Friday, May 31, 2019

ဒုက္ခသည်ပြန်လာရေး ဘင်္ဂလားဒေ့ရှ်အစိုးရက အကူ အညီမပေးဘူးလို့ ဝန်ကြီးဦးကျော်တင့်ဆွေပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-31
                   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ သွားရောက်နေထိုင်နေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ် 
                                                                 Photo: Aung Thain Kha/RFA

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်အားလုံးကို မြန်မာအစိုးရက ပြန် လည်လက်ခံမှာဖြစ်ပြီး နေထိုင်ခွင့်လက်မှတ်တွေလည်း ထုတ်ပေးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင် ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။
အဲဒီဒုက္ခသည်တွေပြန်လာရေးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကူညီပေးတာမရှိဘူးလို့ သူကပြောပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် အာရှအနာဂတ်ညီလာခံမှာ ပြောလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်ပြန်ပို့ရေး နှစ်နိုင်ငံသဘောတူညီချက်ကို လေးစားလိုက်နာတာ မရှိသလို မြန်မာအစိုးရရဲ့ ဒုက္ခသည်ပြန်လက်ခံရေးနဲ့ နေထိုင်ခွင့်ကတ်ပြားထုတ်ပေးရေး ကြိုးပမ်းမှုတွေ မှာလည်း ပူးပေါင်းပါဝင်မှုမရှိဘူးလို့ ဝန်ကြီးဦးကျော်တင့်ဆွေက ပြောပါတယ်။

ဒုက္ခသည်ပြန်လက်ခံရေးအစီအစဉ်ဟာ ၂ဝ၁၈ ဇန်နဝါရီလထဲက စတင်ရမှာဖြစ်ပေမယ့် ဒီအစီအစဉ်နဲ့ ပြန်လာတဲ့သူ တစ်ယောက်မှ မရှိသေးဘူးလို့ ဆိုပါတယ်။ မွတ်စလင်ဒုက္ခသည် ၂ဝဝ လောက်ကတော့ သူ့သဘောနဲ့သူ ပြန်လာခဲ့ကြတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ပြန်လာတဲ့ ဒုက္ခသည်အားလုံးကို နေထိုင်ခွင့်လက်မှတ်ထုတ်ပေးမှာဖြစ်ပြီး နိုင်ငံသား ဖြစ်ခွင့်ရှိသူတွေကိုလည်း လျှောက်ခွင့်ပေးသွားမယ်လို့ ဝန်ကြီးဦးကျော်တင့်ဆွေက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးအပြင် နှစ်နိုင်ငံနယ်စပ်နားမှာ ပိတ်မိနေတဲ့ ဟိန္ဒူဒုက္ခသည်အရေးကိုလည်း သူ ကပြောသွားပါတယ်။ ဟိန္ဒူ ၄၄၄ ယောက်ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့တောင်းဆိုထားတာကို ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်လွှတ်မပေးဘူးလို့ ဆိုပါတယ်။ ဟိန္ဒူ ၂ဝ လောက်က ကိုယ့်အစီအစဉ် နဲ့ကိုယ် မြန်မာနိုင်ငံကို ပြန်လာခဲ့ကြတာရှိပြီး အစိုးရအစီအစဉ်နဲ့ ပြန်လာတဲ့သူ မရှိသေးဘူးလို့လည်း ပြောသွားပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */