By AFP 22 February 2022
Gambia dragged Myanmar before the International Court of Justice (ICJ) in 2019, accusing the predominantly Buddhist country of genocide against the Rohingya Muslim minority after a bloody 2017 military crackdown.
Ukhia ရှိ ရိုဟင်ဂျာ စခန်းတစ်ခုတွင် ယာဘ ဖြန့်ဖြူးမှု ဖြစ်စဉ်ကို တွေ့မြင်ရပြီးနောက် ရိုဟင်ဂျာ ဆယ်ကျော် သက် နှစ်ဦးကို အကြမ်းဖက် သမားများက ပစ်သတ်ခဲ့သည်။ ပြင်းထန်သော ဒဏ်ရာများဖြင့် ဆယ်ကျော်သက် နှစ်ဦးအား ကော့ဘဇားခရိုင် ဆာဒါဆေးရုံသို့ ပို့ဆောင်ထားသည်။ ဒီအဖြစ်အပျက်ဟာ Ukhia မှာရှိတဲ့ Kutupalong 1 / East Lambasia ရိုဟင်ဂျာစခန်းမှာ တနင်္ဂနွေနေ့ ညနေ ၄ နာရီ ၃၀ လောက်က ဖြစ်ခဲ့တာပါ။
RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊သတင်းများ
2022.02.21
B B C
ဘီဘီစီမြန်မာပိုင်းB B C
ဘီဘီစီမြန်မာပိုင်း [ Unicode ]
နယ်သာလန်နိုင်ငံ၊
သယ်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(အိုင်စီဂျေ)ကို လာတဲ့စစ်ကောင်စီ
ကိုယ် စား လှယ်တွေကို ပြည်ပရောက်မြန်မာတွေက ဖေဖော်ဝါရီလ ၂၂ ရက်မှာ
ဆန္ဒပြခဲ့ကြပါတယ်။ဂမ်ဘီယာနိုင်ငံက မြန် မာနိုင်ငံအပေါ်စွဲဆိုထားတဲ့
ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုအတွက် ကနဦး ကန့်ကွက်မှု
အတွက် လျှောက်လဲဖို့ စစ်ကောင်စီဘက်က
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့
တရားရေးရာဝန်ကြီး ဒေါ်သီတာဦးတို့ တရားရုံးကို လာရောက်ချိန်
ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
VOA
ဗွီအိုအေမြန်မာပိုင်း
21 ဖေဖော်ဝါရီ၊ 2022
စုမြတ်မွန်
[[Unicode]]
ICJ မြန်မာဂမ်ဘီယာအမှု ကြားနာပွဲ မြန်မာလူထုစိတ်ဝင်စားမှုအမျိုးမျိုး
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအပေါ်
ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို Netherlands နိုင်ငံ The Hague
မြို့က ICJ နိုင်ငံတကာ တရားရုံးမှာ အခုအသံလွှင့်နေချိန်မှာ
ကြားနာစစ်ဆေး နေပါတယ်။ ဒီအမှုအတွက် NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်က
မြန်မာနိုင်ငံဘက်က ဦး ဆောင်သွားရောက် ချေပခဲ့တုန်းက မြန်မာပြည်သူအများစု
သူ့ဘက်က ရပ်တည်အားပေးခဲ့ကြပါတယ်။ အခုတ ခေါက်
အမှုပြန်လည်စတင်ကြားနာမှုအပေါ်မှာရော ပြည်သူတွေရဲ့စိတ်ဝင်စားမှု
ဘယ်လောက်ထိရှိ နေ ပါလဲ။ ရန်ကုန်က စုစည်းပေးပို့လာသမျှကို
မစုမြတ်မွန်ကတင်ပြပေးထားပါတယ်။
VOA
ဗွီအိုအေမြန်မာပိုင်း
မအင်ကြင်းနိုင်
22 ဖေဖော်ဝါရီ၊ 2022
ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ခုခံချေပချက်တွေဟာ အရင် ICJ တရား သူ ကြီးတွေ ပယ်ချခဲ့တဲ့ အချက်တွေနဲ့ ကွာခြားမှုမရှိတဲ့အတွက် ဒီတကြိမ်မှာလည်း မြန်မာဘက်က အားသာဖို့မရှိဘူး လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။
Link : HereICJ စီရင်ပိုင်ခွင့် မြန်မာကန့်ကွက်မှုအပေါ် ပညာရှင်တဦးအမြင်
ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ခုခံချေပချက်တွေဟာ အရင် ICJ တရား သူကြီးတွေ ပယ်ချခဲ့တဲ့ အချက်တွေနဲ့ ကွာခြားမှုမရှိတဲ့အတွက် ဒီတကြိမ်မှာလည်း မြန်မာဘက်က အားသာ ဖို့ မရှိဘူးလို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။
ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် ၂၀၁၉ ခုနှစ်က စွဲဆိုထားတဲ့ ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွဲ ချက်ကို တရားရုံးအနေနဲ့ လက်ခံဖို့ သင့်မသင့် မနေ့က ICJ တရားရုံးမှာ ကြားနာပွဲပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ သုံးသပ်ချက် အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။
B B C
ဘီဘီစီမြန်မာပိုင်းUnicode:
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာပြည်ရင်ဆိုင်နေရတဲ့အမှုကို သယ်ဟိတ် မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICJ)မှာ နောက်တစ်ကြိမ် ကြားနာမှုကို ဒီနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ပြုလုပ်ဖို့ရှိနေပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယားနိုင်ငံ က တရားစွဲတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက ကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့ အ တွက် အဲဒီကန့်ကွက်မှုတွေနဲ့စပ်လျဉ်းပြီး ICJ က ကြားနာသွားမှာဖြစ်ပါတယ်။
"စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာသံရုံးကနေ ICJ တရားရုံးက ဆက်သွယ်ဆောင်ရွက်ခဲ့လို့ စစ်ကောင် စီ ကိုယ် စားလှယ်အဖွဲ့က လာရောက်ဖြေရှင်းခွင့်ရခဲ့တာ။ တရားရုံးအနေနဲ့အခုလိုဆောင်ရွက်လိုက်တာဟာ မှန်ကန်တဲ့ ဆောင် ရွက်ချက်မဟုတ်ဘူး။ ICJ တရားရုံးက နိုင်ငံကိုယ်စားပြုအစိုးရဆိုပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။UN ရဲ့တာဝန် မဲ့မှုတွေကြောင့် အခုလိုတွေဖြစ်လာတာ။သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် NUG အစိုးရရဲ့ သံအမတ်ဖြစ်တည် လို့ တိတိကျကျ ဆုံးဖြတ်ခဲ့ရင် ဒီပြဿနာဖြစ်လာမှာ
မဟုတ်ဘူး။ UN မှာ ရှိနေတဲ့ ဝန်ထမ်း တွေသည် ကမ္ဘာနိုင် ငံ တွေက ပြည်သူတွေဆီက အခွန်အခတွေနဲ့ လစာတွေယူပြီး တာဝန်တွေေ ကြအောင် မလုပ်ဘူး။ သမ္မတကိုဖမ်းပြီး နိုင်ငံအာဏာလုထားတဲ့ စစ်တပ်က မြန်မာနိုင်ငံရဲ့ အစိုးရမဟုတ်ဘူး။ပြည်သူလူ ထုကရွေးချယ်ထားတဲ့ NUG ကပဲ မြန်မာနိုင်ငံအစိုးရဖြစ်တယ်"
အောင်သူ (ဒီမိုကရတစ်မြန်မာ့အသံ)
ကိုနေဆန်းလွင် (ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ပူးပေါင်းတည်ထောင်သူ)
မခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ)
#DVBTV #Rohingya #ICJ #Talkshow #WhatsHappeningInMyanmar
Mizimma Media
၂၀ ရက် ဖေဖေါ်ဝါရီ ၂၀၂၂
"အမှုကို ခုခံဖို့ ဆိုတာထက် အဲ့မှာ (ICJ) ကိုယ်စားပြုခွင့် ရတယ်ဆိုရင် နိုင်ငံတကာမှာ တရားဝင် အစိုးရ တစ် ဖွဲ့ အနေနဲ့ ရပ်တည်ခွင့် ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားတယ်လို့ ထင်တယ်။ တရားရုံးမှာ ကိုယ်စားပြုခွင့် ရတာက အစိုး ရ တစ်ရပ် အနေနဲ့ တရားဝင်ဖြစ်မှာ မဟုတ်ဘူး၊ ဒါကို သူတို့ (စစ်ကောင်စီ) နားလည်ဖို့လို တယ်" ရို ဟင်ဂျာများ ကို လူမျိုးတုံး သတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား စွဲဆိုထားသည့် အမှုကို ဒုတိယ အကြိမ် အဖြစ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ လာမည့် ဖေဖော်ဝါရီလ ၂၁ ၊ ၂၃ ၊ ၂၅ နှင့် ၂၈ ရက်နေ့များတွင် လေး ရက်ကြာ ကြားနာ စစ်ဆေးမည် ဖြစ်သည်။
B B C
ဘီဘီစီမြန်မာပိုင်းရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးစေတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice - ICJ) ကနေ တရားစီရင်ပေးဖို့ ဦးတိုက်လျှောက်ထားခဲ့တဲ့အတွက် မြန်မာ အနေနဲ့ တရားရင်ဆိုင်နေရရာမှာ လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်အထိ လုပ်မယ့်တရားစီရင် ရေးနဲ့ပတ် သက်လို့ အောက်ပါအတိုင်း အကျဉ်းရုံး ရှင်းပြထားပါတယ်။
(Human Rights Watch က ထုတ်ပြန်တဲ့ Developments in Gambia's Case Against Myanmar at the International Court of Justice ပါ အချက် အလက်တွေနဲ့ The Pennsylvania State Universityက Professor တယောက် လည်းဖြစ်၊ Arakan Rohingya Union က Director Generalလည်း ဖြစ်တဲ့ ဒေါက် တာ ဝါကာ အူဒင်က ဘီဘီစီရဲ့ အမေးတွေကို ဖြေကြားထားချက်တွေ ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ချက်တွေအပေါ်မှာ အခြေခံပြီး ရေးသားထားပါတယ်။)
Prothum
Alo------
Own reporter
RepresentativeCox's Bazar and Teknaf
Published: 18 February 2022,
Parvej Siddique Bhuiyan
February 17, 2022
By allowing the coup regime to present a defense at upcoming genocide hearings, the court risks legitimizing the junta