Monday, June 7, 2021

“မွတ်စလင်လူဦးရေဆက်လက်တိုးပွားလာမှုဟာ အကြီးမား ဆုံးစိန်ခေါ်မှုဖြစ်တယ်”လို့ ဒေါ်စုနဲ့ဟန်ဂေရီဝန်ကြီးချုပ်တို့ ဘုံသဘောထားတူ

Myanmar Muslim Media
ဇွန် ၇၊ ၂၀၁၉
 
 ရှားပါးတဲ့ဥရောပခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်နဲ့ ဟန်ဂေရီဝန်ကြီးချုပ်တို့ မွတ်စလင်လူဦးရေ တိုးပွား လာမှုအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဂါဒီးယန်းသတင်းဌာနကဖော်ပြလိုက်ပါတယ်။

လူမျိုးတုံးသုတ်သင်မှုတွေကနေ သတင်းထောက်တွေကိုထောင်ချမှုတွေထိ ဆန့်ကျင်ကြောင်းထုတ်ဖော်ပြော ဆို ဖို့ ပျက်ကွက်မှုတွေကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းဟာ အနောက်နိုင်ငံတွေမှာ ပြီးခဲ့တဲ့လေ တွ အတွင်း လှုပ်ခတ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် မြန်မာခေါင်းဆောင်က လက်ယာဝါဒီ နဲ့ ရွှေ့ပြောင်းသူများ ကိုဆန့်ကျင်တဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်နဲ့ မဟာမိတ်အသစ် ရှာတွေ့ခဲ့ပြီဖြစ်ပါတယ်။

ရှားပါးတဲ့ဥရောပခရီးစဉ်အတွင်း တစ်ချိန်က မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲရဲ့ ဦးဆောင်ပြယုဂ်ဖြစ်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်က ဘူဒါပတ်မှာ ဟန်ဂေရီဝန်ကြီး ချုပ် အော်ဘန်နဲ့တွေ့ဆုံခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ အစ္စလာမ်နဲ့ ရွှေ့ပြောင်းသူများအရေးနဲ့ပတ်သက်ပြီး သဘော ထားချင်းတူညီချက်ကို တွေ့ရှိခဲ့ကြပါတယ်။ နှစ်နိုင်ငံလုံးအတွက် နဲ့ သူတို့ရဲ့သက်ဆိုင်ရာဒေသတွေ ဖြစ်ကြတဲ့ အရှေ့တောင်အာရှနဲ့ ဥရောပတို့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြီးအကျယ်စိန်ခေါ်မှုတွေဟာ ရွှေ့ပြောင်းသူများအရေးဖြစ်ကြောင်း ခေါင်းဆောင်နှစ်ဦးကမီးမောင်းထိုးပြခဲ့ကြတယ်။ လို့သူတို့တွေ့ဆုံပွဲပြီး နောက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“ဒေသတွင်းနှစ်နေရာလုံးမှာ မွတ်စလင်လူဦးရေဆက်လက်တိုးပွားလာမှုနဲ့အတူ လိုက်လျောညီထွေစွာအတူ ယှဉ်တွဲနေထိုင်နေရတဲ့ အရေးကိစ္စတွေကို မြင်တွေ့ခဲ့ရပြီးဖြစ်တယ်”လို့ သူတို့ကမှတ်ချက်ပြုထားပါတယ်။ စစ်တပ်ရဲ့နေ အိမ်အကျယ်ချုပ်အမိန့်နဲ့ ၁၅နှစ်ကြာနေချိန်ခဲ့ရပြီးနောက် ၂၀၁၅ခုနှစ်မှာ အရပ်သားခေါင်းဆောင် အဖြစ်ရွေး ကောက်ခံခဲ့ရပြီး တစ်ချိန်က မြန်မာနိုင်ငံရဲ့ကြီးကျယ်တဲ့ဒီမိုကရက်တစ်မျှော်လင့်ချက်အဖြစ် ချီးကျူး ဂုဏ်ပြုခံ ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကိုရပ်တည်ကာကွယ်ပေးခဲ့တဲ့ အနောက်နိုင်ငံအများစုကို စိတ်ပျက်စေခဲ့ပါတယ်။

လူမျိုးတုံးသုတ်သင်မှုအဖြစ် ကုလကဖော်ပြခဲ့တဲ့ ရိုဟင်ဂျာထောင်နဲ့ချီ အဓ္ဓမပြုကျင့်ခံရ သတ်ဖြတ်ခံခဲ့ရတဲ့ ၂၀၁၇ခုနှစ်က ရိုဟင်ဂျာမွတ်စလင်လူနည်းစုအပေါ် စစ်တပ်ရဲ့အကြမ်းဖက်စစ်ဆင်ရေးကို ရှုတ်ချဖို့သူမ ရဲ့ ပျက် ကွက်မှုတွေနဲ့ မြန်မာမွတ်စလင်လူထုအပေါ် စစ်တပ်ရဲ့ရက်စက်တဲ့လုပ်ရပ်တွေကို ကာကွယ်ပေး မှုတွေ ဟာ အထူးသဖြင့်လက် ခံနိုင်စရာမရှိတာကို သက်သေပြသခဲ့တာပဲဖြစ်ပါတယ်။ အဲဒီကတည်းက အသက်လုပြီး နယ်စပ်ထွက်ပြေးခဲ့ကြတဲ့ လက်ရှိဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ သန်းနဲ့ချီတဲ့ရိုဟင်ဂျာ တွေရဲ့ လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ ထပ်ခါထပ်ခါ ပျက်ကွက်နေခဲ့ပါတယ်။

လတ်တလောမှာလည်း ဟန်ဂေရီဝန်ကြီးချုပ်အော်ဘန်ဟာ တူညီတဲ့ဆိုးရွားတဲ့မှတ်တမ်းတစ်ခုရှိထားပါတယ်။ သူ့အစိုးရဟာ ၂၀၁၅ခုနှစ် အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းသူများအရေးကြောင့် အခြေအနေတွေဆိုးရွားလာ တယ် လို့ ကြေငြာခဲ့ပြီး ရွှေ့ပြောင်းသူများရဲ့ခြိမ်းခြောက်မှုတွေ အဖြစ်ပုံဖော်စွပ်စွဲပြီး ဟန်ဂေရီမှာ အကြောက် တရား ကိုမီးမွှေးထားပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဥရောပမဟာမင်းကြီးရဲ့ကောင်စီက အော်ဘန်ရဲ့အစိုးရ ဟာ ရွှေ့ပြောင်းသူများဆန့်ကျင်ရေးသဘောထားတွေနဲ့ နိုင်ငံခြားသားကြောက်သဘောထားတွေ အမုန်းတရားတွေကို သွေးထိုးနေတယ်လို့ စွပ်စွဲထားတဲ့ အစီရင်ခံစာကို မကြာသေးမီကထုတ်ပြန်ခဲ့ပါတယ်။

သူတို့ရဲ့တွေ့ဆုံပွဲပြီးနောက် ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ အော်ဘန်ရဲ့သဘောထားထင်ဟပ်တဲ့ အမြင် တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံကစည်းမျဉ်းစည်းကမ်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ သဘောထားတွေသွပ်သွင်းမှု တွေကို ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက်တွေတိုးလာနေခဲ့ပါတယ်။ ထုတ်ပြန်ချက် ထဲမှာ ဟန်ဂေရီဝန်ကြီးချုပ်က တစ်ခြားဥရောပနိုင်ငံတွေကနေ ဒီမိုကရေစီသွပ်သွင်းမှုတွေကို ဆန့်ကျင်တဲ့ သဘောထားတွေထင် ဟပ်နေပါတယ်။

“ဥရောပနိုင်ငံတွေရဲ့အချစ်တော်ဘဝကနေ ကျဆင်းသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ဟာ အံ့သြ သင့် စရာတောင်ကောင်းပါတယ်။ သူမဟာ အရေးပါတဲ့လုပ်ဆောင်မှုအဖြစ် ဥရောပရဲ့အပယ်ခံ အော်ဘန်နဲ့တွေ့ဆုံ ခဲ့တာပဲဖြစ်ပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးရဲ့ အာရှပိုင်းလက်ထောက်ဒါရိုက်တာ ဖီလ် ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။ “ရိုဟင်ဂျာမွတ်စလင်လူမျိုးစုအပေါ် စစ်တပ်ရဲ့လူမျိုးတုံးသတ်ဖြတ်မှုကို အရှက်ရဖွယ်ကာကွယ်ပေးပြီးနောက် သူမဟာ ဥရောပရဲ့နိုင်ငံခြားသားကြောက်ဝါဒီသဘောထားအရှိဆုံး ဒီမို ကရက်တစ်ဆန့်ကျင်ရေးခေါင်းဆောင်နဲ့ မိတ်ဆွေဖွဲ့ပြီး ကောင်းကောင်းကိုင်တွယ်နေတာပဲဖြစ်ပါတယ်။” လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။

“ဒီတွေ့ဆုံမှုဟာ ဘရက်ဆဲလ်ကိုရှင်းရှင်းလင်းလင်းအမှာစကား ပါးလိုက်တာပဲဖြစ်ပါတယ်။ မြန်မာဟာ ခင်ဗျား တို့ရဲ့သံတမန်ရေးရာတွေကို နားထောင်မှုမရှိပါဘူး။” လို့သူကဆိုပါတယ်။ မြန်မာအစိုးရပြောခွင့် ရပုဂ္ဂိုလ်ကေ တာ့ မှတ်ချက်ပြုထားခြင်းမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလယ်ဥရောပခရီးစဉ်ဟာ ဒေသတွင်းစီး ပွား ရေးဆက်ဆံရေးအင်အားတိုးလာဖို့ရည်ရွယ်တာဖြစ်ပါတယ်။ ဟန်ဂေရီကို ဦးစားပေးခရီးစဉ်ထားရှိပြီး သူမဟာ ချက်ရီပတ်ပ လစ်နိုင်ငံကိုသွားရောက်ကာ ဝန်ကြီးချုပ် အန်ဒရက်ဂျ်ဘာဘိစ်နဲ့တွေ့ဆုံခဲ့ပါတယ်။

The Guardian သတင်းဌာနပါ Hannah Ellis-Petersen ရေးသားသည့် “Aung San Suu Kyi finds common ground with Orban over Islam” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */