Showing posts with label ဦးကိုကိုလှိုင်. Show all posts
Showing posts with label ဦးကိုကိုလှိုင်. Show all posts

Tuesday, September 5, 2023

ရိုဟင်ဂျာ ခုနစ်ထောင် ပြန်လက်ခံမယ်လို့ စစ်ကောင်စီပြော

RFA
RFA Burmese
2023.09.05

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များက လူမျိုးတုံးသတ်ဖြတ်မှု (၆) နှစ်မြောက်နေ့ အထိမ်းအမှတ် ကျင်းပစဉ်။ TANBIR MIRAJ / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက လူပေါင်း ခုနစ်ထောင်ကို အခုနှစ်အ တွင်း ပြန်လည်လက်ခံသွားမှာဖြစ်ပြီး လက်ခံရေးအစီအစဉ်ကို လာမဲ့ မိုးရာသီအကုန်မှာ ပြန်လည်လက်ခံဖို့ စီစဉ်နေ တယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဒီနေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ပြောပါတယ်။

Wednesday, February 8, 2023

မောင်တောရှိ ဒုက္ခသည်ပြန်လည်လက်ခံရေးစခန်းများသို့ စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်နှင့်အဖွဲ့ သွားရောက်

DVB
၀၇ ဖေဖော်ဝါရီ၊ ၂၀၂၃


စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မနက်က ရခိုင်ပြည်နယ် တောင်ပြိုပြန်လည်လက်ခံရေးစခန်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်းနဲ့ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်လေ့လာခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

အဓိက ပြန်လည်လက်ခံရေးဆောင်ရွက်မယ့် IDP camp တွေဖြစ်တဲ့ တောင်ပြို၊ ငါးခူရ၊ လှဖိုးခေါင် စတဲ့စခန်းတွေကို သွားရောက်လေ့လာတာလို့ ဒေသခံတာဝန်ရှိသူတဦးက ပြောပါတယ်။

Monday, February 6, 2023

ရိုဟင်ဂျာတွေအရေး စစ်ကောင်စီပြင်ဆင်

B B C

ဘီဘီစီမြန်မာပိုင်း
2023-02-06
စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ စစ်တွေရောက်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေး အပါအဝင် ကိစ္စရပ်တွေ အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ပြည် ထောင် စုဝန်ကြီး အဖွဲ့ ရခိုင်ပြည်နယ်မှာ ရောက်နေပါတယ်။

Thursday, July 21, 2022

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွဲချက် - အိုင်စီဂျေ တရားရုံး ဘယ်လို ဆုံးဖြတ်မလဲ

BBC
၂၁ ဇူလိုင် ၂၀၂၂ 

၂၀၂၂ ဖေဖော်ဝါရီလက အိုင်စီဂျေ တရားရုံးမှာ ကြားနာစဉ်
 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုမှာ မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက်နဲ့ ပတ်သက်ပြီး အိုင်စီဂျေတရားရုံးက ဇူလိုင်လ ၂၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချတော့မှာ ဖြစ်ပါတယ်။

Wednesday, February 23, 2022

ရိုဟင်ဂျာအမှု ဂမ်ဘီယာရဲ့လျှောက်လဲချက် ဒီနေ့တင်သွင်း မည်

RFA
လွတ်လပ်တဲ့အာရှအသံ
2022.02.22 

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာအရေး ကြားနာစစ်ဆေးစဉ်။
Photo: Ministry of Foreign Affairs Myanmar


မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီ ယာ နိုင်ငံက မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှု ကြားနာစစ်ဆေးမှုကို ဒုတိ ယနေ့အဖြစ် ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်တွေကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ဒီနေ့တင်ပြမှာပါ။

ဒီအမှုကို အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တာဖြစ် ပြီး နိုင်ငံ အနေနဲ့ပဲ အခြားတစ်နိုင်ငံကို တရားစွဲဆိုခွင့် ရှိတဲ့အတွက် ICJ တရားရုံးအနေနဲ့ စစ်ဆေးစီရင်ခွင့် မရှိကြောင်း မြန်မာဘက်က ရှေ့နေတွေက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကြားနာစစ်ဆေးမှုမှာ လျှောက်လဲ ချက် ပေးခဲ့ပါတယ်။

Tuesday, February 22, 2022

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေ နောက်ထပ်ကြားနာမှု စတင်

B B C

ဘီဘီစီမြန်မာပိုင်း
၂၁ ဖေဖော်ဝါရီ ၂၀၂၂

မြန်မာဘက်က ရှေ့နေအဖွဲ့က ကန့်ကွက်ချက်တွေကို တင်ပြလျှောက်လဲ
[ Unicode ]
 
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ရဲ့ လျှောက်လဲ တင်ပြချက်တွေကို နောက်ထပ် ကြားနာမှု ဒီနေ့ စတင်နေပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တ ရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့် ကွက် မှုတွေနဲ့ပတ်သက်ပြီး ICJ က ကြားနာနေတာ ဖြစ်ပါတယ်။

မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေ မှာ နောက်ထပ်ကြားနာမှု စတင်

B B C

ဘီဘီစီမြန်မာပိုင်း
21 ဖေဖော်ဝါရီ 2022


ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေမှာ နောက်ထပ်ကြားနာမှု စတင်

[ Unicode ]
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တ ရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့် ကွက် မှုတွေနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ကြားနာ နေတာ ဖြစ်ပါတယ်။

Friday, February 18, 2022

ICJ နိုင်ငံတကာတရားရုံးမှာ ခုခံချေပဖို့ မြန်မာကိုယ်စား လှယ်အဖွဲ့ထွက်ခွာ

VOA 

ဗွီအိုအေ (မြန်မာဌာန)
18 ဖေဖော်ဝါရီ၊ 2022 

FILE - The building of the International Court of Justice (ICJ) is seen in The Hague, Netherlands, Dec. 9, 2019

ICJ နိုင်ငံတကာတရာရုံးမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့ အမှုအတွက် နိုင်ငံတကာ ရှေ့နေအသစ်ငှားထားတယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေ ကို ပြောပါတယ်။ ရှေ့နေအသစ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မပြောပေမယ့် အရင်ရှေ့နေအဖွဲ့ က နုတ်ထွက်သွားသူအ စား ရှေ့နေသစ်နဲ့ အရင်ရှေ့နေအဖွဲ့ထဲက ၂ ယောက်တို့ အတူခုခံချေပသွားမယ်လို့ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်စတင်မယ့် တရားရုံးကြားနာပွဲအတွက် စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦး ဆောင် တဲ့အဖွဲ့လည်း Netherlands နိုင်ငံ The Hague မြို့ကို ထွက်ခွာသွားပြီလို့ပြောပါတယ်။ ရန်ကုန်က လာ တဲ့ သတင်းအပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အိုင်စီဂျေမှာတရားရင်ဆိုင်ဖို့ စစ်ကောင်စီ ကိုယ်စားလှယ် အဖွဲ့ သည်ဟိဂ်ကို ထွက်ခွာ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ရက် ဖေဖေါ်ဝါရီ ၂၀၂၂
 

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှုကို ရင်ဆိုင်ဖို့ အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးဒေါက်တာသီတာ ဦး တို့ ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ထွက်ခွာသွားပြီလို့စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

Thursday, February 17, 2022

ICJ အမှုအတွက် ဦးကိုကိုလှိုင်နဲ့ ဒေါ်သီတာဦးတို့ကို စစ် ကောင်စီခန့်ထား

RFA
Radio Free Asia
2022.02.17 

(ဝဲ မှ ယာ) စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦး။
Photo: Myanmar Military 

နိုင်ငံတကာတရားရုံး ICJ မှာ အမှုရင်ဆိုင်ဖို့ စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန် ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စု ရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ခန့်အပ်ထားကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြလိုက်ပါတယ်။

Thursday, May 24, 2012

2-သမတ အကြံပေး ကိုကိုလှိုင် ဖြုတ်ဦးနှောက်က ထွက်လာ တဲ့ အကြံ




သမတရဲ့ နိုင်ငံရေးအကြံပေးအဖွဲ ့ ခေါင်းဆောင် ကိို ကိုလှိုင် အကြောင်း စပြီးပြောပြဖို့ ဖေါ်ပြဖို့ လို ပါပြီ။ ဒီ နိုင် ငံရေးအကြံ ပေးအဖွဲ့ ခေါင်းဆောင် ကို ကို လှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့် ဖူး သူတွေ ကတော့ မြင်တွေ့ မှာပါ။ နိုင်ငံတ ကာ ရေး ရာတွေကို မစားရဝခမန်း လျှာအရိုး မရှိတဲ့ အ တိုင်း ပြောနေ သူတဦးဆိုတာကို။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */