Sunday, November 14, 2021

ရိုဟင်ဂျာအရေးကို ကမ္ဘာ့ခေါင်းဆောင်တွေ လေးလေးနက် နက် ကိုင်တွယ်သင့်ပြီလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

B B C

ဘီဘီစီမြန်မာပိုင်း
13 နိုဝင်ဘာ 2021
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စကို ကမ္ဘာ့ခေါင်းဆောင်တွေက လေးလေးနက်နက် ကိုင်တွယ် လုပ်ဆောင်သင့်ပြီလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြင်သစ်မြို့တော် ပါရီမှာ ကျင်းပနေတဲ့ ပါရီငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ မစ္စ ဟာစီနာက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်အတွင်းက ရိုဟင်ဂျာအရေးနဲ့ သက်ဆိုင်တဲ့ လုံခြုံရေး အကျပ်အတည်းတွေ က ပြည်တွင်းမှာတင် ဖြစ်နေမှာမဟုတ်ဘဲ သက်ရောက်မှု ပိုမို ကျယ်ပြန့်လာနိုင်တဲ့ အလားအလာတွေကို မြင် နေရတယ်လို့လည်း မစ္စဟာစီနာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံက ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေကို လက်ခံစောင့် ရှောက် ပးထားခြင်းအားဖြင့် ကမ္ဘာပေါမှာ ဒေသတွင်း ပဋိပက္ခ အကျပ်အတည်းကြီး တခုဖြစ်လာမယ့် အခြေ အနေကို ကူညီရှောင်ရှား ပေးနိုင်ခဲ့တယ်လို့လည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားထားပါတယ်။

၂၀၁၇ ခုနှစ် မတိုင်ခင် ကာလတွေမှာလည်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့က်ဆက် ဘဇား ဒေ သထဲကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၀ဝဝဝ၀ လောက် ရှိနေပြီးသား ဖြစ်ပြီး ၂၀၁၇ နောက်ပိုင်း မှာတော့ နောက်ထပ် ရိုဟင်ဂျာဒုက္ခသည် ၇၀ဝဝဝ၀ လောက် ထပ်မံ ထွက်ပြေးလာကြတာ ဖြစ်တယ်လို့ World Vision အဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာတော့ ကော့က်ဆက်ဘဇား ဒေသအတွင်း အကြီးအကျယ် မီးလောင်မှုတွေ ဖြစ်ပွားရာမှာ ဒုက္ခ သည် ခိုလှုံရာ အဆောက်အအုံတွေ၊ အစားအစာနဲ့ ရေဖြန့်ဖြူးရာ နေရာတွေနဲ့ တကိုယ်ရေ သန့်ရှင်းရေး ဆိုင်ရာ ဝန်ဆောင်မှု အဆောက်အအုံတွေ တသောင်းကျော် ပျက်စီးခဲ့တဲ့အတွက် ရှိနေတဲ့ တသန်းနီးပါး ရိုဟင်ဂျာဒုက္ခသည်တွေ ပိုပြီး အခက်ကြုံခဲ့ရပါတယ်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */