Friday, July 19, 2019

ရိုဟင်ဂျာအရေး မြန်မာအပေါ် ဘဏ္ဍာရေးအရ ဒဏ် ခတ်ဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဇူလိုင်၊ 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)
 
မြန်မာနိုင်ငံကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တ သန်းနီး ပါးကို မြန်မာနိုင်ငံက ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လိုလားနေပြီး အဲဒီလိုဖြစ်လာအောင် နိုင်ငံတကာ က ဘဏ္ဍာငွေကြေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုနဲ့ ထောက်ခံ ပံ့ပိုးစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ထိပ်တန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုကို တညီညွတ်ထဲ ချမှတ်ကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီး Abdul Kalam Momen က ဗွီအိုအေ ဘင်္ဂလားဌာနနဲ့ မေးမြန်းခန်းတခုအတွင်း တောင်း ဆိုသွားတာပါ။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ကလည်း ဒုက္ခသည်တွေကို နေရပ်ရင်းပြန်ပို့ရေး စတင်လုပ် ဆောင် ဖို့ တောင်းဆိုထားပါတယ်။ “ဒီဝန်ထုပ်ဝန်ပိုးကြီးကို ကျမတို့ ဘယ်လောက်ကြာကြာ ထမ်းပိုးထားရ မှာပါလဲ။ ရိုဟင်ဂျာတွေကို နေရပ်ရင်း မြန်မြန် ပြန်ပို့ နိုင်လေ အားလုံးအတွက် ပိုကောင်းလေဖြစ်မှာပါပဲ။” လို့ ပြင်သစ်သံအမတ်ကြီးတဦးကို ဝန်ကြီးချုပ် Hasina က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံဟာ အရင်တုန်းက ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး သဘောတူညီချက်တွေကိုအကောင် အထည်ဖော်ခဲ့ဖူးပြီး ၁၉၉၂ ခုနှစ်မှာ ဒုက္ခသည် နှစ် သိန်းခွဲထဲက အများစုကို ပြန်လက်ခံခဲ့တယ်လို့ ဝန်ကြီး Momen ကပြောပါတယ်။

“ဒီတကြိမ်မှာလည်း သူတို့ပြန်လက်ခံမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ တို့ အာမခံချက်ပေးထားလို့ပါ။ ဒါပေမယ့်လည်း ဒီလူတွေ ပြန်သွားချင်လောက်အောင် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်း ကျင်မျိုး မြန်မာအစိုးရက ဖန်တည်းလုပ် ဆောင်တာမရှိသေးပါဘူး။” လို့ ဝန်ကြီး Momen ကပြောပါတယ်။

ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ နှစ်နိုင် ငံနယ်စပ်မှာ ပြင်ဆင်ထားသလို ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ပူးပေါင်း ဆောင်ရွက် နေတယ်လို့ ပြောထားပါတယ်။ အခုချိန်ထိတော့ ကြိုဆိုလက်ခံရေးစခန်းတွေဆီ ပြန်ဝင်လာတဲ့ဒုက္ခသည် တဦးမှ မရှိသေးပါဘူး။

Link : Here 



 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */