Showing posts with label အလှူငွေ. Show all posts
Showing posts with label အလှူငွေ. Show all posts

Friday, September 23, 2022

ရိုဟင်ဂျာတွေအတွက် ကန် စာနာမှုအကူ ဒေါ်လာ သန်း ၁၇၀ ကျော်ပေးမည်

VOA
ဗွီအိုအေမြန်မာပိုင်း
၂၃ စက်တင်ဘာလ ၂၀၂၂

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် ပြည်တွင်း၊ ပြည်ပက ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် နောက်ထပ် ဒေါ်လာသန်း ၁၇၀ ကျော်ပေးအပ်မယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။

အခုနောက်ဆုံး ပေးအပ်မယ့် အကူအညီနဲ့ပါဆိုရင် ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ အမေရိကန်က ထောက်ပံ့နေတာ ၁.၉ ဘီလီယံနီးပါး ရှိနေပြီလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

Thursday, May 23, 2019

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကနေဒါ ဒေါ်လာ သန်း ၁၀၀နီးပါး ကူမည်

VOA
23 မေ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ရိုဟင်ဂျာဒုက္ခသည်များ
 
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် ကနေဒါနိုင်ငံက ကနေဒါ ဒေါ်လာသန်း ၁၀၀ နီးပါးပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အားလုံးအတွက် သာယာ ဝပြောတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ ထောက်ပံ့ကူညီတာဖြစ်တယ်လို့ နိုင်ငံတကာဖွံ့ဖြိုး မှုဆိုင်ရာ ကနေဒါလွှတ်တော်အမတ် Kamal Khera က ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Thursday, May 2, 2019

ကမ္ဘောဒီးယားက ရခိုင်ပြည်နယ်အတွက် ကန်ဒေါ်လာ ကိုးသောင်း လှူဒါန်း

မဇ္ဈိမ သတင်း
02 May 2019
By ဇေယျာမော်

ဓာတ်ပုံ - AFP
ရန်ကုန် ၊ မေ ၂ ။ ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် ကမ္ဘောဒီးယားက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ကိုးသောင်း လှူဒါန်းလိုက်သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ကမ္ဘောဒီးယား နိုင်ငံ ခရီးစဉ် အတွင်း၌ လှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။

Saturday, April 6, 2019

ရခိုင် စစ်ဘေးရှောင်အတွက် အလှူခံနေသည့်အဖွဲ့ကို ရဲတပ်ဖွဲ့ တားမြစ်

DVB
By ဒီဗွီဘီ
6 April 2019

ရခိုင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အလှူခံနေတဲ့ မျိုးဆက်ရင်းသွီးပရဟိတ လူငယ်များ အသင်းကို ရဲတပ်ဖွဲ့တွေက လာရောက်တားမြစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Friday, February 15, 2019

ရိုဟင်ဂျာတွေအတွက် အမေရိကန်က ဒေါ်လာသန်း ၆၀ ထပ်မံကူညီမည်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-02-15
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ သန်း ၆၀ ထောက်ပံ့ကူညီပေးမယ်လို့ မနေ့က ကြေညာပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */