲခြား ဖို့ စိစစ် စုံစမ်းရာမှာ ပြဿနာ နဲ့ အဆင်မပြေမှုတွေ ရှိ တယ်လို့ သိရပါတယ်။

နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း နှင့် ရခိုင်ဝန်ကြီး ပေါက်တော လာရောက် ဖြေရှင်း

Narinjara
Saturday, November 10, 2012
 ထွန်းထွန်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ ကျေးရွာသားများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြောင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က ပေါက်တောမြို့ နယ်သို့ လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။
ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိလာကြောင်းကို ယခုလို ပြောကြားသည်။ “ နိုင်ငံသား ဖြစ်ရေးအတွက် နိုင်ငံသားကဒ်တွေကို စိစစ်နေတဲ့ နေရာမှာ အရင်က ထုတ်ပေးထားတဲ့ ယာယီ ကဒ်ပြားမှာ လူမျိုး ဘင်္ဂလီ လို့ရေးသားထားတာကို ခုရိုဟင်ဂျာနာမည် ရေးမှ လက်မှတ်ထိုးမယ် ဆိုပြီးတောင်း ဆိုနေ ကြတဲ့အတွက် တော်တော် ရှုပ်ထွေးနေပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖို့ မနေ့က ပေါက် တောမြို့နယ် ဆင်တက်မော်ကို ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင် တင်တို့ အဖွဲ့ ရောက်လာပါတယ်။ သူတို့က ဘယ်ပုံ ဘယ်နည်းနဲ့ ညွှန်ကြားသွားမယ် ဆိုတာ မသိသေးဘူး” ဟုပြောသည်။

Friday, November 9, 2012

ပြည်နယ်ရဲမှူးကြီးမှ ရခိုင် ပဋိပက္ခနှင့် ပတ်သတ်ပြီး နိုင်ငံရေး ပါတီများနှင့် မြို့မိမြို့ဘများကို ခေါ်ယူမေးမြန်း

Narinjara
Friday, November 9, 2012
မောင်အေး

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သတ်ပြီး ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် မြို့မိမြို့ဖများကို ပြည်နယ်ရဲမှူးကြီးမှ ခေါ်ယူမေးမြန်းနေကြောင်း သိရသည်။



ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည် စိုးနှင့် ဗဟိုကော်မီတီဝင် ရှေ့နေ ဒေါ်အေးနုစိန်တို့ အားလည်း ခေါ်ယူမေးမြန်းခဲ့သည်။

Thursday, November 8, 2012

ရခိုင်ပြည်နယ် မောင်တောမြို့တွင် စစ်ဗိုလ်တဦး သတ်ဖြတ် ခံရ

DVB
08-11-2012
By အေးနိုင်

ရခိုင်ပြည်နယ် မောင်တောမြို့ နှစ်နိုင်ငံနယ်စပ်အနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က လမ်းဖောက် လုပ်နေ တဲ့ မြန်မာ့တပ်မတော် စစ်အင်ဂျင်နီယာတပ်က ဗိုလ်တဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ရဲဘော်တချို့ကို ဖမ်းဆီး ခေါ် ဆောင်သွားတယ်လို့ မောင်တောမြို့ခံတဦးက ပြောပါတယ်။

“တနေ့က လမ်းပိုင်းဆက်သွယ်ရေးလုပ်တာ ဂျီအီးက၊ စစ်တပ်ကပေါ့။ ဗိုလ်ကြီးတယောက် သေနတ်နဲ့ ပစ်ခံပြီး တော့ သေဆုံးသွားတယ်။ နောက် ၂ ယောက်ကို ခေါ်ဆောင်သွားတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ ဆိုတာတော့ ခုထက်ထိ မသိသေးဘူး။” နောက်ထပ်သတင်းရင်းမြစ်တဦးအဆိုအရ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၃ ဦးဖြစ်တယ်လို့ သိရပါတယ်။ သေ နတ် သမားတွေက ဘာကြောင့်ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တောင်းဆိုတာ မကြား သိ ရသေးပါဘူး။

ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆို

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2012-11-08
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ကျေးရွာ များ တွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း အစိုး၇ တာဝန်ရှိ သူများ စစ်ဆေးနေပုံ
ဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသူနဲ့ နိုင် ငံသားဖြစ်ခွင့်မရှိသူတွေကို ခွဲခြား သိနိုင်ဖို့ ပေါက်တောမြို့နယ် အတွင်း က ဆင် တ မော်၊ ကြိမ်နီပြင်၊ငှက်ချောင်း (ပုဏ္ဏားကြီး)၊ ဆည်သုံးတန် (ငဝက် ချောင်း)၊ ပြိုင်း တောင် စတဲ့ ကျေးရွာ အုပ်စု ၅ ခုမှာ လူ အင်အား ၂၇၀ လောက်နဲ့ အဖွဲ့ ၁၅ ဖွဲ့ ခွဲ ပြီး တစ်ပြိုင်တည်း စစ်ဆေးနေ တာလို့ ဆိုပါတယ်။

ပေါက်တောမြို့နယ်ကို စစ်ဆေးအပြီးမှာ နေပြည်တော်က ဝန်ထမ်းအင်အား ၁၅၀ ထပ်မံခေါ်ယူပြီး အဖွဲ့ပေါင်း ၄၅ ဖွဲ့နဲ့ စစ်တွေမြို့နယ်အတွင်းက ဒုက္ခသည် စခန်းတွေအပါအဝင် ကျေးရွာ အုပ်စုပေါင်း ၉ ခု၊ ကျောက် တော် မြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၉ ခုကို ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ် လို့ လည်း သိရပါတယ်။


 Link : Here

ပြည်သူ့သတင်းထောက် မိုးမခ

ဟစ်တိုင် စစ်ဂျာနယ်
နိုဝင်ဘာ ၈၊ ၂၀၁၂

မကြာမီတွင် ရိုဟင်ဂျာအမည်ခံကာ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုမည့် ခိုးဝင်ဘင်္ဂလီများ အစုလိုက် အ ပြုံလိုက် ဖမ်းဆီးရမိ။စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ ခိုးဝင်ဘင်္ဂလီ(၁၉) ဦးကို ရဟန်းရှင်လူ ပြည်သူများက ဖမ်း ဆီး နိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးနိုင်ဖို့ အတွက် ပြီးခဲ့တဲ့သောကြာနေ့ (၂-၁၁-၂၀၁၂) ရက်နေ့ ကတည်း က တာဝန်သိပြည်သူတစ်ဦးထံမှ သတင်းရရှိခဲ့ကြောင်း၊ သတင်းရသည်နဲ့ တပြိုင်နက် အမျိုးဘာ သာ သာသ နာ ကာကွယ်စောင့် ရှောက်ရေးအသင်းကြီးမှ တိကျခိုင်မာအောင်သေချာ စွာစောင့် ကြည့်လေ့လာခဲ့ရကြောင်း ၊ သေချာပြီဆိုသည်နှင့် ယနေ့ (၅-၁၁-၂၀၁၂) ရက်နေ့ မနက် ၄း၀၀ နာရီတွင် လူငယ် (၁၁) ယောက်ဖြင့် ဝိုင်း ဝန်းဖမ်းဆီးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ရဟန်းသံဃာတော်များနှင့် လူကြီးလူငယ် အယောက်  (၃၀) ခန့်က ပူးပေါင်းဖမ်းဆီးပေးခဲ့ကြကြောင်းသိရသည်။



ရခိုင်အရေးဖြေရှင်းမှု ပွင့်လင်းမြင်သာဖို့ လွှတ်တော်ကော်မ တီ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန) 
08.11.2012
မြောက်ဦးမြို့က ရခိုင်ဒုက္ခသည်များ
08.11.2012 
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ဟာ ပြည်နယ်အရေး သပ်သပ်မဟုတ် ဘဲ ပြည်ထောင်စု အရေး ဖြစ်တာကြောင့် အစိုးရအနေနဲ့ ထင်သာမြင်သာရှိရှိ ကိုင်တွယ်ဆောင်ရွက် သွားဖို့ ပြည်သူ့လွှတ်တော် ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီက တိုက်တွန်းထားပါတယ်။ လိုအပ်သလို လုံခြုံရေးအခြေအ နေတွေကိုလည်း ဆောင်ရွက်သွားဖို့ လိုမယ်လို့ ဆိုထားပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် ရေးကော်မတီ အတွင်းရေး မှူး ပြည်သူ့လွှတ်တော် ပုသိမ်မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ကိုသား ညွန့်ဦး က ဆက် သွယ်မေးမြန်းထားပါတယ်။  

ရခိုင်က ဒုက္ခသည်တွေ နေရင်းပြန်ဖို့ မဖြစ်နိုင်သေး

B B C

ဘီဘီစီ မြန်မာပိုင်း
08-11-2012
ဒုက္ခသည်တွေ ထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ဒုက္ခရောက်နေ ကြရ။

ရခိုင် ဒေသက ပဋိပက္ခတွေ အတွင်း အိုး အိမ် စွန့်ခွာ ဒုက္ခရောက် ခဲ့ရ သူတွေ ဟာ နေရပ် ကို ပြန်ဖို့ အတွက် မဖြစ် နိုင် သေး ကြောင်း အဲဒီ ဒေသကို ကိုယ် တိုင် သွား ကြည့်ခဲ့တဲ့ ဘီဘီ သ တင်း ထောက်က ပြောပါ တယ်။

ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်ဆလင် နှစ်ဘက် စလုံးမှာ အာဃာတ ကြီးကြီး မားမား ရှိနေကြ သေးတဲ့ အတွက် လောလောဆယ် နေရပ် ပြန်ဖို့ မလွယ် သေးတာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် ကိုတင် အောင်ကျော်က ပြောပါတယ်။

ရခိုင်အရေးမှာ နိုင်ငံတော်မူဝါဒ ပြတ်သားစွာ ချမှတ်ရန်လို

မြန်မာဌာန | သတင်းများ
11.08.2012
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ် ၌ ဖြစ် ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော် ကြီး ကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ
2012-11-08.
 
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအပါအဝင် ရခိုင်ပြည်နယ် အရေးကိစ္စကို အစိုးရက ဘယ်လို ကိုင်တွယ် ဖြေရှင်းမယ်ဆိုတာလူထုကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ ကြေငြာချက်မှာ တိုက်တွန်း လိုက်ပါ တယ်။

Wednesday, November 7, 2012

ရခိုင်ပြည်နယ် တွင် ဖြစ်ပွား နေသောပဋိ ပက္ခ နှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်း သားလွှတ်တော် ကိုယ်စား လှယ်များ သဘော ထားထုတ် ပြန်

07.11.2012
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသောပဋိပက္ခနှင့်စပ်လျဉ်း၍ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသား
                                  လွှတ်တော်ကိုယ်စားလှယ်များသဘောထားထုတ်ပြန်။

 

Friday, November 2, 2012

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အကြမ်းဖျင်းလေ့လာခြင်း

DVB
November 2, 2017

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက် တတိယအကြိမ် ပြည်သူ့လွှတ် တော် တတိယအစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ထိုဥပဒေနှင့်ပတ်သက်၍ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းထားခြင်း မရှိပေ။

Saturday, October 13, 2012

27-ရကၡမ႑ိဳင္

26-တိုင်းရင်းသားမူဆလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ-၂

25-ဝတ္ထုတော်ကြီးဆရာ ဦးဖိုးခင်၊

24-ဇီဝကကြီးတစ်ဆူ ဟာဂျီဖြူ

23-အသုံးတော်ခံ စာဆိုတော်ဦးဘိုးအို၊

22-အဌထာပညာရွင္ ဟာဂ်ီဦးလူ၊

21- ဒေါက်တာအောင်ဇော် ပြုစုသော တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ စာအုပ်မှ

20-တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ ရေးသူ ပါမောက္ခဒေါက်တာအောင်ဇော်

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */