Showing posts with label ဥပဒေပညာရှင်. Show all posts
Showing posts with label ဥပဒေပညာရှင်. Show all posts

Friday, January 24, 2020

ICJ ဆုံးဖြတ်ချက်အပေါ် ဥပဒေပညာရှင် Michael Becker အမြင်

 ဗွီအိုအေ (မြန်မာဌာန)
24 ဇန်နဝါရီ၊ 2020
အင်ကြင်းနိုင်

ICJ နိုင်ငံတကာ တရားရုံးက ကြားဖြတ်အရေးယူ စီမံဆောင်ရွက်ချက်တွေ အမိန့် ချမှတ်လိုက်တာကို ကြည့် ရင် တရားရုံး စီရင်ပိုင်ခွင့်အပေါ် မြန်မာရဲ့ကန့်ကွက်ချက် ရှေ့ဆက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာ အခိုင် အမာပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။ Michael Becker ဟာ ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၀- ၂၀၁၄ခုနှစ်ထိ လက်ထောက် ဥပဒေအရာရှိ အဖြစ် လေးနှစ် ကြာလုပ်ခဲ့သူဖြစ်ပြီး၊ မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာသဘော တူစာချုပ် နဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ၂၀၁၈ ခုနှစ်က ရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ် ဥပဒေဘာသာရပ်ဌာန လက် ထောက်ပါမောက္ခဖြစ်တဲ့ Mr. Becker နဲ့ မအင်ကြင်းနိုင်က Skype ကနေ သီး သန့် ဆက်သွယ်မေးမြန်းထားပါတယ်။
Link  : Here

Friday, December 13, 2019

မြန်မာ ICJ ချေပချက်အပေါ် နိုင်ငံတကာ ဥပဒေပညာရှင် အမြင်

VOA 
ဗွီအိုအေ (မြန်မာဌာန)
13 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker နှင့် VOA အင်တာဗျူး 
 
 မြန်မာကို အမှုဖွင့်တိုင်ကြားချက်နဲ့ပတ်သက်လို့ ICJ တရားရုံးအနေနဲ့ ပယ်ဖျက်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက် အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့က နောက်ဆုံး လျှောက်လဲချက်တွေဟာ ICJ တရားသူကြီးတွေ လက်ခံစဉ်းစားဖို့ အတွက် ထိရောက်လွှမ်းမိုးနိုင်မှု မရှိခဲ့ဘူး လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။

Saturday, November 23, 2019

မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ ၏ အရေးယူဆောင်ရွက်ချက်များ

ဧရာဝတီ
ရှောင်ဘိန်း
23 November 2019
၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း နယ်ခြားကို ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသူ အမျိုးသမီးတဦး / Reuters

မြန်မာနိုင်ငံရှိဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် နိုင်ငံတကာဥပဒေအရ အလွန်လေးနက်သော ရာ ဇဝတ်မှုများပါဝင်နိုင်ပြီး နိုင်ငံတကာအသိုင်းအဝန်းမှ အလေးထားရမည့် ကိစ္စတရပ်ဖြစ်ပေသည်။ သို့ရာတွင်လက် ရှိ အစိုးရ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရေးပြုလုပ်ခြင်းနှင့် တရားစွဲအရေးယူခြင်းဖြင့် နိုင်ငံတ ကာဥပဒေနှင့် စံနှုန်းများနှင့်အညီ တာဝန်ယူ တာဝန်ခံမှုရှိစေရန်နှင့် ဥပဒေအရ ပြန်လည်ကုစားမှု ပေးနိုင်ရန် ဖော်ပြပါရာဇဝတ်မှုများကို အရေးယူဆောင်ရွက်ရမည့် အစိုးရတရပ်၏ တာဝန်များကို ပျက်ကွက်လျက် ရှိပါ သည်။ ထိုအခြေအနေကို တုံ့ပြန်သည်အနေဖြင့် နိုင်ငံတကာမှ မြန်မာနိုင်ငံအား တရားရေးရာဆောင် ရွက်မှု အချို့သည် အရှိန်တခုရ လာနေပြီ ဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */