Showing posts with label အောက်လွှတ်တော်. Show all posts
Showing posts with label အောက်လွှတ်တော်. Show all posts

Sunday, February 28, 2021

မြန်မာ့အရေးဆုံးဖြတ်ချက် ကန်အောက်လွှတ်တော် နိုင်ငံ ခြားရေးကော်မတီ အတည်ပြု

VOA
ဗွီအိုအေမြန်မာပိုင်း
28 ဖေဖော်ဝါရီ၊ 2021
                                              Ohio ပြည်နယ် အောက်လွှတ်အမတ် Steve Chabot                                                

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချ အရေးယူဖို့နဲ့ ဖမ်းဆီးထားသူ အား လုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်က နိုင်ငံခြားရေး ရာကော်မတီကအတည် ပြုလိုက်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့ အမေရိကန် အောက်လွှတ်တော်မှာ ဥပဒေကြမ်းတင်သွင်း

VOM 
မျိုးဆက်(VOM)
ဝါရှင်တန်၊
ဖေဖော်ဝါရီ-၂၆-၂၀၂၁
Photo: White House

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးပြစ်တင်ရှုတ်ချဖို့နဲ့ တာဝန်ရှိသူတွေအပေါ် အရေးယူ နိုင် ဖို့အတွက် မြန်မာ့ဒီမိုကရေစီကာကွယ်ပေးရေ ဥပဒေကြမ်း (Protect Democracy in Burma Act of 2021) ကို အမေရိကန်အောက်လွှတ်တော်မှာ ဖေဖော်ဝါရီ ၂၅ ရက်က တင်သွင်းလိုက်ပါတယ်။

Wednesday, September 25, 2019

မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်း ၂ရပ် ကန် အောက်လွှတ် တော်အတည်ပြု

VOA
 ဗွီအိုအေ (မြန်မာဌာန)
25 စက်တင်ဘာ၊ 2019 
အင်ကြင်းနိုင်
 BURMA Act ၂၀၁၉ ဥပဒေမူကြမ်းပြင်ဆင်ချက်ကို အမေရိကန် အောက်လွှတ်တော်မှာ ထောက်ခံမဲ ၆၃မဲ၊ ကန့်ကွက်မဲ ၁၅ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ (စက်တင်ဘာလ ၂၄၊ ၂၀၁၉)
 
ဒီဥပဒေကြမ်းမှာ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ပြစ်မှုကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေ၊ အရေးယူ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်သူတွေ အပေါ် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ဆို့အရေး ယူမှာဖြစ်ပါတယ်။ 

Wednesday, July 24, 2019

မြန်မာလူ့အခွင့်အရေးအခြေအနေ အောက်လွှတ် တော်မှာ AI အစီရင်ခံမည်

VOA
 ဗွီအိုအေ (မြန်မာဌာန
24 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
အရှေ့တောင်အာရှဒေသတွင်း လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ မနက်ဖြန် ကြာသပတေးနေ့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ ကြားနာပွဲပြုလုပ်ဖို့ ရှိနေပါတယ်။ အဲဒီမှာ မြန်မာ စစ်ဗိုလ်ချုပ် တွေကို ဘက်ပေါင်းစုံပါဝင်တဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုကိုပါ အမေရိကန်လွှတ်တော်က ချမှတ် အေ ရး ယူဖို့ အကြံပြုတင်ပြဖို့ရှိနေကြောင်း ကိုယ်တိုင် ထွက်ဆိုမယ့်သူဖြစ်တဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာ ခွင့်အဖွဲ့ကြီးရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme က ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ အခုလို စပြောပါတယ်။

Friday, June 21, 2019

မြန်မာတပ်မတော်ကို ပိုမို ပိတ်ဆို့ဖို့ ကန် အောက်လွှတ် တော်ကော်မတီ သဘောတူ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-06-21
အမေရိကန်လွှတ်တော် အဆောက်အဦးပုံ 

တိုင်းရင်းသားလူနည်းစုတွေကို ရက်စက်စွာဖိနှိပ်မှုအတွက် မြန်မာ့တပ်မတော်ကို ပိတ်ဆို့မှုအသစ်တွေ ချ မှတ် ဖို့ အဆိုပြုချက်ကို ပါတီ နှစ်ရပ်လုံးက အမတ်တွေပါဝင်တဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော် မတီက ကြာသပတေးနေ့မှာ ထောက်ခံ လိုက်ပါတယ်။ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် အမတ် Eliot Engel အယ်လီယော့ အန်ဂယ်လ် နဲ့ အိုဟိုင်းယိုးပြည်နယ် အမတ် Steve Chabot စတိဗ် ရှား ဘတ်တို့ ကမကထပြုတဲ့ ဒီအဆိုပြုချက်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တပ်မတော်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ နေရပ်က မောင်းထုတ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ခေါင်း ဆောင် တွေကို ကုန်သွယ်ရေး၊ ခရီးသွားလာရေးနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုတွေ ပြဌာန်းဖို့ တောင်းဆိုထား ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */