Showing posts with label မြန်မာ့တပ်မတော်. Show all posts
Showing posts with label မြန်မာ့တပ်မတော်. Show all posts

Sunday, December 20, 2020

AA နှင့်ဆွေးနွေးမှု တိုးတက်မှုရှိဟု တပ်မတော်ပြေ

MYANMAR TIMES

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ 
20 DEC 2020 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေးစောင့်ကြပ်နေသည့် တပ်မတော်သားတစ်ဦးအား ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စစ်မက်ဖြစ်ပွားမှုများ ရပ်ဆိုင်းသွားစေပြီးနောက် ရခိုင်လက်နက်ကိုင်အဖွဲ့ အစည်း (AA) နှင့် တွေ့ဆုံဆွေးနွေးမှုများမှာ တိုးတက်မှုများရရှိနေသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်ကို ဒီဇင်ဘာ ၂၀ ရက်တွင် ပြောသည်။

Thursday, December 10, 2020

မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်တော် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ 
2020-12-10

နှစ်နှစ်နီးပါးကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ရဲ့ နှစ်ဖက် ကိုယ် စားလှယ်တွေဟာ ဒီဇင်ဘာလ ၉ ရက်နေ့က UWSA ထိန်းချုပ်တဲ့ ပန်ဆန်းမြို့မှာ တစ်နာရီနီးပါးကြာ တွေ့ ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

Friday, October 9, 2020

ဘူသီးတောင်တွင် စစ်ရှိန်မြင့်လာ၍ ကျေးရွာနှစ်ရွာမှဒေသခံ များ နေရပ်စွန့်ခွာ

DMG
ကျော်မျိုးအောင် |
DMGအောက်တိုဘာ ၈ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နှင့် အေအေတို့အကြား နှစ်ဘက်တိုက်ပွဲများသည် ကျေးရွာများအနီး ပိုမိုဖြစ်ပွားလာသောကြောင့် ဒေသခံ ၃၀၀ ကျော် နေရပ်စွန့်ခွာနေရကြောင်း သိရသည်။

Wednesday, October 7, 2020

ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

Myanmar Now
သန့်မြတ်ခိုင်
Oct 7, 2020

တပ်မတော်စစ်ကြောင်းက ဒေသခံ ၁၅ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် တိုက် ပွဲဖြစ်ပွားခဲ့ရာတွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့ဝင် ဆိုင်းဘုတ်ကို ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - သန့်မြတ်ခိုင်/ Myanmar Now) 
 
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဒေသခံ ၁၅ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံး၍ တစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Monday, June 1, 2020

လူမျိုးရေး အဓိကရုဏ်းဆီ တွန်းမပို့ကြပါနဲ့

ဧရာဝတီ
ကျော်လင်း
1 June 2020
 ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းမြို့တော် မြောက်ဦးတွင် ဒေသခံများကို တွေ့ရစဉ် / ဇော်ဇော် 

ယခုတလော ပြင်းထန်လာသည့် ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာ့တပ်မတော်တို့၏ မြေပြင်စစ်ပွဲများသာမက ဆိုရှယ်မီဒီယာများပေါ်တွင်လည်း ၂ ဘက် ထောက်ခံသူများ အပြန်အလှန် ဆဲဆိုမှုများ ပြင်းထန်နေဆဲ ဖြစ်သည်။ အမုန်းတရားများအား ထိန်းချုပ်ရန်ဟု အကြောင်းပြခဲ့သော ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်မြောက်ပိုင်း ကိုးမြို့နယ်တို့အား အင်တာနက်ပိတ်ထားမှုသည် အလုပ်မဖြစ်ပါ။

Tuesday, May 12, 2020

ဖမ်းဆီးထားသူတွေကို ရိုက်နှက်စစ်ဆေးသူ တပ်ဖွဲ့ဝင်တွေ မြန်မာစစ်တပ်အရေးယူမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 ေမ၊ 2020 
ရခိုင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ်တပ်ဖွဲ့ဝင်တချို့
 
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကနေ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အမျိုးသား ၅ ဦးကို စစ်ရေ ယာဉ်နဲ့ စစ်တွေကို သွားပို့တဲ့အချိန်အတွင်း ဥပဒေနဲ့ မလျော်ညီတဲ့နည်းနဲ့ စစ်ဆေးမေးမြန်းခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းအရအရေးယူဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Thursday, March 5, 2020

ရခိုင်မှာ တစ်ရက်တည်း ကျေးရွာသုံးရွာမီးလောင်

B B C
ဘီဘီစီ မြန်မာပိုင်း
2020.03.05
တိုက်ပွဲတွေကြောင့် ကျေးရွာတွေမီးလောင်တာ၊ ကလေးငယ်တွေအပါအဝင်အရပ်သားထိခိုက်သေဆုံးမှုတွေ မကြာခဏဆိုသလိုရှိလာ
 
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ အကြား မတ်လ ၄ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေ ကြောင့် ကျော်တော်မြို့ထဲက ကျေးရွာ ၃ ရွာ မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဒေသခံတွေကပြောပါ တယ်။

Monday, February 3, 2020

အိုင်စီဂျေကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်အား ချောက်ချ လို သူများရှိဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

မြန်မာတိုင်းမ်နေ့စဉ်
စွမ်းရဲထွဋ်
03 FEB 2020
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ ဓာတ်ပုံ- စွမ်းရဲထွဋ်

အိုင်စီဂျေကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်အား ချောက်ချလိုသူများရှိကြောင်း တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်ရှိ တပ်မ တော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။

Wednesday, December 11, 2019

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဂုဏ်သိက္ခာအရ ထိ ခိုက်လို့ တပ်မတော်ပြော


B B C 
 ဘီဘီစီ မြန်မာပိုင်း 
11ဒီဇင်္ဘာ 2019
တပ်မတော်ဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆို

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အပါအဝင် တပ်မတော်အရာရှိ ၄ ဦးကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးအရ ဒဏ် ခတ်ပိတ်ဆို့လိုက်တာဟာ ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်တယ်ဆိုပြီးတော့ တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

Wednesday, November 27, 2019

ဘင်္ဂလားဒေ့ရှ်တပ်မတော်က မြန်မာ့တပ်မတော်နှင့် ဆက်ဆံ ရေး ပိုမိုကောင်းမွန်လို

ဧရာဝတီ
By Muktadir Rashid
27 November 2019
 ဗိုလ်ချုပ်ကြီး အဇစ်ကို ရာထူးတိုးမြှင့်ခန့်အပ်သော အခမ်းအနား / Youtube
 

 ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးနယ်ပယ် ပိုမိုချဲ့ထွင်လိုပြီး မြန်မာဘာ သာစကား ကျွမ်းကျင်မှု၊ ပူးတွဲလေ့ကျင့်ခြင်းနှင့် ထောက်လှမ်းရေး သတင်းဖလှယ်ခြင်း စသည့်နယ်ပယ်များ တွင် ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ကြိုးစားနေသည်။

Tuesday, November 26, 2019

မြန်မာနိုင်ငံမှာ ဓါတုလက်နက်တွေ သိုလှောင်ထားတယ်လို့ အမေရိကန်စွပ်စွဲ

VOM
သည်ဟိဂ်၊ နိုဝင်ဘာ-၂၆-၂၀၁၉
မျိုးဆက် (VOM)

မြန်မာနိုင်ငံဟာ ဓါတုဗေဒလက်နက်တွေကို တားမြစ်ပိတ်ပင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ချိုး ဖောက်နေပြီး ၁၉၈၀ ပြည့်နှစ်တွေအတွင်းက ဓါတုလက်နက်တွေကို သိုလှောင်ထားဖွယ်ရှိတယ်လို့အမေ ရိကန်က နိုဝင်ဘာ ၂၅ ရက်မှာပြောဆိုလိုက်ပါတယ်။

ဓါတုလက်နက် ထုတ်လုပ်၊ သိုလှောင်ခြင်းမရှိဟု တပ်မတော် တုံ့ပြန်

VOA
 ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
26 နိုဝင်ဘာ၊ 2019  
သတင်းဓါတ်ပုံ- ၂၀၁၅ တုန်းက နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့က ဓာတုလက်နက် အသုံးပြုမှု တားမြစ်ရေး အဖွဲ့ဝင် နိုင်ငံတွေရဲ့ ၇၉ ကြိမ်မြောက် အစည်းအဝေးပွဲ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်။
 
မြန်မာနိုင်ငံအနေနဲ့ ဓါတုလက်နက်သုံးစွဲမှုတားမြစ်ရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက်ကို လိုက်နာမှု မရှိတဲ့အပေါ် စိုးရိမ်မကင်းဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောဆိုလိုက်ပေမယ့်၊ မြန်မာအနေနဲ့ ဓါတုလက်နက် သိုလှောင်တာ ထုတ်လုပ်တာ ထုတ်ဖို့ ရည်ရွယ်တာမျိုး တခုမှ မရှိဘူးလို့ မြန်မာတပ်မတော် ဘက်က တုံ့ပြန်ထားပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ပြောပြမှာပါ။

Sunday, August 18, 2019

စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၃ဝကိုစစ်တွေ တွင်ဆက်လက်ပညာသင်ကြားနိုင်ရန် စီစဉ်

နိရဉ္စရာ
နီမင်းထွန်း
နိရဉ္စရာ ၊ သြဂုတ် ၁၈/၂ဝ၁၉


ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ ပညာသင်ကြားရန် အခက်အခဲဖြစ်နေသည့် ကျောင်းသား ကျောင်းသူ ၃ဝ ကို စစ်တွေမြို့တွင် ပညာဆက်လက် သင်ကြားခွင့်ရရှိနိုင်ရန် စီစဉ်နေသည်ဟု သတင်းရရှိ သည်။

Saturday, August 10, 2019

ပလက်ဝမှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ဒေသခံ ၂၅၀ ကျော်ထွက်ပြေးနေရ

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-08-10
ပလက်ဝမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
                                      
ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ နမ္မတာကျေးရွာမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ ပြီးခဲ့တဲ့ ရက် ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၅၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒုက္ခသည်တွေကို ကူ ညီပေးနေသူတွေက ပြောပါတယ်။

Tuesday, August 6, 2019

ရသေ့တောင်မြို့နယ် ခြေရာတော်ကျေးရွာအနီး၌ ဗဗအဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခု သိမ်းဆည်းရမိ

မြန်မာ့အလင်း
နေပြည်တော် ဩဂုတ် ၅

 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂ ရက်နှင့် ၃ ရက် တို့တွင် ခြေရာတော်ကျေးရွာအနီး၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း နေရာတစ်ခုနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရ သည်။

တပ်မတော်အပါအဝင် ကုမ္ပဏီတချို့ကို အရေးယူပိတ် ဆို့ဖို့ UN အချက်အလက်ရှာဖွေရေးမစ်ရှင် ထုတ်ပြန်

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-08-05
 မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရုစ်မန်း (Marzuki Darusman) ကို ၂၀၁၉၊ သြဂုတ် ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်  Photo: ASSOCIATED PRESS                                       
မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချခွင့်ပိတ်ဖို့ အပါအဝင် တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး ကုမ္ပဏီတွေကိုပါ ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်က ဒီနေ့ အစီရင် ခံစာထုတ်ပြန်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Saturday, July 20, 2019

မြန်မာနိုင်ငံအပေါ် ပိုမို ပိတ်ဆို့ဖို့ အမေရိကန်ကို ရိုဟင် ဂျာအဖွဲ့တွေ တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
၁၉ ဇူလိုင် ၂၀၁၉
■ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာတပ်မတော် ထိပ်တန်းခေါင်း ဆောင် ၄ ဦး ကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ပိတ်ဆို့ အရေးယူခဲ့တာဟာ လုံလောက်ခြင်း မရှိ ဘူး လို့ ဗြိတိန်အခြေစိုက်ပြီး ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ အဖွဲ့နှစ်ဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

Saturday, July 13, 2019

ဘူးသီးတောင်တွင် တိုက်ပွဲဖြစ်ပြီး နွားရုံတောင်ကျေး ရွာ မီးရှို့ခံရဟုဆို

Khit Thit Media
ရန်ကုန်၊ ဇူလိုင် ၁၃
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာအနီးတွင် ရခိုင်တပ်မတော် AA နှင့် တပ်မ တော်တို့ တိုက်ပွဲဖြစ်ပွားပြီး နွားရုံတောင်ကျေးရွာ မီးရှို့ခံရကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

Sunday, July 7, 2019

အမ်းမြို့နယ်ဓာတ်တော်ရွာမှ ခိုင်သုခဆွေမျိုးတစ်ဦး အပါအဝင်လူနှစ်ဦးကို စစ်တပ်ကခေါ်ဆောင်သွား

နိရဉ္စရာ
ခိုင်လူလှ
နိရဉ္စရာ၊ ဇူလိူင် ၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဓာတ်တော်ကျေးရွာမှ ရက္ခိုင်တပ်တော် (AA) ၏ ပြောခွင့်ရသူ ခိုင်သုခ၏ ဆွေ မျိုးတော်စပ်သူ တစ်ဦးအပါအဝင် လူနှစ်ဦးကို စစ်တပ်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားပြီး ယခု အ ခါ ၎င်းတို့အား အမ်းမြို့ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သတင်းရရှိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */