Tuesday, November 19, 2019

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန
နေပြည်တော် နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၂၀) ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ် ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည် ဖော်ဆောင် ရွက်ရေး ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဌ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးဦးခင်မောင်တင်၊ ကော်မတီအတွင်းရေးမှူး နယ်စပ်ရေး ရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ် ချုပ် သန်းထွဋ်နှင့် ကော်မ တီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော် မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုအစိုးရ စတင်တာဝန်ယူစဉ် က တည်းက ရခိုင် ပြည်နယ်အရေးကိစ္စကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော ဦးစား ပေးလုပ်ငန်း အဖြစ် သတ်မှတ်ပြီး ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါကြောင်း ၊ ဖွံ့ဖြိုးတိုးတက် ရေးကို အဟန့်အတား အနှောက်အယှက်ဖြစ်စေသည့်ရေရှည် ပဋိပက္ခ များ၏ အခြေခံအကြောင်းအရင်း များကို ဖော်ထုတ်ရန်လိုအပ်သည့်အတွက် ဒေါက်တာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည် နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မရှင်က အကြံပြု ချက်(၈၈)ချက် တင်ပြခဲ့ပါကြောင်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော မောင်တော ဒေသစုံ စမ်းစစ်ဆေး ရေးကော်မရှင်ကလည်း အကြံပြုချက် (၄၈)ချက်တင်သွင်းခဲ့ပါကြောင်း၊ ကော်မရှင် (၂)ခု ၏ အကြံပြု ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များ အပေါ်အကောင်အထည်ဖော်ရေးကော်မတီကို ၂၀၁၇ ခုနှစ် စက်တင်ဘာ (၁၂)ရက်တွင် စတင်ဖွဲ့စည်း ခဲ့ပါကြောင်း။

 ကော်မတီအနေဖြင့် (၂၅)လကျော်သက်တမ်းကာလ အတွင်း သက်ဆိုင်ရာလွှတ်တော်များ၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်း များ၊ မိတ်ဆွေ နိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်လျက် ရှိ ကြောင်း၊ ကော်မတီအနေဖြင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင် ရွက်မှု များကို နိုင်ငံတစ်ဝန်းရှိ ပြည် သူများ သိရှိနိုင်စေရေး အတွက် (၄)လ တစ်ကြိမ် ပြည်သူသို့ အစီရင်ခံစာကိုတင်ပြလျက်ရှိပါကြောင်း၊ ကော်မတီ၏လုပ်ငန်းများ အကောင် အထည်ဖော်တိုးတက် ဆောင်ရွက်မှုများကို အစီရင်ခံစာများတွင် အထောက် အထား အဖြစ် မြင်တွေ့ သိရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူမှုသဟ ဇာတ ဖြစ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်တစိုက်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယနေ့ အစည်းအဝေး တွင်လက်တွေ့ကျသောရှေ့ ဆက်ဆောင်ရွက်ရေး လုပ်ငန်းများကို ဆွေးနွေး ရန်ဖြစ် ကြောင်း၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအား ကောင်း လာစေရေးအတွက် ရခိုင်ပြည် နယ်အ တွင်း တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူ များပါဝင်ပူးပေါင်း ဆောင်ရွက်သော လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေး စီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD)ကော်မတီ၏ လုပ်ငန်းအဖွဲ့များနှင့် လည်း ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း။

 ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြပ်အတည်း (၃)ရပ်ဖြစ်သည့် ဖွံ့ဖြိုး မှု ဆိုင်ရာ အကြပ်အတည်း၊ လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်းနှင့် လုံခြုံရေးဆိုင်ရာ အကြပ် အတည်း များကို ဖြေရှင်းဆောင်ရွက်ရာတွင် ကောင်းမွန်သောရလဒ်များ ရရှိစေရန်မဟာ ဗျူဟာများ ရေးဆွဲ ဆောင် ရွက် လျက်ရှိရာနိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်၊ IDP ကိစ္စရပ်များ၊ ပညာရေးနှင့်ကျန်းမာရေး က ဏ္ဍများမှာဦးစားပေး ကဏ္ဍများဖြစ်၍မူဝါဒ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန်လုပ်ငန်းစဉ်များ ချ မှတ် နိုင်ရေး အရေးကြီးပါကြောင်း၊စီမံကိန်းကာလများ၊ စီမံကိန်းအကောင်အထည်ဖော်ရန် ဘဏ္ဍာငွေလျာ ထား မှုများ၊ ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ဝိုင်းဝန်း ညှိနှိုင်းကြရန်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန် ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ကော်မတီရုံးအဖွဲ့မှူးက ရေးဆွဲထားသော မဟာဗျူဟာ (မူကြမ်း) များကို တင်ပြရာတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

ထို့နောက် ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည် ထောင် စု ဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */