Showing posts with label ဝန်ကြီးချုပ်. Show all posts
Showing posts with label ဝန်ကြီးချုပ်. Show all posts

Tuesday, March 5, 2024

ထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး မြန်မာပြည်တွင်ရေးပဋိပက္ခကြောင့် ပိုမိုခက်ခဲသွားပြီဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာပြောကြား

Narinjara
ရက်စွဲ: ၀၅ မတ် ၂၀၂၄

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မွတ်ဆလင်ဒုက္ခသည် ( ရိုဟင်ဂျာ) များအား နေရပ်ပြန်ပို့ပေးရေးမှာ မြန်မာပြည်တွင်ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများကြောင့် ပိုမိုခက်ခဲသွားပြီဖြစ်ကာ ဘင်္ဂလားဒေ့ရှ် အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေသည်ဟု ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက မတ်လ ၄ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။

ရိုဟင်ဂျာတွေက ဝန်ထုပ်ဝန်ပိုးဖြစ်လာကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

RFA
RFA Burmese
2024.03.04 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။
INDRANIL MUKHERJEE / AFP
ရိုဟင်ဂျာတွေဟာ သူတို့နေတဲ့တိုင်းပြည်ကို ပြန်ကိုပြန်ရမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ထပ်‌ ပြီးပြောဆိုလိုက်ပါတယ်။ အဲဒီအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရပ်တည်ချက်ဟာ ဒီနိုင်ငံကိုခြေကုတ်ယူပြီး ပုန်ကုန် တော်လှန်မယ့် ဘယ်လှုပ်ရှားကိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် ဟာဆီနာက ထည့်သွင်းပြောဆိုပါတယ်။

Monday, October 30, 2023

ဂါဇာစစ်ပွဲ အဆင့်သစ်တရပ်ရောက်ပြီး ကြာရှည်ခက်ခဲမယ် လို့ အစ္စရေးဝန်ကြီးချုပ်သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၃၀ အောက်တိုဘာ၊ ၂၀၂၃ 

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

ဂါဇာစစ်ပွဲဟာ ဒုတိယအဆင့်ကို ဝင်ရောက်သွားပြီဖြစ်ပြီး စစ်က ကြာရှည်ခက်ခဲလိမ့်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်န်ဂျမင် နာတန်ရာဟုက စနေနေ့ညက တနိုင်ငံလုံးကို မိန့်ခွန်းပြောကြားလိုက်ပါတယ်။ ကြည်း၊ ရေ၊ လေ တိုက်ပွဲအားလုံးကို အစ္စရေးက တိုးချဲ့လိုက်ပြီး ကျယ်ပြန့်တဲ့ မြေပြင်ထိုးစစ်မလာမီမှာ တိုက်ခိုက်မှုတွေ ပြင်းထန် လိမ့်မယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။ 

Sunday, September 24, 2023

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆို

RFA
RFA Burmese
2023.09.23

နယူးယောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပသည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ။ UN 

ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် ကူညီပြီး ဒေသ တွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလ သမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာ ၂၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့တိုင်းပြည်ကို ပြန်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ ဆန္ဒရှိကြ တဲ့အတွက် သူတို့ နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ ဝန်ကြီးချုပ်က ပြောခဲ့တာပါ။

Sunday, August 21, 2022

ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာနိုင်ငံဆီ ပြန်ရမည်ဟု ကုလ သမဂ္ဂကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ပြော

မဇ္ဇျိမသတင်းဌာန
ဩဂုတ် ၁၈

ဘင်္ဂလားဒေ့ရှ်ရှိ လူပြည့်သိပ်သော စခန်းများ၌ နေထိုင်နေကြသည် ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့် အကြမ်း ဖက် ဖိစီးနှိပ်စက်မှုများမှ ထွက်ပြေးလာရာ မြန်မာနိုင်ငံဆီ ပြန်ကြရလိမ့်မည်ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီး ချုပ် ရှိတ် ဟာစီနာက ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲအား ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ် ဘက်ချလက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာသို့ တနင်္ဂနွေနေ့က ရောက်ရှိပြီး မြန်မာနယ်စပ်နားက ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ သွား ရောက်ခဲ့သည်။

Sunday, September 27, 2020

ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တင်ပြချက် ရိုဟင်ဂျာတွေ ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
27 စက်တင်ဘာ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ကုတုပလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)

လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ရိုဟင်ဂျာဒုက္ခသည် တွေအရေး ဝိုင်းဝန်းအဖြေရှာပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့အပေါ် ဒုက္ခသည်တွေက ကြိုဆိုပြီး သူတို့နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံးပြန်နိုင်ရေး မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

Wednesday, February 19, 2020

လူကယ်ပြန် ဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့ လိုက် ပါလာသည့် ရဟတ်ယာဉ် သေနတ်ဖြင့် ပစ်ခတ်ခံရ

TheVoiceWeekly Journal
နေပြည်တော်၊
ဖေဖော်ဝါရီ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့ လိုက်ပါလာသည့် ရဟတ်ယာဉ်သည် စစ်တွေ မွ ဘူးသီးတောင် အသွားတွင် သေနတ်ဖြင့် အပစ်ခံရကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ မွ ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက အတည်ပြုသည်။

Tuesday, December 3, 2019

ကမ္ဘာ့အသိုင်းအဝိုင်းက မြန်မာကို ဆက်လက်ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က နယ်သာလန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြား

ELEVEN 
3 DECEMBER 2019
REF: DHAKA TRIBUNE
ဒီဇင်ဘာ ၂ ရက်က မက်ဒရစ်မြို့၌ပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ၏ ဘေးဆွယ်ဆွေးနွေးပွဲ၌ ဟာစီနာနှင့် နယ်သာလန်ဝန်ကြီးချုပ် မက်ရုသ်တို့ တွေ့ဆုံစဉ် (Photo: Dhaka Tribune) 

 ရိုဟင်ဂျာ မွတ်စလင်များကို ပြန်လည်လက်ခံရေး အရှိန်မြှင့်လုပ်ဆောင်ရန် မြန်မာကို ဆက်လက်ဖိ အားပေး ရေးအတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဥရောပနိုင်ငံများ အပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းကို ထပ်မံတောင်းဆိုလိုက်ကြောင်း သိရသည်။

Sunday, June 23, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စု ကြည် အင်ဒိုနီးရှားသမ္မတ၊ ထိုင်းဝန်ကြီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေး

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ
23 Jun 2019
                      နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)တို့တွေ့ဆုံစဉ်။ဓာတ်ပုံ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
 
 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှားသမ္မတ မစ္စတာဂျိုကိုဝီဒိုဒို၊ ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ(ငြိမ်း)တို့နှင့် ထိုင်းနိုင်ငံဗန်ကောက်မြို့ရှိ The Athenee Tower ၌ဇွန် ၂၂ ရက်က သီးခြားစီတွေ့ဆုံဆွေးနွေးသည်။

Saturday, June 22, 2019

ဖိနှိပ်ခံ ရိုဟင်ဂျာလူနည်းစုကို ကူညီသွားမည်ဟု မလေးရှားဝန်ကြီးချုပ် မဟာသီ ကတိပြု

ရိုဟင်ဂျာ ဗီးရှင်း 
By ရို ရတီ 
June 21, 2019
ဇွန်လ ၂၁ရက်မှာကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာစစ်တပ်ရဲ့ နည်းစနစ်ကျကျ နှိမ်နင်းမှုကြောင့် နိုင်ငံမဲ့ဖြစ်သွားကြတဲ့ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နေမှုတွေ ရပ်တန့်ဖို့ အရှေ့တောင်အာရှ ခေါင်းဆောင်တွေကို ထပ်လောင်းပြောကြားခဲ့ပြီး မလေးရှားနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံတဲ့ ရိုဟင်ဂျာ မွတ်စ လင်တွေကို ကူညီသွားမယ်လို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။

Monday, June 10, 2019

ဒုက္ခသည်တွေကို မြန်မာက ပြန်လက်ခံဖို့ တွန့်ဆုတ် နေကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-10
ရိုဟင်ဂျာအမျိုးသမီး ဒုက္ခသည်များ။
Photo: AFP 

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ကို ပြန်လည်လက်ခံဖို့ ကတိပေးထားပေမယ့် တကယ်တမ်း လက်ခံဖို့ တွန့်ဆုတ်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မနေ့က စွပ်စွဲလိုက် ပါ တယ်။

Wednesday, February 27, 2019

ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် ရခိုင်ဝန်ကြီးချုပ် သေဆုံးဆိုသည့်သတင်းမှာ ကောလဟလ ဖြစ်

မဇ္ဈိမ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
ဇေယျာမော်
လူမှုကွန်ရက်စာမျက်နှာများတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသွား ပြီ ဆိုသည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်နယ် စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမသို့အတည်ပြုပြောဆိုသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */