B B C
ဘီဘီစီ မြန်မာပိုင်း
30 ဇူလိုင် 2019
မွတ်စလင်ဒုက္ခသည်တွေအတွက်ရည်ရွယ်တဲ့ ရိုဟင်ဂျာဘာသာ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု VOA ဌာနကနေ ဇူလိုင်လ ၂၉ ရက်နေ့ကစလို့ ထုတ်လွှင့်ပေးနေပြီ ဖြစ်ပါတယ်။
Lifeline လို့ အမည်ပေးထားတဲ့ မိနစ် ၃၀ စာ ရေဒီယိုအစီအစဉ်ကို ဝါရှင်တန်ဒီစီ VOA ဘင်္ဂါလီ ဘာသာဌာ နကနေ တနင်္လာနေ့ကနေ သောကြာနေ့အထိ သီတင်းတစ်ပတ်ကို ၅ ရက် ထုတ်လွှင်ပေးမှာပါ။ဘီဘီစီ မြန်မာပိုင်း
30 ဇူလိုင် 2019
ရိုဟင်ဂျာဘာသာ အစီအစဉ် VOA ထုတ်လွှင့်
ဝါရှင်တန်စံတော်ချိန် မနက် ၇ နာရီခွဲ၊ ဘင်္ဂလားဒေ့ရှ်စံတော်ချိန် ညနေ ၅ နာရီခွဲမှာ ရိုဟင်ဂျာဘာသာစကားနဲ့ ထုတ်လွှင့်ပေးမှာ ဖြစ်တယ်လို့လည်း VOA သတင်းက ဖော်ပြပါတယ်။
အစီအစဉ်မှာတော့ ဒုက္ခသည်တွေရဲ့ လုံခြုံရေး၊ မိသားစုပြန်လည်စုံစည်းရေး၊ ရိက္ခာခွဲတမ်း၊ ခိုလှုံရေးစခန်း၊ ပညာ ရေး၊ ကျန်းမာရေး စတဲ့ သတင်းအချက်အလက်တွေကို ထုတ်လွှင့်ပေးမှာ ဖြစ်ပြီး ဒုက္ခသည်တွေက လည်း သူတို့ရဲ့အတွေ့အကြုံတွေအကြောင်း ပြောပြနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောဇ့်ဘဇား Kutupalong ဒုက္ခသည်းစခန်းထဲမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်အရေအတွက်က သိန်းနဲ့ချီရှိတယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။
Link : Here
No comments:
Post a Comment