RFA
လွတ်လပ်တဲ့အာရှအသံ
2019.01.28
ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ်
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းနိုင်ရေးကိစ္စ လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေးအတွက် တရုတ်ပြည် အနေနဲ့ အားကောင်းမောင်းသန် ပံ့ပိုးကူညီပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တိုက် တွန်းလိုက်ပါတယ်။ တာဝန်ပြီးဆုံးသွားတဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျို ကို နှုတ် ဆက်တွေ့ဆုံစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမင် က တနင်္ဂနွေနေ့က တိုက်တွန်းခဲ့တာပါ။
ရခိုင်ပြည်နယ်က နေရာရွှေ့ပြောင်းခဲ့ရသူတွေ မူလနေထိုင်ခဲ့ရာ ပြန်လည်ရောက်ရှိရေးအတွက် တရုတ်ပြည် က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ကူညီဖို့ ဆန္ဒရှိကြောင်း၊ ဒီပြဿနာအပေါ် လက်တွေ့ကျ ကျ ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့နဲ့အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တရုတ်သံအမတ်ကြီး က ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အနီးကပ်မိတ်ဆွေအဖြစ် သိထားကြတဲ့ တရုတ်ပြည်အနေနဲ့၊ ရခိုင်ပြည်နယ်က မွတ်စလင်ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအပေါ် နိုင်ငံတကာအသိုင်းအဝန်းရဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေကနေ အ ကာအကွယ်ပေးနေ တာဖြစ်ကြောင်းလည်း သတင်းမှာဖေါ်ပြပါတယ်။
ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး အမြင့်ဆုံးအဆင့်ထိရောက်ရှိလိုကြောင်း တရုတ်သံအမတ် ကြီးက ပြောဆိုပါတယ်။

Link: Here
No comments:
Post a Comment