Showing posts with label ဦးစည်သူအောင်မြင့်. Show all posts
Showing posts with label ဦးစည်သူအောင်မြင့်. Show all posts

Friday, February 21, 2020

အိုင်စီအိုအီးအစီရင်ခံစာ နိုင်ငံတကာအသိုင်းအဝိုင်းကြား သက်ရောက်မှုရှိနိုင်မလား

Frontier
MYANMAR
အေအက်ဖ်ပီ
Friday, February 21, 2020
စည်သူအောင်မြင့်

ကော်မရှင်၏ ပထမဆုံး ရခိုင်ခရီးစဉ်တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ မစ္စ ရို ဆာရီယို မယ်နာလိုက ၂၀၁၈ ဩဂုတ် ၃၁ ရက် စစ်တွေလေဆိပ်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်။ ဓာတ်ပုံ

နိုင်ငံတကာဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့၊ နိုင်ငံတော်ကခန့်အပ်တာဝန်ပေးထားတဲ့ ကော်မရှင်က တပ်မ‌‌တော်အနေနဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ထုတ်ရေးသားလိုက်ပါတယ်။

Monday, February 17, 2020

လူ့အခွင့်အရေး မြန်မာ့ဂုဏ်သိက္ခာ ပြန်မြှင့်တင်ဖို့

VOA
ဗွီအိုအေ (မြန်မာဌာန
ဒေါ်ခင်မျိုးသက်
17 ဖေဖော်ဝါရီ၊ 2020
မြန်မာ့အရေးလေ့လာသူ ဦးမောင်မောင်စိုး၊ သတင်းစာဆရာ ဦးစည်သူအောင်မြင်တို့နဲ့ ဒေါ်ခင်မျိုးသက်

ရခိုင်ဒေသ လူ့အခွင့်အရေးပြဿနာကြောင့် နိုင်ငံတကာမှာ မြန်မာနာမည်ပျက်နေတာတွေကိုဖြေဖျောက်နိုင် ဖို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားသလဲဆိုတဲ့ နိုင်ငံရေးစကားဝိုင်းကို မြန်မာ့အရေးလေ့လာသူ ဦးမောင် မောင်စိုး၊ သတင်းစာဆရာ ဦးစည်သူအောင်မြင်တို့နဲ့ ဒေါ်ခင်မျိုးသက် ဆွေးနွေးတင်ဆက်ထားပါတယ်။

Monday, December 30, 2019

၂၀၂၀ ရခိုင်ပြည်နယ်မှာ ဘာဆက်ဖြစ်မလဲ

ဗွီအိုအေ (မြန်မာဌာန)
ပြည်တွင်းသတင်းသုံးသပ်ချက်
ဦးစည်သူအောင်မြင့်
30 ဒီဇင်ဘာ၊ 2019

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမှာ လုံခြုံရေးကင်းလှည့်နေတဲ့ မြန်မာတပ်ဖွဲ့ဝင်များ (စက်တင်ဘာလ ၂၇၊ ၂၀၁၇) 
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ တပ်မတော်နဲ့ AA ရခိုင်တပ်ဖွဲ့တိုက်ပွဲတွေဖြစ်လို့  ရွာသား နှစ်ထောင်ကျော်လောက် ထွက်ပြေးပြီး ဒုက္ခသည် စခန်းတွေမှာ သွားခိုလှုံကြရပါတယ်။ ဒါဟာ ၂၀၁၉ ကုန်ချိန်အထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွား နေတာကို ပြသလိုက်တာ ဖြစ်ပြီး ဒုက္ခသည် အရည်အ တွက်ကလည်း တစ်သိန်းနီးပါး ရောက်လာပြီလို့ ကူညီနေတဲ့ အဖွဲ့တွေက ဆိုပါတယ်။ ၂၀၁၆-၁၇ ခုနှစ် ကတည်း က ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားတဲ့ သန်းတစ်ဝက်ကျော် ရှိမယ့် မူ လဆင် ဒုက္ခသည်တွေလည်း မြန် မာနိုင်ငံထဲ ပြန်ဝင်မလာကြသေးပါဘူး။ အဲဒီအစား စစ်တွေ ဒုက္ခသည် စခန်းမှာ ပိတ်မိနေတဲ့ မူဆလင် ဒုက္ခသည် တွေ ရခိုင်ပြည်နယ် ပြင်ပ မြန်မာနိုင်ငံ အတွင်းပိုင်းကို ခိုးဝင်ချိန် ဖမ်းဆီးခံရမှုတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ နဂို ရှိနေပြီးသား ပြသ နာတွေ ပြေငြိမ်းမသွားတဲ့ အပြင် ပြသနာတွေ ပဋိပက္ခ တွေ တစ်ခုပြီး တစ်ခု တိုးလာနေတာပဲ တွေ့ကြ ရပါ တယ်။ လာမယ့် ၂၀၂၀ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ရခိုင်ပြည်နယ် အတွက် ရော၊ မြန်မာနိုင်ငံ အတွက်ပါ စိုးရိမ်ပူပန်ဖို့ ကောင်းတဲ့ အနေ အထားမျိုးပါ။ အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

Wednesday, October 23, 2019

ဘင်္ဂလားဒေ့ရှ်ရောက် မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင် ကြပါဦးမလား

Frontier
MYANMAR
Wednesday, October 23, 2019
စည်သူအောင်မြင့် ရေးသားသည်။


ဒုက္ခသည်တွေ နေရပ်ကိုဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးမှာ အပြုသဘောဆောင်ဖြေရှင်းနည်းလိုအပ်သလို နိုင်ငံရေးကစားတာမျိုး မလုပ်ကြဖို့လည်း လိုပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်မှာ အာဆာအဖွဲ့ ARSA က အကြမ်းဖက် တိုက်ခိုက်မှု လုပ်ခဲ့တာ ၃ နှစ် ပြည့်ခဲ့ပါပြီ။

Wednesday, July 31, 2019

ဒုက္ခသည်များနေရပ်ပြန်ရေး (တိုက်ရိုက်လေလှိုင်း)

VOA  
ဗွီအိုအေ (မြန်မာဌာန)
တိုက်ရိုက်လေလှိုင်း
31 ဇူလိုင်၊ 2019
သားညွန့်ဦး
This picture taken on October 10, 2012 shows an elderly Muslim Rohingya man pictured outside his tent at the Dabang Internally Displaced Persons (IDP) camp, located on the outskirts of Sittwe, capital of Myanmar's western Rakhine state. More than 50,000 

ဇူလှိုင် ၃၁၊ ၂၀၁၉။ ဘင်္ဂလားဒေ့ရ်ှမှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ နေရပ်ပြန်ရေးအစီအစဉ် အ တွက် မြန်မာနိုင်ငံခြားရေးဌာန ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို သွားရောက်ပြီး ဒုက္ခ သည်တွေ နဲ့ရော ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတကာဖိအားကြုံနေရတဲ့ ရိုဟင်ဂျာ အရေး နဲ့ ပတ်သက်လို့ ဒုက္ခသည်တွေနေရပ်ပြန်ရေး လုပ်ငန်းစဉ်တွေမစနိုင်သေးတာကြောင့်လည်း နှစ်နိုင်ငံအကြား မှာ အပြန်အလှန်အပြစ်တင်မှုတွေရှိခဲ့ပါတယ်။

Monday, July 29, 2019

မူဆလင် ဒုက္ခသည်တွေ ပြန်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည် ပေါ်လာနိုင်မလား

VOA
ဗွီအိုအေ (မြန်မာဌာန
ပြည်တွင်းသတင်းသုံးသပ်ချက်
29 ဇူလိုင်၊ 2019
ဦးစည်သူအောင်မြင့်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ (ဇူလိုင် ၂၈၊ ၂၀၁၉)

နှစ်နိုင်ငံ သဘောတူညီချက်ရတာ နှစ်နဲ့ချီရှိခဲ့ပေမယ့် တကယ် လက်တွေ့ လုပ်ငန်းစဉ် မစတင်နိုင်သေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်ပို့မယ့် ကိစ္စ လာမယ့်စက်တင်ဘာ မှာ အကောင် အထည် ဖော်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူမိုမင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က မြို့တော် ဒက္ကားမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း သူက သတင်း ထောက်တွေကို အဲဒီလို ပြောလိုက်တာပါ။ ဒါဟာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က အဓိက တာဝန်ရှိသူတစ်ယောက် အနေနဲ့ မူဆလင်တွေ ပြန်လာရေး အကောင်းမြင် သဘော ပထ မဦးဆုံး အကြိမ် ပြောတာလည်း ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်ကတော့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အပါအဝင် ဘင်္ဂ လားဒေ့ရှ် တာဝန်ရှိသူတွေဟာ ဒုက္ခသည်တွေ ပြန်ပို့ရေး၊ အကောင်အထည် ပေါ်မလာတဲ့ကိစ္စ မြန်မာ အစိုးရ ဘက်ကိုပဲ အပြစ်တင်နေခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ သူတို့အနေနဲ့ နှစ်နိုင်ငံ သဘော တူ ညီချက်တွေနဲ့အညီ ထွက်ပြေးသွားသူတွေ ပြန်လက်ခံဖို့ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ဆန်းပိုင်းကတည်းက အဆင်သင့် ဖြစ်နေပြီ၊ တကယ် မစတင်နိုင်သေးတာ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြန်မပို့လို့ ဆိုပြီး ငြင်းဆိုနေခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် ထဲ ရောက်သွားတဲ့ မူဆလင် ဒုက္ခသည်တွေ နေရပ်ပြန်ရေး လုပ် ငန်းစဉ် စတင်နိုင်တော့ မ လား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။

Monday, November 21, 2016

( 21.11.2016 ) စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်နေရ တဲ့ မြန်မာ့တပ်မတော်

VOA
ဗွီအိုအေ (မြန်မာဌာန)
ပြည်တွင်းသတင်းသုံးသပ်ချက်
ဦးစည်သူအောင်မြင့်
21 နိုဝင်ဘာ၊ 2016 
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ မောင်တောမြို့နယ် ကျီးကန်ပြင်ကျေးရွာအနီး တံတားမှာ လက်လုပ်ဗုံး ပေါက်ကွဲမှုကို စစ်ဆေးနေစဉ် (နိုဝင်ဘာလ ၂၀၁၆ ခုနှစ်) ဓါတ်ပုံ- MOI
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က အစိုးရ ဟာ နိုင် ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော် မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတော် သမ္မတရုံး ရဲ့ အဲဒီ ကော်မတီ ဖွဲ့စည်းကြောင်း သ တင်းထုတ်ပြန် ချက်ထဲမှာ “ရခိုင်ပြည်နယ်အ တွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်း များ ဆောင်ရွက်နိုင်ရန်အတွက်” ဆိုပြီး ဖော်ပြထား ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */