Narinjara
Saturday, November 10, 2012
ထွန်းထွန်း
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ ကျေးရွာသားများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြောင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က ပေါက်တောမြို့ နယ်သို့ လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိလာကြောင်းကို ယခုလို ပြောကြားသည်။ “ နိုင်ငံသား ဖြစ်ရေးအတွက် နိုင်ငံသားကဒ်တွေကို စိစစ်နေတဲ့ နေရာမှာ အရင်က ထုတ်ပေးထားတဲ့ ယာယီ ကဒ်ပြားမှာ လူမျိုး ဘင်္ဂလီ လို့ရေးသားထားတာကို ခုရိုဟင်ဂျာနာမည် ရေးမှ လက်မှတ်ထိုးမယ် ဆိုပြီးတောင်း ဆိုနေ ကြတဲ့အတွက် တော်တော် ရှုပ်ထွေးနေပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖို့ မနေ့က ပေါက် တောမြို့နယ် ဆင်တက်မော်ကို ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင် တင်တို့ အဖွဲ့ ရောက်လာပါတယ်။ သူတို့က ဘယ်ပုံ ဘယ်နည်းနဲ့ ညွှန်ကြားသွားမယ် ဆိုတာ မသိသေးဘူး” ဟုပြောသည်။