Showing posts with label မြန်မာနိုင်ငံ. Show all posts
Showing posts with label မြန်မာနိုင်ငံ. Show all posts

Monday, January 4, 2021

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက် သည့် ကုလသမဂ္ဂ၏ မဲခွဲဆုံးဖြတ်မှုတွင် ရုရှားနှင့်တရုတ်က မြန်မာနိုင်ငံဘက်က ရပ်တည်

ELEVEN

4 January 2021
Ref: The Daily Star 

ဒီဇင်ဘာ ၃၁ ရက်တွင် ၇၅ ကြိမ်မြောက် ကုလအထွေထွေညီလာခံ၏ ၄၈ ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် တက်ရောက်နေစဉ်

 

ကုလသမဂ္ဂ၏ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ရိုဟင် ဂျာ အရေးကိစ္စများနှင့် စပ်လျဉ်းသည့် အဆိုပြုချက်တစ်ရပ်ကို မဲခွဲဆုံးဖြတ်ခဲ့ရာ၌ တရုတ်နှင့် ရုရှားနိုင်ငံတို့က မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့ကြပြီး အိန္ဒိယနိုင်ငံကမူ မဲမပေးဘဲ ကြားနေခဲ့သည်။

၂၀၂၀ ပြည့်နှစ်၏ နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်တွင် ၇၅ ကြိမ်မြောက် ကုလအထွေထွေညီလာခံ ၏ ၄၈ ကြိမ်မြောက် အစည်းအဝေးအတွင်း ယင်းအဆိုပြုချက်ကို မဲခွဲခဲ့ခြင်းဖြစ်သည်။

Tuesday, December 8, 2020

ဘာရှန်ချာကျွန်းပေါ်ပြောင်းတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို အရင်ဆုံးပြန်နိုင်ဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ဆို

VOM 

ဒါကာ၊ ဒီဇင်ဘာ-၈-၂၀၂၀
မျိုးဆက် (VOM)




ကော့ဘဇားဒေသရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်အတွင်းရှိ ဘာရှန်ချာကျွန်းသို့ ပြောင်းရွှေ့ထား တာ ဟာ ယာယီအစီအစဉ်သာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့တဲ့လုပ်ငန်းစဉ် စတင်ရင် ဒီကျွန်းပေါ်ကလူတွေဟာ ပထမသုတ်အဖြစ် အရင်ပြန်ရဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်က ပြောပါတယ်။

Saturday, December 21, 2019

မြန်မာနိုင်ငံ မီဒီယာလွတ်လပ်ခွင့်အဆင့် ၁၃၈ ရှိ

B B C
ဘီဘီစီ မြန်မာပိုင်း
21 ဒီဇင်္ဘာလ 2019
                                              မီဒီယာလွတ်လပ်ခွင့်ပေးဖို့ အန်အယ်လ်ဒီအစိုးရလက်ထက် ဆန္ဒထုတ်ဖော်တာတွေရှိ 

ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာတဲ့နေရာမှာအရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ မီဒီယာ လွတ် လပ်ခွင့်ဟာ ဒီ ၂၀၁၉ ခုနှစ်မှာ ဆက်လက်ကျဆင်းခဲ့ပါတယ်။

နယ်စည်းမခြားသတင်း ထောက်များအဖွဲ့ RSF က ထုတ်ပြန်တဲ့စာရင်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာက ၁၃၈ ဖြစ်ပြီး ၂၀၁၈ ကထက် အဆင့် ခြောက်ဆင့် ထပ်ကျသွားတာပါ။ မီဒီယာ လွတ်လပ်ခွင့်ဟာ ၂၀၁၃ ကနေ ၂၀၁၇ အထိ အဆင့် ၂၀ အထိ အဆင့်ဆင့်တိုးတက်လာတာကနေ ၂၀၁၈ မှာစကျဆင်းလာတာပါ။

သတင်းမီဒီယာတွေကို အာဏာပိုင်တွေက တရားစွဲဆိုဖမ်းဆီးမှုတွေရှိနေသလို အစိုးရရဲ့ ဦးစား ပေးအစီအ စဉ်တွေထဲမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထည့်မထားဘူးလို့ RSF ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါ တယ်။


လင့်၊https://www.bbc.com/burmese/50876553

Wednesday, December 11, 2019

ICJ တွင် မြန်မာနိုင်ငံကို တရားစွဲမှု စတင်ကြားနာ

7DAY DAILY
သတင်းအဖွဲ့
Wednesday, December 11, 2019

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် ပထမနေ့ကြားနာမှု၌ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ပဥပဒေပညာရှင်များကို
ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ −နိုင်ငံတော်အတိုင်ပင်ခံရုံး)
 

- ဂမ်ဘီယာရှေ့နေအဖွဲ့က ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာနှင့် မြန်မာ့လူ့အခွင့် အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်၏ အထောက်အထားများကို အဓိကကိုးကားတင်ပြ

- ဒေါ်အောင်ဆန်းစုကြည် ကြားနာပွဲတက်၊ မြန်မာနိုင်ငံ၏ရှေ့နေအဖြစ် ပါမောက္ခ ဝီလျံရှာဘတ်စ်ကို ငှားရမ်းထား

- မြန်မာနိုင်ငံတွင် ကျန်ရှိသော ဘင်္ဂါလီခြောက်သိန်းခန့်သည် ဂျီနိုဆိုက်အန္တရာယ်ကြုံနိုင်သဖြင့် ကာကွယ် တားဆီးရန်ဆိုကာ ကြားဖြတ်စီမံဆောင်ရွက်ချက်ချပေးရန် ဂမ်ဘီယာရှေ့နေအဖွဲ့က ICJ သို့လျှောက်ထား

Thursday, October 31, 2019

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ICC လုပ်ဆောင်နိုင်မယ့် အလား အလာ

VOA
ဗွီအိုအေ (မြန်မာဌာန)
31 အောက်တိုဘာ၊ 2019
အင်ကြင်းနိုင်
ရခိုင်ပြည်နယ် Tula Toli အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကနေ အသက်ရှင် လွတ်မြောက်လာသူများ။ ဓာတ်ပုံ - Human Rights Watch 

၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာလုံခြုံရေး တပ်တွေရဲ့ နယ်မြေရှင်း လင်းရေး အတွင်း အဆိုးရွားဆုံး ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တခုအဖြစ် စွပ်စွဲခံထားရတဲ့ တူလာတူလီ (Tula Toli) ရိုဟင်ဂျာ ရွာလုံး ကျွတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ အသက်မသေဘဲ လွတ်မြောက်လာသူတွေထဲက ၈၆ ဦးကနေ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို အောက်တိုဘာလ နှောင်းပိုင်းက အမှုလျှောက်ထား တင်သွင်းခဲ့ ကြောင်း ICC ခုံရုံးက အများပြည်သူသိအောင် ထုတ်ပြန်ထားပါတယ်။

Friday, July 19, 2019

ရိုဟင်ဂျာအရေး ICC စုံစမ်းမှုနဲ့ မြန်မာနိုင်ငံ

VOA 
19 ဇူလိုင်၊ 2019
ကိုဇော်ဝင်းလှိုင်



မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ စုံစမ်းစစ် ဆေးမှုတွေ တတ်နိုင်သလောက် ပြုလုပ်နိုင်ဖို့ အခုလို တောင်းဆိုတာလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာ တွေ အပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းခွင့်ပြုရေး ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ICC နိုင်ငံတကာရာဇ၀တ်ခုံရုံးရဲ့ လက် ထောက် တရားလိုရှေ့နေ James Stewart က ပြောပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင် ကတင် ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */