Monday, February 11, 2019

ရသေ့တောင် ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ၏ အရှေ့ ဘက်တွင် မိုင်း ၂ လုံး ဆက်တိုက်ပေါက်ကွဲ

Rohingya Today 


ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ၏ အရှေ့ ဘက် ရှိ ရေကန်အနီး လမ်းဘေးတွင် မိုင်း ၂ လုံးပေါက်ကွဲခဲ့သည်။ယနေ့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နေ့ လည် ၁၂း၄၀ နာရီအချိန်တွင် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ၏ အရှေ့ဘက် တွင် ရှိ သည့် ရေကန်အနီး လမ်းဘေးတွင် မိုင်း ၂ လုံး ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ဒေ သခံ များက Rohingya Today သို့ပြောပါသည်။

မိုင်းပေါက်ကွဲသည့်နေရာ
 
နေ့လည် ၁၂ နာရီကျော်တွင် ရသေ့တောင်မြို့နယ် အုတ်ဖိုကျေးရွာအုပ်စုမှ စစ်သားများနှင့် နယ်ခြားစောင့်ရဲ အင်အား ၁၀ဝ ကျော်တို့သည် ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာကို ဖြတ်သန်း၍ ဆင်ခုန်းတိုင် ရခိုင်ရွာသို့ သွားနေ စဉ် ဆင်ခုန်းတိုင် ရိုဟင်ဂျာရွာ၏ အရှေ့ဘက်ရှိ သောက်ရေကန်အနီးသို့ ရောက်သည့်အချိန်တွင် လမ်းဘေး မှ မိုင်း ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။“မိုင်းပေါက်ကွဲပြီးပြီးချင်း စစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေက ရိုဟင်ဂျာရွာဘက်ကို သေနတ်နဲ့ ချိန်ထားခဲ့တယ်။ ဒါပေမယ့် တပ်ရင်းမှူးက ပစ်ခွင့်မပေးလို့ မပစ်ခဲ့ဘူး။ ရခိုင် ရွာဘက်က ရွာသားအုပ်စုတစ်စုကတော့ ရွာအဝမှာရှိတဲ့ တောင်ကုန်းကနေ စစ်သားတွေနဲ့ နယ်ခြား စောင့် ရဲတွေကို စောင့်ကြည့်နေခဲ့တယ်” ဟု ရွာသားတစ်ဦးက ပြောပါသည်။
 

  တပ်ရင်းမှူးက တပ်ဖွဲ့ဝင်များနှင့်အတူ ရိုဟင်ဂျာရွာထဲသို့ ဝင်ရောက်လာပြီး ရပ်မိရပ်ဖများကို ခေါ်ကာ ယခု ပေါက်ကွဲမှုသည် မွတ်စလင်များ၏ လက်ချက်မဟုတ်သည်ကို မိမိတို့ သိရှိကြောင်း၊ ရခိုင်များ၏ လက်ချက် သာ ဖြစ်သည်ကို မိမိတို့သိကြောင်း၊ ယခုကဲ့သို့ မွတ်စလင်ရွာအနီးအနားတွင် မိုင်းထောင် ဖောက် ခွဲခြင်း သည် မွတ်စလင်များနှင့် စစ်တပ်အကြား ရန်တိုက်ပေးခြင်းသာ ဖြစ်ကြောင်း၊ ရခိုင်များက ရန်ရှာနိုင် သဖြင့် သတိရှိရှိ နေကြရန် လိုကြောင်း ပြောကြား ခဲ့သည်။စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် နေ့ လည် ၂ နာရီအချိန်တွင် ဆင်ခုန်းတိုင် ရခိုင်ရွာ ဘက် သို့ မသွားတော့ဘဲ ဆင်ခုန်းတိုင်ကျေးရွာ မြောက် ဘက် ရှိ ဘူး သီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် တို့ ၏ နယ်နိမိတ် ဖြစ်သည့် အောင်စာချောင်းကို ကူး၍ ဘူးသီး တောင် နယ်ဘက်သို့ ကူးဝင်သွားသည်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */