Showing posts with label ဦးအေးသာအောင်. Show all posts
Showing posts with label ဦးအေးသာအောင်. Show all posts

Monday, May 13, 2019

တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

မြန်မာ့အလင်း
စစ်တွေ မေ ၁၂

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက် အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြုကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေး သာအောင် တက်ရောက်၍ ထောက်ပံ့ပေးအပ်သည်။

Saturday, May 11, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူ ပြုကော်မတီ ဥက္ကဋ္ဌ စစ်တွေမြို့သို့ ရောက်ရှိ

မြန်မာ့အလင်း
စစ်တွေ မေ ၁၀ 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

Wednesday, April 10, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီ စစ်တွေမြို့ကို ကွင်းဆင်းတွေ့ဆုံ

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုကျော်လွင်ဦး
2019-04-10
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ၂၀၁၉၊ ဧပြီ ၁၀ ရက်နေ့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်


အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အ ထောက်အကူပြုကော်မတီဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ် စားလှယ်တွေနဲ့ ဒီနေ့ သီးခြားစီ တွေဆုံခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */