Showing posts with label အရေးယူရန်. Show all posts
Showing posts with label အရေးယူရန်. Show all posts

Tuesday, September 17, 2019

လူ့အခွင့်အရေး ချိုးဖောက်တဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ယန်ဟီလီ တိုက်တွန်း

VOA 
ဗွီအိုအေ (မြန်မာဌာန)
17 စက်တင်ဘာ၊ 2019
အင်ကြင်းနိုင်
လူ့အခွင့်အရေးကောင်စီ ညီလာ ခံမှာ အစီရင်ခံစာ တင်သွင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူကိုယ်စားလှယ် ယန်ဟီလီ
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို အရေးယူ အပြစ်ပေးနိုင်မှသာ တိုင်းရင်းသား လူ နည်းစုတွေ အပေါ် စစ်တပ်ရဲ့ညှင်းပမ်းနှိပ်စက်မှုတွေကို အဆုံးသတ်စေမှာဖြစ်ပြီး ရိုဟင်ဂျာတွေ ဌာနေပြန် ရေး အစီအစဉ် အောင်မြင်ဖို့ သော့ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စား လှယ် ယန်ဟီလီက ပြောကြားလိုက်ပါတယ်။

Tuesday, August 6, 2019

ကမ္ဘောဇနဲ့မက်စ်မြန်မာကုမ္ပဏီတွေ ကိုရာဇဝတ် ကြောင်းရအရေးယူဖို့ကုလစုံစမ်းရေးအဖွဲ့ပြော

B B C
ဘီဘီစီ မြန်မာပိုင်း
5 ဩဂုတ် 2019

မြန်မာနိုင်ငံက ထိပ်တန်းစီးပွားရေး ကုမ္ပဏီ ကြီးတွေဖြစ်တဲ့ ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နဲ့ မက်စ်မြန်မာကုမ္ပဏီ အုပ်စု (Max Myanmar) ကုမ္ပဏီနှစ်ခုစလုံးကိုရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပြီး လိုအပ်ပါက တရားစွဲဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က သြဂုတ်လ ၅ ရက်နေ့ ထုတ်ပြန်တဲ့အစီရင်ခံ စာမှာ ဖော်ပြလိုက်ပါတယ်။

ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နဲ့ မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar)တို့ဟာ မြန်မာနိုင်ငံမှာ ဘဏ်လုပ် ငန်း၊ အာမခံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း အပါအဝင်လုပ် ငန်း ပေါင်း များစွာ ပိုင်ဆိုင်တဲ့ ကုမ္ပဏီအုပ်စုကြီးတွေဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ စတင်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာ မှာမြန်မာနိုင်ငံက ကုမ္ပဏီများနဲ့ အဖွဲ့အစည်းပေါင်း ၄၅ ခုက မြန်မာ့တပ်မတော်ကို ဒေါ်လာ ၁၀ သန်းကျော်တန် အလှူငွေများ ပေးခဲ့တယ်လို့ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ် ။

ဒီကုမ္ပဏီတွေဟာ မြန်မာ ဘင်္ဂလားဒေရှ် နယ်စပ် ခြံစည်းရိုးကာဖို့ငွေကြေးထောက်ပံ့ ခဲ့တာဖြစ်ပြီးတော့ ဒီလို ကာတဲ့ အတွက် အိုးအိမ်မဲ့ ရိုဟင်ဂျာတွေ သူတို့နေရာပြန်ဖို့တားဆီးထားတာဖြစ်သလို အဲဒါကြောင့် လည်း သူတို့ကို ပူပန်သောကတွေ စိတ်ဆင်းရဲမှုတွေ ဖြစ်စေတယ် လို့လည်းအစီရင်ခံစာ ကဖော်ပြပါတယ်။

"မြန်မာနိုင်ငံမှာ စစ်တပ်ဟာ အဓိကပြဿနာလို့ တွေ့ရှိတဲ့အတွက် အခုလိုတိုက်တွန်းရတာပါ။ နိုင်ငံတကာဥပဒေအောက်မှာ ကြီးမားတဲ့ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ အရင်းအမြစ်က တပ်မတော်ဖြစ်တယ်" လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အဖွဲ့ဝင် မစ္စတာ ခရစ်စီဒိုတီက ပြောပါတယ်။
 

Link : Here

တပ်မတော်အပါအဝင် ကုမ္ပဏီတချို့ကို အရေးယူပိတ် ဆို့ဖို့ UN အချက်အလက်ရှာဖွေရေးမစ်ရှင် ထုတ်ပြန်

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-08-05
 မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရုစ်မန်း (Marzuki Darusman) ကို ၂၀၁၉၊ သြဂုတ် ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်  Photo: ASSOCIATED PRESS                                       
မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချခွင့်ပိတ်ဖို့ အပါအဝင် တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး ကုမ္ပဏီတွေကိုပါ ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်က ဒီနေ့ အစီရင် ခံစာထုတ်ပြန်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */