VOA
ဗွီအိုအေ (မြန်မာဌာန
28 စက်တင်ဘာ၊ 2019
မဆုမွန်ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာလည်း တချို့က မြန်မာပြည်ဘက်ကို ပြန်လာနေကြပြီ ဖြစ်ပေမယ့် တချို့ကတော့ အခြေခံလူ့အခွင့်အရေးတွေမရလို့ ပြန်ချင်ပေမယ့် မပြန်ဘူးလို့ ပြောနေကြ သူ တွေလည်း ရှိပါတယ်။

ဒီအကြောင်းကို မဆုမွန်က ဆက်ပြီးတော့ ပြောပြမှာပါ။
ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲမှာလည်း မြန်မာနိုင်ငံကို ပြန်လိုသူတွေ ရှိနေကြပါတယ်။ ဒါပေမဲ့လည်း နေရပ်ပြန်တဲ့အခါ လုံခြုံမှုနဲ့ အခြေခံအခွင့်အရေးတွေ ရဖို့လည်း တောင်းဆိုနေကြတာပါ။ မောင်တောမြို့နယ်ကနေ အခုအခါ မိသားစုဝင် ၁၂ ယောက်နဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ကူ တူပလောင် ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ Surat Alam ကတော့ စခန်း တွင်းမှာ မပြည့်မစုံနေထိုင်နေရတယ်လို့ ဗွီအိုအေ ဘင်္ဂလားဒေ့ရှ်ဌာနကို ပြောပါတယ်။ ဒီအတွက်လည်း သား သမီးတွေ ရှေ့ရေးဟာ စိတ်ပူစရာ ကောင်းတယ်လို့ ပြောခဲ့တာပါ။
“ကျကျနန ပညာသင်ပေးတာမျိုး မရှိတဲ့အတွက် ကျနော်တို့ ကလေးတွေရဲ့ အနာဂတ်ဟာ တနေ့ထက် တနေ့ ပျက်စီးလာနေပါတယ်။ ဒါကြောင့်လည်း ဒီစခန်းတွေမှာ တစက္ကန့်လေးတောင် မနေချင်တော့ပါဘူး။ ကျနော်တို့ရဲ့ နိုင်ငံသား အခွင့်အရေး၊ ဘေးကင်းလုံခြုံမှုတွေသာ ရှိမယ်ဆိုရင် ကျနော်တို့ ချက်ချင်းပြန်မှာပါ။”
၂၀၁၇ သြဂုတ်လထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်းတွေကို စီးနင်း တိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို မြန်မာစစ်တပ်က လိုက်လံရှင်းလင်းရာက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ကြတာပါ။
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံပေမဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) နဲ့ပါ သီးခြားစီ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထားတာပါ။ ဒါပေမဲ့လည်း ဒုက္ခသည် နေရပ်ပြန် ပို့ရေး ၂ ကြိမ်တိုင်တိုင် စီစဉ်ခဲ့တာတွေ မအောင်မမြင် ဖြစ်ခဲ့ပြီး နောက်မှာတော့ အပြန်အလှန် အပြစ်တင်တာ တွလည်း ရှိခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် Surat Alam ကတော့ အခြေခံအခွင့်အရေးတွေနဲ့ တရားမျှတမှုတွေ ရရှိမှသာ နေရပ်ပြန် ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။
“ဇာတိမြေကိုပြန်ဖို့ ကျနော်တို့ တောင်းဆိုထားတာ တချို့ရှိပါတယ်။ ဒါတွေကတော့ နံပတ် ၁ နိုင်ငံသား အခွင့် အရေး ပြန်လည်ရရှိရေး၊ နံပတ် ၂ ဘေးကင်းလုံခြုံရေး၊ နံပတ် ၃ ကုလသမဂ္ဂ လုံခြုံရေးတပ်ဖွဲ့၊ နံပတ် ၄ ကတော့ ကျနော်တို့အပေါ် ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့နဲ့ နစ်နာဆုံးရှုံး ခဲ့ရတာတွေကို အလျော်ပေးဖို့ ဖြစ်ပါတယ်။”
ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ၂၀၁၇ နှစ်မှာ နောက်ထပ် ရောက်လာသူတွေနဲ့ပါဆိုရင် အခုအခါ ၉ သိန်း ကျော်အထိ ရှိနေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မရေမရာ ဖြစ်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခ သည်တွေကို တတိယနိုင်ငံတွေက လက်ခံဖို့ ဆန္ဒရှိမရှိ သဘောထား မေးမြန်းတာတွေလည်း ရှိနေပါတယ်။ ဒုက္ခသည်အရေး ဖြေရှင်းဖို့ နည်းလမ်းတခုအဖြစ် တခြားနိုင်ငံ တခုခုက လက်ခံဖို့ လမ်းဖွင့်ထားကြောင်း ဘင်္ဂ လားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က ဒီသီတင်းပတ်ထဲ နယူးယောက်မြို့မှာ ကျင်းပနေ တဲ့ ကုလသမဂ္ဂ နှစ်ပတ် လည် အထွေထွေ ညီလာခံအတွင်း သတင်းထောက်တွေကို ပြောခဲ့တာပါ။ ဒါပေမဲ့ လည်း ဒုက္ခသည်တွေကို အလုံး အရင်းနဲ့ လက်ခံဖို့ထက် လူကြား ကောင်းလောက်အောင် မပြောပလောက် တဲ့ အရေအတွက်လောက်ကိုသာ လက် ခံဖို့ ပြောဆိုနေတဲ့ နိုင်ငံတချို့သာ ရှိနေသေးတယ်လို့လည်း ပြောဆို ခဲ့ပါတယ်။

Link : Here
No comments:
Post a Comment