Monday, August 25, 2025

ရိုဟင်ဂျာအကျပ်အတည်း ဖြေရှင်းရန် “အတူတကွဆောင် ရွက်ရအောင်” ဟု ယူနွတ် ပြော

မဇျ္စိမ
August 25, 2025

ဓာတ်ပုံ – ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ကျင်းပနေသည့် “သက်ဆိုင်သူများ၏ ဆွေးနွေးပွဲ- ရိုဟင်ဂျာ အခြေအနေဆိုင်ရာ အဆင့်မြင့်ညီလာခံမှ ရလဒ်များ” ညီလာခံသို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်လာသွားသည့်မြင်ကွင်း (မဇ္ဈိမ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့တွင် ဩဂုတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ ရိုဟင်ဂျာဒုက္ခသည်များ၏ အခြေ အနေဆိုင်ရာ “သက်ဆိုင်သူများ၏ ဆွေးနွေးပွဲ- ရိုဟင်ဂျာ အခြေအနေဆိုင်ရာ အဆင့်မြင့်ညီလာခံမှ ရလဒ်များ” ခေါင်းစဉ်ဖြင့် သုံးရက်ကြာ နိုင်ငံတကာညီလာခံတရပ်ကို ကျင်းပနေသည်။

 အဆိုပါ ညီလာခံသည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ ထွက်ပြေးလာခြင်း၏ နှစ်ပတ်လည်နှစ် (၈) နှစ်မြောက်နှင့် တိုက်ဆိုင်ကျင်းပခြင်းဖြစ်ပြီး၊ လာမည့် စက်တင်ဘာ ၃၀ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဘေးတွင်ကျင်းပမည့် ရိုဟင်ဂျာဆိုင်ရာ အဆင့်မြင့်ညီလာခံအတွက် ပြင်ဆင်မှုတရပ်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယာယီအစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်သည် ယနေ့ (ဩဂုတ်လ ၂၅ ရက်) တွင် ညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး၊ ဩဂုတ်လ ၂၆ ရက်တွင် တက်ရောက်သူများသည် ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီး ဖာရုခ် အီး အဇမ်၊ ကုလသမ္မဂလူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ တွမ်အင်ဒရူး၊ ရိုဟင်ဂျာအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ နိုင်ငံတကာကျွမ်း ကျင်ပညာရှင်များ၊ ရိုဟင်ဂျာဒုက္ခသည်များနှင့် ယခုအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနေသည့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */