Showing posts with label ဘူးသီး‌တောင်. Show all posts
Showing posts with label ဘူးသီး‌တောင်. Show all posts

Saturday, October 11, 2025

ရခိုင်ပြည်နယ်ရှိ မြို့ (၁၇) မြို့များ၏ ရာဇဝင်အကျဉ်း

 ရခိုင်ပြည်နယ်ရှိ မြို့ (၁၇) မြို့များ၏ရာဇဝင်အကျဉ်း

<><><><><><><><><><><><><><><><><><> 
1. စစ်တွေ
ကုလားတန်မြစ်ဝ၏ အနောက်ဖက်ကမ်းနှင့် ဘင်္ဂလားပင်လယ်အော်တို့ ဆုံရာအရပ်တွင် တည်ရှိပြီး သဘာဝပထဝီ ကျောထောက်နောက်ခံ ကောင်းသည်။ မြို့၏မြောက်ဖက်ကို ဆတ်ရိုးကျချောင်းက ပိုင်းဖြတ်ထားသည်။ ရခိုင်ပြည်၏ မြို့တော်ဖြစ်ကာ ဧရိယာအကျဉ်းဆုံးမြို့လည်းဖြစ်သည်။

တောင်နှင့်မြောက် သုံးမိုင်ခွဲ၊ အရှေ့နှင့်အနောက်က နှစ်မိုင်ခန့်ရှိသည်။ အကျဉ်းဆုံးနေရာသည် ခြောက်ဖာလုံ ရှိသည်။ မြို့ဧရိယာမှာ (၃.၃၄) စတုရန်းမိုင် ရှိသည်။ `မြို့ပေါ်တွင်´ လူဦးရေ (၁.၂၇) သိန်းကျော် နေထိုင်သည်။ စစ်တွေမြို့နယ် တစ်ခုလုံး၏ လူဦးရေမှာမူ (၂.၃၃) သိန်း ရှိပါသည်။

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ စစ်တွေမှ ဆန်တန်ချိန် တစ်သိန်းကျော်အထိ နှစ်စဉ်တင်ပို့နေသဖြင့် ဆန်မြို့ဟုလည်း အမည်တွင်ခဲ့သည်။

ရန္တပိုစာချုပ်အရ အင်္ဂလိပ်တို့ ရခိုင်ကိုသိမ်းပြီးသောအခါ မြောက်ဦးမြို့သည် အနေအထား မကောင်းတော့သဖြင့် ၁၈၃၆ - ခုနှစ်တွင် စစ်တွေကို တည်ထောင်သည်။ `စစ်တဲကြီး´တစ်ခု ရှိခဲ့သည်ကို အစွဲပြု၍ စစ်တွေဟုတွင်လာသည်။ အာကျပ်ကုန်းရှိ အာကျပ်တော်စေတီကို အစွဲပြု၍ အင်္ဂလိပ်တို့က အာကျပ် (AKYAB)ဟု ခေါ်ကြသည်။
စစ်တွေမြို့နယ်ဧရိယာ၏ (၃၅) ရာခိုင်နှုန်းမှာ ဆန်စပါးစိုက်ပျိုးသည်။ သစ်တောဧရိယာ မရှိပါ။ ပုဇွန်ကန် (၄၂၆) ကန်နှင့် မွေးမြူရေးဧရိယာ (၄၈၉၀) ဧကရှိသည်။ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ငါးနှင့် ရခိုင်လုံချည်တို့ ဖြစ်သည်။
စစ်တွေအနောက်ဖက်ရှိ ပေ (၂၀) ခန့်မြင့်သည့် တောင်ကုန်းငယ်တစ်ခုသာ အမြင့်ဆုံးကုန်းမြင့် ဖြစ်ပါ သည်။ 

ကျေးရွာအုပ်စု (၂၇) စုနှင့် ကျေးရွာငယ် (၈၇) ရွာရှိပါသည်။ ကန်တော်ကြီး၊ ဘုရားကြီး၊ ဧစေတီ၊ သလုံးတော်ဓာတ်စေတီ၊ လောကာနန္ဒာစေတီ၊ မင်းကြီးကျောက်တန်း၊ ရှုခင်းသာလမ်း၊ ပွိုင့်၊ စစ်တွေဟော်တယ်ရှေ့ကမ်းခြေ၊ နန္ဒာဝန်ဥယျာဉ်တို့မှာ ထင်ရှားသည်။

Saturday, May 18, 2024

ဘူးသီးတောင်မှာ စစ်ကောင်စီတပ်နဲ့ AA ကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံး၊ နှစ်ရာနီးပါး ဒဏ်ရာရ

RFA
RFA Burmese
2024.05.18

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျဘက်ရွာ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက် မနက် ၄ နာရီတွင် တွေ့ရစဉ်။Citizen Journalist 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ လေကြောင်းနဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံးပြီး နှစ်ရာခန့် ဒဏ်ရာရခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာအချို့က ပြောပါတယ်။

Sunday, May 5, 2024

အေအေကြောင့် ဘူးသီးတောင်မှာ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ စစ်ကောင်စီပြော

BBC
၅ မေ ၂၀၂၄
 

စစ်ဘေးရှောင်တွေ ‌ခိုလှုံနေတဲ့ ‌ကျောင်း လက်နက်ကျလို့ ထိခိုက်သေဆုံးသူများခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကို နယ်မြေခံ‌ဆေးတပ်တွေမှာ ကုသမှုပေးနေတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ် 
 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၁ ရပ်ကွက်၊ အထက်တန်းကျောင်းဝန်းထဲကို အာရက္ခတပ်တော် -အေအေ(အရင်က ရက္ခိုင့်တပ်တော်) ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ လူ ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

Tuesday, April 2, 2024

ဘူးသီး‌တောင်အကျဉ်းထောင်မှအကျဉ်းသားများနှင့် စစ်လက်နက်အသုံးအဆောင်ပစ္စည်းများကို စစ်တွေမြို့သို့ပြောင်းရွှေ့ နေ

နိရဉ္စရာ
သဉ္ဇာနွယ်၊
ဧပြီ ၁ / ၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် စစ်လက်နက်အသုံးအဆောင်ပစ္စည်းများကို စစ်တွေမြို့သို့ ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။

Wednesday, March 20, 2024

AA အကြမ်းဖက်အဖွဲ့အား အလိုမရှိကြောင်း မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်

ပြည်ချစ်သား
by အေးခင်
Posted on March 20, 2024

( မှတ်တမ်းအဖြစ်ထားရှိရန်သာ)

AA အကြမ်းဖက်အဖွဲ့အား အလိုမရှိကြောင်း” ဘူးသီးတောင်မှ မွတ်ဆလင်များ မြို့လုံးကျွတ် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့တဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။ AA အကြမ်းဖက်သမားတွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဆောင်နေတာကြောင့် ဒေသခံများက AA အဖွဲ့ကိုအလိုမရှိကြောင်း တိုက်ပွဲတွေကိုအလိုမရှိကြောင်း စသဖြင့် ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။ #Crd

Friday, February 23, 2024

ဘူးသီး‌တောင်တွင် လူနေရပ်ကွက်အထိ စစ်ကောင်စီတပ်က ကင်းပုန်းဝပ်‌နေ၍ အရပ်သားပြည်သူများ ထိတ်လန့်စိုးရိမ်နေကြရ

Narinjara
ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၄ 

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်နှင့် နီးစပ်သည့် ကျေးရွာများတွင် စစ်ကောင်စီတပ်က ကင်းပုန်းဝပ်သဖြင့် အရပ် သားပြည်သူများ ထိတ်လန့်စိုးရိမ်နေကြရသည်ဟု သတင်းရရှိသည်။

Saturday, December 2, 2023

ဘူးသီးတောင်မှာ ဒုက္ခသည်တစ်ဦး အပစ်ခံရပြီး ကလေးအ ပါအ၀င် မြို့ခံလေးဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.12.02

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို တွေ့ရစဉ်။RFA

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်မှာ ဒီဇင်ဘာလ ၁ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ် သားတွေ ပစ်ခတ်မှုကြောင့် စစ်ဘေးဒုက္ခသည်တစ်ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့ပြီး စည်ပင်၀န်ထမ်း နဲ့ ကလေးငယ် အပါအ၀င် မြို့ခံလေးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Wednesday, November 29, 2023

ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

ဧရာဝတီ
28 November 2023

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ (CJ)

ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင် စသည့် မြို့နယ်များတွင် စစ်ကောင်စီက လက်နက်ကြီး အပါအဝင် ဒရုန်းများဖြင့် ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူ ၄ ဦး ပွဲချင်း ပြီးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Thursday, September 14, 2023

တကျော့ပြန် ရခိုင်စစ်ပွဲနှင့် နယ်စပ်ပဋိပက္ခ ဘာလဲ၊ ဘယ်လဲ ?

DMG
2022 September 3
by Myo Myart Zaw Hein
(Analysis Report)

၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ အထိ နှစ်နှစ်ကျော်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည့် ရခိုင်ဒေသ သည် နိုဝင်ဘာလ ၂၀၂၀ ရွေးကောက်ပွဲမှစတင်ပြီး နှစ်ဘက်တပ်များ၏ Gentleman agreement ဖြင့် အပစ်အခတ်ရပ်နိုင်ခဲ့သော်လည်း ဒုတိယအကျော့အနေဖြင့် နေ့စဉ်ရက်ဆက်တိုက်ပွဲပြင်းထန်လာ နေသည်။

Tuesday, November 15, 2022

ဘူးသီးတောင်နှင့်မောင်တောတွင် ဆေးဝါးနှင့် ရိက္ခာပြတ်လု နီးပါးဖြစ်နေပြီး ဆန် တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းခွဲ နီးပါး စျေးပေါက်

CDMM
ချစ်သဲညှာ
Nov 15, 2022


ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့မောင်တောမြို့ကို အကြမ်းဖက်စစ်အုပ်စုက ဖြတ် လေးဖြတ်ပြုလုပ်ထားတာ ကြောင့် ဆေးဝါးနှင့် ရိက္ခာပြတ်လု နီးပါးဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မောင်တောမြို့မှာတော့ ဆန်တစ်အိတ်ကျပ်တစ်သိန်းခွဲထိပေးနေရပြီး ဆန်ထပ်မဝင်တော့တာကြောင့် ၂ လစာ သာ ရိက္ခာကျန်တော့တယ်လို့ ဒေ သခံတွေဆီကသိရပါတယ်။

Wednesday, January 12, 2022

မောင်တော ဘူးသီးတောင် ခွဲထွက်မယ် ဆိုတာ ကလေးက လား စကားတွေပါ

ဧရာဝတီ
စာရေးဆရာ ဦးအောင်ခင် (စစ်တွေ)
12 January 2022

ရခိုင်ပြည်နယ်အတွင်း ရခိုင် တိုင်းရင်းသားများနှင့် မွတ်စလင် ကျေးရွာသားတို့မှာ ၂၀၁၂ ခုနှစ် အရေးအခင်း ကာလ နောက်ပိုင်းကတည်းက ကူးလူး ဆက်ဆံမှု ပြတ်တောက်သွားပြီး နှစ်ဖက်စလုံး သံသယများဖြင့်သာ နေထိုင်ခဲ့ကြသည်။ ၂၀၁၆ – ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်း ဖြစ်ပေါ်မှုကြောင့်လည်း ရခိုင်တိုင်းရင်း သားများနှင့် မွတ်စလင်တို့မှာ ပို၍ပင် စည်းခြားသကဲ့သို့ ဆက်ဆံ သွားလာမှုများ မရှိကြတော့ပေ။

Wednesday, January 13, 2021

ဘူးသီးတောင် သပြေတောမှ လူငယ်တစ်ဦးကို မတရား သဖြင့် ဖမ်းဆီးထား

rt
Rohingya Today
မောင်ဌေး
Jan 12, 2021

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သပြေတောကျေးရွာအုပ်စု၊ စိမ်းဒီပြင်ရွာ (စင်းဒီဖရန်) သို့ ဇန်နဝါရီလ (၈) ရက်နေ့ နေ့လည် ၂ နာရီခန့် အချိန်တွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲ တပ် ဖွဲ့များ ရောက်ရှိလာပြီး၊ ယင်းရွာ၏ ဈေးထဲရှိ ဆိုင်များကို ရှာဖွေ စစ်ဆေးခဲ့သည်။

Wednesday, October 7, 2020

ရခိုင်မြောက်ပိုင်း ပစ်ခတ်မှုတွေမှာ အရပ်သား သေဆုံး ဒဏ် ရာရမှုတွေရှိ

VOA

ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
07 အောက်တိုဘာ၊ 2020
လက်နက်ကြီးကြောင့် ရခိုင်ပြည်နယ် မိုးစဲကွျွန်းဒေသခံတွေ စစ်တွေကို တိမ်းရှောင်လာကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - မေယုထွန်း - စက်တင်ဘာ ၂၃၊ ၂၀၂၀)
စစ်ရေးပဋိပက္ခတင်းမာနေဆဲ ရခိုင်ပြည်နယ်မှာ ပစ်ခတ်မှုတွေကြောင့် ရိုဟင်ဂျာ ၅ ဦးထက်မနည်း သေဆုံးပြီး၊ ဒဏ်ရာရသူတချို့လည်း ရှိခဲ့တဲ့အကြောင်း ပြောပြပေးမှာပါ။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်း အိန် က သတင်းပေးပို့ထားပါတယ်။

Thursday, July 16, 2020

မောင်တောနဲ့ ရသေ့တောင်က ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020-07-16



ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဆားငံချောင်းကျေးရွာနဲ့ ရသေ့တောင်မြို့နယ် ချိန်ခါလိန်၊ ကိုးတန် ကောက်ရွာ တွေအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေက ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဇူလိုင်၁၄ ရက်နေ့မှာ ရွာသားတစ်ယောက်သေ ဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့ တယ်လို့ ရွာသားတွေက ပြောပါတယ်။

Thursday, June 25, 2020

ဘူးသီးတောင်မြို့က ကိုဗစ်-၁၉ လူနာ အမှတ် ၂၉၃ ကူတူ ပါလောင်စခန်းတွင်နေထိုင်ခဲ့သူဖြစ်

DVB
လင်းလက်
25 June 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့ခရိုင်မှာ ၈ ဦးမြောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ လူနာအမှတ် ၂၉၃ ဟာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူဖြစ်ပြီး ကူတူပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူဖြစ် ကြောင်း သိရပါတယ်။

Tuesday, January 7, 2020

ဘူးသီးတောင်ပေါက်ကွဲမှု ၁၀နှစ် ဝန်းကျင် ကလေးငယ် လေးဦးသေဆုံး

B B C
ဘီဘီစီ မြန်မာပိုင်း
2020-01-07
  နှစ်အရွယ်နှစ်ဦးနဲ့ ၁၀ နှစ်အရွယ် ကလေး၆ ဦးဒဏ်ရာရ

ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီခွဲခန့်က ဘူးသီးတောင်မြို့နယ်အတွင်းက ထိပ်ထူးပေါက် ကျေးရွာအနီး လက်နက် ကြီးကျည်တစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၉ ဦးနဲ့ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့ပြီး အဲ့ဒီထဲက ၄ ဦးဟာ သေဆုံးသွားခဲ့တယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

Saturday, December 14, 2019

ဘူးသီးတောင် ရိုဟင်ဂျာရွာ ပေါက်ကွဲမှုဖြစ်ပွား

VOA
 ဗွီအိုအေ (မြန်မာဌာန)
သက်နိုင်
14 ဒီဇင်ဘာ၊ 2019
 ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာ လက်နက်ကြီးကျရောက်ပေါက်ကွဲ မီးလောက်ပြီး မြင်ကွင်း။ (ဓာတ်ပုံ - ဦးအော်သောင်းရွှေ။ ဒီဇင်ဘာ ၁၄၊ ၂၀၁၉)
ဘူးသီးတောင်မြို့နယ် ဆင်သေပြင် ရိုဟင်ဂျာကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် နေအိမ်နှစ်လုံး မီးလောင်သွားပြီး ကျေးရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဘူးသီးတောင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။ လွှတ်တော်အမတ်တွေနဲ့ ဒေ သခံတွေကတော့ တပ်မတော်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ပြောဆို ကြပေမယ့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ သူတို့ပစ်တာ မဟုတ်သလို အဲဒီဘက်မှာ သူတို့တပ်လည်း မရှိဘူးလို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုသက် နိုင်က တင်ပြပေးထားပါတယ်။

လက်နက်ကြီးကျည်ကြောင့် ဘူးသီးတောင် နေအိမ်တချို့ မီးလောင်

RFA
လွတ်လပ်တဲ့အာရှအသံ
2019-12-14
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာအတွင်းက လက်နက်ကြီးကျည် ကျရောက်လို့ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တချို့ကို ၂၀၁၉၊ ဒီဇင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: MP Oung Thaung Shway

ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာမှာ မနေ့က လက်နက်ကြီးကျည် သုံးလုံး ကျရောက် ပေါက်ကွဲလို့ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သလို ဒီနေ့မနက်ကလည်း လက်နက်ကြီးကျည်တွေ ထပ်မံ ကျရောက်လို့ နောက်ထပ် နေအိမ် နှစ်လုံး မီးလောင်ကာ ဒေသခံတွေ ထွက်ပြေးနေကြပါတယ်။

Saturday, June 8, 2019

ရခိုင့်နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်မဖြေရှင်းဘဲ နှစ် ဘက်တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် ဘူးသီးတောင် မြို့ခံတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြတောင်းဆို

နိရဉ္စရာ
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇွန် ၈∕၂၀၁၉

ရခိုင့်နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်မဖြေရှင်းဘဲ နှစ်ဘက်တွေ့ဆုံညှိနှိုင်းအဖြေရှာကြရန် ဘူးသီးတောင်မြို့ ခံတစ်ဦးက တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုလိုက်သည်ဟု သတင်းရရှိသည်။

Saturday, May 25, 2019

ဘူးသီးတောင် ပြင်ချောင်းရွာအနီးတိုက်ပွဲ တပ်မတော် ဘက်က အကျအဆုံးရှိတယ်လို့ AA ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-25
ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန 

     

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ပြင်ချောင်းရွာအနီးမှာ မေလ ၂၃ ရက်နေ့က တပ်မတော် စစ်ကြောင်း ကို AA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်ဘက်က အကျအဆုံးရှိခဲ့တယ်လို့ AA အဖွဲ့က ပြောပါတယ်။ တပ်မတော်ဘက်ကတော့ မေလ ၂၃ ရက်နေ့က တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */