Showing posts with label တုံ့ပြန်. Show all posts
Showing posts with label တုံ့ပြန်. Show all posts

Saturday, December 5, 2020

ရိုဟင်ဂျာဒုက္ခသည်တွေ Bhasan Char ကျွန်းမှာ နေရာချ ထားမှုအပေါ် ဝေဖန်မှု ဘင်္ဂလားဒေ့ရှ် တုံ့ပြန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 ဒီဇင်ဘာ၊ 2020 
Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့သည့် မြင်ကွင်း။ (ဒီဇင်ဘာ ၄၊ ၂၀၂၀)
 
 ဝေးလံတဲ့ Bhasan Char ကျွန်းကိုပို့တဲ့ကိစ္စနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တခြား နိုင်ငံအသိုင်းဝိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်မှန်တဲ့ ကြိုးပမ်းမှုတွေကို ဖျက်လိုဖျက်ဆီးမလုပ်ဖို့၊ ဒါမှမဟုတ် လွဲမှားစွာ အဓိပ္ပါယ် မကောက်ယူကြဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်းထန်စွာ သတိ ပေးချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးအတွက် ကုလသ မဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းဝိုင်း ဝိုင်းဝန်း တိုက်တွန်းပေးခြင်းသည်သာလျှင် လက်တွေ့ကျတဲ့ လုပ်ရပ်ဖြစ်တယ်၊ ပြဿနာကို ရေရှည်ဖြေရှင်းနိုင်မယ့် တခုတည်းသော နည်းလမ်းလည်း ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက သောကြာနေ့ညနေပိုင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထား ပါတယ်။

တချိန်ထဲမှာဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မှန်ကန်တဲ့ ကြိုးပမ်းမှုတွေကို လွဲမှားစွာ အဓိပ္ပါမဖွင့်ဆိုမိအောင် အထူး သ တိ ထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကို ဝေဖန်နေမယ့်အ စား လူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ ပြန်သွားနိုင်ရေး အတွက် တိုးမြင့် အားထုတ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁,၆၀၀ ကျော်ကို Bhasan Charကျွန်းကို ပထမအသုတ်အနေနဲ့ပြောင်း ရွေ့ နေရာချထားလိုက်တာဟာ သူတို့ရဲ့ သဘောဆန္ဒ အလျောက်ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ပြောင်းရွှေ့မှုနဲ့ပတ်သက်လို့ ဒါဟာ ဒုက္ခသည်တွေရဲ့ ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိရမယ်လို့ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီက အခိုင်အမာ ပြောဆိုခဲ့ပြီးတဲ့နောက် အခုလို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ကြေ ညာ ချက် ထုတ်ပြန်လိုက်တာပါ။

Bhasan Char ကျွန်းကို အခုလို ပြောင်းရွေ့မှုနဲ့ပတ်သက်လို့ တချို့ဒုက္ခသည်တွေဟာ ဖိအားပေးခံခဲ့ရတယ်၊တချို့ တွေက ပြောင်းဖို့ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုကြတယ်လို့ ကုလသမဂ္ဂအနေနဲ့ ကြားသိရကြောင်း နယူး ယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ သောကြာနေ့ကကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း အတွင်း ရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူကဆက်ပြီး -

“မနေ့က ရွေ့ပြောင်းမှုတွေ လုပ်ဆောင်နေတဲ့ကာလအတွင်း ဒုက္ခသည်တွေရဲ့ သောကဝေနေတဲ့ စိတ်မချမ်း မြေ့ဘွယ်ရာ မျက်နှာတွေကိုလည်း ကျနော်တို့ မြင်တွေ့ကြရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ကျနော်တို့ဘက်က ဘင်္ဂဘားဒေ့ရှ်အာဏာပိုင်တွေကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်” - လို့ အတွင်း ရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Staphane Dujarric က ပြောသွားတာပါ။

ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ဟာ ဒုက္ခသည်တွေကို ကျွန်းပေါ်ကို မပြောင်းရွေခင် သူတို့အနေနဲ့ အဲဒီမှာ ဘေးကင်း လုံခြုံစွာ နေထိုင်လို့ ရနိုင်မလားဆိုတာကို အရင် ချင့်ချိန် ဆုံးဖြတ်ပြီးမှ ပို့သင့်တယ်ဆိုတဲ့အချက်ကိုလည်း Staphane Dujarric က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
 
Link: Here

Saturday, January 25, 2020

ICJ ရဲ့ အမိန့်အပေါ် ရိုဟင်ဂျာတွေနဲ့ မြန်မာအစိုးရ တုံ့ပြန်

NHK WORLD JAPAN
2020.01.25
 ရိုဟင်ဂျာ လူနည်းစုတွေကို မြန်မာအစိုးက အကာအကွယ်ပေးဖို့ ကုလသမဂ္ဂရဲ့ အဆင့်အမြင့်ဆုံးတရားရုံးဖြစ် တဲ့ နိုင်ငံတကာတရားရုံး ICJ က အမိန့်ချမှတ်လိုက်ပြီးတဲ့နောက် ရိုဟင်ဂျာ မွတ်စလင်တွေ အများအပြား ဝမ်းသာပျော်ရွှင်နေကြပါတယ်။

Friday, January 24, 2020

အိုင်စီဂျေဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုများ

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.24
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက ကာကွယ်ပေးဖို့ အပါအဝင် မြန်မာလိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ဆုံးဖြတ်

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက်ကွန်ဗန်းရှင်းကို မြန်မာက ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာက တရားစွဲဆို ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုတာကို ကုလသမဂ္ဂ တရားရုံး အိုင်စီဂျေက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက ကာကွယ်ပေးဖို့ အပါအဝင် မြန်မာလိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ကို ဇန်နဝါရီ ၂၃ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

Saturday, November 23, 2019

ICJ အမှု တုံ့ပြန်ရေး မြန်မာထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေး

VOA  
ဗွီအိုအေ (မြန်မာဌာန)
23 နိုဝင်ဘာ၊ 2019 


ICJ တွင် အမှုရင်ဆိုင်နိုင်ရေး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အစိုးရနှင့် စစ်တပ် ထိပ်တန်းခေါင်းဆောင်များ။ (ဓာတ်ပုံ - Myanmar State Counsellor Office, Nov 23, 2019)  

 

 
မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့အမှုကို တုံ့ပြန်မယ့် အစီအစဉ် တွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် တာဝန်ရှိသူတွေကို ဒီကနေ့ ရှင်းလင်းခဲ့ပါတယ်။

Friday, November 15, 2019

ကုလတရားရုံးမှာစွဲဆိုခံရမှု နိုင်ငံတကာဥပဒေနဲ့ အညီတုံ့ပြန် မည်ဟု မြန်မာသမ္မတရုံးတုံ့ပြန်

ဗွီအိုအေ (မြန်မာဌာန)
 မေခ
15 နိုဝင်ဘာ၊ 2019၊ 2019  
သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး
 
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာအစိုးရဘက်က ချိုးဖောက်တယ်ဆို တဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကမကထပြုပြီး ကုလသမဂ္ဂရဲ့ ပင်မ တရားရေးအဖွဲ့ကြီးဖြစ်တဲ့ ICJ - နိုင်ငံ တကာ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဥပဒေအကြာင်း အရ သင့်တော်သလို တုံ့ပြန်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

Sunday, November 10, 2019

ICC ရဲ့ တွေ့ရှိချက်အစီရင်ခံစာကို ကုလအမြဲတမ်းကိုယ်စား လှယ် ဦးဟောက်ဒိုဆွမ်းတုံ့ပြန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
 2019-11-05
 ၂၀၁၉ နိုဝင်ဘာ ၆ ရက်နေ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ၂၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်း ကို တွေ့ရစဉ်
Photo: ministry of foreign affair myanmar

                                                
 နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး ICC ၂၀၁၈-၁၉ အစီရင်ခံစာကို ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံ ၂၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ဒီလ ၄ ရက်နေ့က ဆွေးနွေးတဲ့အခါ ကုလသ မဂ္ဂ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက အဆိုမူကြမ်းကို ပယ်ချလိုက်ပြီး အတည်ပြုမယ့် ICC အစီရင်ခံစာ ဆုံးဖြတ်ချက်နဲ့ မသက်ဆိုင်တဲ့အကြောင်း တရားဝင်မှတ်တမ်းတင်ဖို့ ပြောကြားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */