B B C
ဘီဘီစီ မြန်မာပိုင်း
2020 Jan 14
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေဟာ ဘဝသစ်အတွက် သက်စွန့်ဆံဖျားနဲ့ ပင်လယ်ရေ ကြောင်း ခရီးနဲ့ မလေးရှားကိုသွားခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာသူတို့ ဘယ်လိုကြုံတွေ့ခဲ့ရသလဲ။ Source : BBC Facebook
B B C
ဘီဘီစီ မြန်မာပိုင်း
2020 Jan 14
VOM
မျိုးဆက်၊ဒါကာ၊ (VOM)ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန့်ပို့မယ့်လုပ်ငန်းစဉ်ကို ဒီနှစ်ထဲမှာ စတင်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အေကေအဗ္ဗဒူမိုမန်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့တဲ့ နှစ်သစ်ဆုတောင်းစာမှာ ထည့်သွင်း ပြော ကြားခဲ့ပါတယ်။
ရိုဟင်ဂျာပြဿနာဟာ မိမိတို့အတွက် စိန်ခေါ်မှုကြီးဖြစ်ပြီး အခုနှစ်အတွင်းမှာ ပြန်ပို့ရေးလုပ်ငန်းစဉ်စတင်ဖို့ မျှော်လင့်ထားကြောင်း မိုမန်က ဇန်နဝါရီ ၃ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ဒီလုပ်ငန်းစဉ်နဲ့ ပတ် သက်ပြီး နှစ်အတန်ကြာကတည်းက ကြိုးစားနေခဲ့ရပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့တဲ့စာထဲမှာ ဒုက္ခ သည်ပြန်ပို့ရေးအစီအစဉ် စတင်လိုတယ်လို့ ထည့်သွင်းရေးသားခဲ့တယ်လို့ သူကဆိုပါတယ်။
VOM
ဒါကာ၊ ဒီဇင်ဘာ ၄-၂၀၂၀
မျိုးဆက် (VOM)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ၁၆၀၀ ကျော်ကို ဘင်္ဂလားပင်လယ်အော်ရှိ ဝေးလံခေါင် သီတဲ့ ဘာဆန်ချာကျွန်းကို နိုင်ငံတောင်ပိုင် စစ်တကောင်းဆိပ်ကမ်းကနေ ပို့ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရေ တပ် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဲ့ဒီလိုရွှေ့ပြောင်းပေးရာမှာ ကျွန်းပေါ်ကိုသွားရောက်နေထိုင်ဖို့ဆန္ဒရှိသူတွေသာ ပါဝင်ပြီး ဒီလိုလုပ်ဆောင် လိုက် တဲ့အတွက် မြန်မာနိုင်ငံကထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်း တွေမှာ လူဦးရေကြပ်တည်းနေမှုကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ကဆိုပါတယ်။