မဇ္ဈိမ
အောက်တိုဘာ ၂၅၊ ၂၀၂၀
အောက်တိုဘာ ၂၅၊ ၂၀၂၀
Photo Creadit - ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက လှေစီးပြေး ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်၊ စစ်တွေရှိ ဒုက္ခသည်စခန်းသို့ ပြန်လည် ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ - AFP)
ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာ ရိုဟင်ဂျာများ ကို ပြန်လက်ခံသွားမည်ဟု တရုတ်အစိုးရကို မြန်မာ က မကြာသေးမီတွင် အာမခံ ပြောဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒါကာ ထရီးဗြူးသတင်းစာက ရေး သားထားသည်။မြန်မာအစိုးရ တာဝန်ရှိသူ အဆင့်ဆင့်နှင့် အမြဲမပြတ် အဆက်သွယ်ရှိနေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး က ပြောသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြောသည်။
COVID-19 ကပ်ရောဂါ အခြေအနေ ထိန်းချုပ်လာနိုင်သည့်အခါတွင် ရိုဟင်ဂျာများကို ပြန်လည်လက်ခံသွား မည်ဟု မြန်မာအစိုးရက တရုတ်အစိုးရထံ ပြောထားသည်ဟု သိရသည်။
ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများကို ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်နှင့် မကြာမီ ဆွေးနွေးသွားမည်ဟု မြန်မာအစိုးရက တရုတ်ကို ပြောထားကြောင်းလည်း ဝန်ကြီး မစ္စတာ ဝမ်ယီက ပြောသည်။
မြန်မာနိုင်ငံတွင် နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးပါက နေရပ်စွန့်ခွာသူများ ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် တရုတ်တို့အကြား သုံးပွင့်ဆိုင် သံတမန်အဆင့် ဆွေးနွေးမှု စတင်မည်ဖြစ်ပြီး ယင်းနောက် ဝန်ကြီးအဆင့် ဆွေး နွေးမှုများ ပြုလုပ်လိမ့်မည်ဟုလည်း မစ္စတာ ဝမ်ယီက ဒေါက်တာ မိုမင်ကို အခိုင်အမာ ပြောထားကြောင်း လည်း သိရသည်။
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အဆင့်မြင့်အရာရှိများအဆင့် အကြို သုံးပွင့်ဆိုင် ဆွေးနွေးပွဲပြုလုပ် ရန် လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အလေးထား ပြောဆိုခဲ့ကြောင်းလည်း သိရသည်။
Link :Here
No comments:
Post a Comment