" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Thursday, January 12, 2023

လှေစီးပြေး ဒုက္ခသည်များကို ဒေသတွင်းနိုင်ငံများက ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ပေးရေး ကုလ လူ့အခွင့်အရေး မဟာ မင်းကြီး ပန်ကြား

မဇ္ဖျိမ 
UN News Centre
12 January 2023

အန္တရာယ်များသော ပင်လယ်ပြင်ခရီးကို စက်လှေများဖြင့် ထွက်လာသည့် ရိုဟင်ဂျာဒုက္ခသည်များကို အင်ဒိုနီးရှား ငါးဖမ်းသမားများက ကယ်ဆယ်ပေးခဲ့ပြီးနောက် ရက်များအကြာ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်များကို ဒေသ တွင်းနိုင်ငံများက ကာကွယ်စောင့်ရှောက်မှုများ တိုးမြှင့်ပေးအပ်ရေး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်း ကြီး ဗော့လ်ကာ တာ့ခ်က ပြီးခဲ့သည့် ဒီဇင်ဘာလကုန်တွင် ပန်ကြားလိုက်သည်။
 

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ အခန်းကဏ္ဍ

VOA
ဗွီအိုအေမြန်မာပိုင်း
​ခင်မျိုးသက်
၁၂ ဇန္နဝါရီ၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi. (Kemenlu RI) 

၂၀၂၃ မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ကြောင်းနဲ့ ဒီအဖွဲ့ကို သူကိုယ်တိုင်ဦးဆောင်မှာဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ ဂျကာတာက Fathiyah Wardah သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ရဲ့ ဂျကာတာမှာ ဗုဒ္ဓဟူးနေ့က ပြောကြားတဲ့ နှစ်ပတ်လည်မိန့် ခွန်းမှာ မြန်မာ့အရေးကို အထူးပြုပြောကြားသွားပါတယ်။

မြန်မာစစ်အာဏာသိမ်းပြီးနောက် ရက်စက်ကြမ်းကြုတ်မှု များ ပိုမိုများပြားလာ

HUMAN RIGHTS WATCH
January 12, 2023

အာဆီယံနိုင်ငံများအနေဖြင့် စစ်အစိုးရအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ချမှတ်သင့်

၂၀၂၂၊ မတ်လ ၃ ရက်၊ ရန်ကုန်မြို့ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွင် အာဏာဖီဆန်ရေး အမှတ်အသား လက်သုံးချောင်းထောင်ပြီး မီးရှူးမီးပန်းများ ကိုင်ဆောင်ထားသော ဆန္ဒပြသူမျာ © ဓာတ်ပုံ မြတ်သူကျော်/NurPhoto via AP

(ဂျကာတာ) – ၂၀၂၁၊​ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်အစိုးရသည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တာဝန်ရှိသည်ဟု HRW က ယနေ့ ထုတ်ပြန်သည့် ‘ကမ္ဘာ့အစီရင်ခံစာ ၂၀၂၃’ တွင် ဖော်ပြထားသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးထိန်း သိမ်း မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် အရပ်သားများအပေါ် တိုက်ခိုက်မှုများကို လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး အကျပ်အတည်းကြားတွင် အန္တရာယ်နှင့်ရင်ဆိုင်နေရသော ပြည်သူ များသို့ လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကို စစ်အစိုးရမှ ပြင်းထန်စွာ ဟန့်တားခဲ့သည်။

သန်လျင်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၈ဝ ခန့် ထောင်နှစ်နှစ်စီ ချမှတ်ခံရ

RFA
RFA Burmese
2023.01.11
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာအယောက် ၈ဝ ထဲက တစ် ယောက်ဟာ အူအတက်ပေါက်လို့ သေဆုံးသွားပြီး ကျန်တဲ့ ၇၉ ယောက်ကတော့ စစ်ကောင်စီရဲ့ သန်လျင်မြို့နယ် တရားရုံးကနေ ဇန်နဝါရီ ၁ဝ ရက်နေ့မှာ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံလိုက်ရပါတယ်။

အမိန့်ချခံရပြီးနောက် ဇန်နဝါရီ ၁၁ ရက်နေ့မှာ အသက်ပြည့်ပြီးသူတွေကို အင်းစိန်ထောင်ကို ပို့ဆောင်ပြီးအသက် မပြည့်သေးသူတွေကိုတော့ လူငယ်သင်တန်းကျောင်းတွေကို ပို့တယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။

ရန်ကုန်တွင်ဖမ်းမိသည့် ရိုဟင်ဂျာ ၇၇ ဦးကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချ

DVB
12 January, 2023

ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ သန်လျင်၊ မရမ်းကုန်းမြို့နယ်နဲ့ ရွှေပြည်သာတို့မှာ ဇန်နဝါရီ ၂ ရက်ကနေ ၆ ရက်အ တွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာ ၁၄၈ ဦးထဲက ၇၇ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီ က ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သန်လျင်မြို့နယ်တရားရုံးမှာ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက ရိုဟင်ဂျာ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃၂ ဦးတို့ ကို လဝကဥပဒေပုဒ်မ ၆(၃) နဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချလိုက်တာ ဖြစ်တယ်လို့ ရှေ့နေတဦးက ပြောပါတယ်။

Wednesday, January 11, 2023

လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီး နင်းဖမ်းဆီးချိန် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု များကိုလည်းသိမ်းဆည်းရမိ

 

 

 

၂၀၂၃ ခုဇန္နဝါရီလ ၁၁ ရက်။ 

ထွန်းမင်းလတ်၏ လက်ဝယ် သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုများတွင် ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်သည့် အိပ်ခန်းလေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင် မှု စာရွက်

မြန်မာခရိုနီ စစ်လက်နက်ပွဲစားထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးချိန်တွင် အကြမ်: ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း Justice For Myanmar က ယနေ့ထုတ်ပြန်သည်။

ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနှင့် လက်နက်ပွဲစားထွန်းမင်းလတ်ကို စီးနင်းဖမ်းဆီးချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သည့် တန်ဖိုးကြီးကွန်ဒိုတစ် ခန်း၏ ပိုင်ဆိုင်မှုအထောက်အထားနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်၏ ဘဏ်စာအုပ်များကို တစ်ပါတည်း တွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Tuesday, January 10, 2023

တစ်နှစ်အတွင်းရိုဟင်ဂျာ ၃၅၀၀ ကျော် အဖမ်းခံရ

B B C 

ဘီဘီစီမြန်မာပိုင်း

၂၀၂၃ ဇန်နဝါရီ ၉ ရက် ။  

ပြီးခဲ့တဲ့နှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလာဒေရှ့် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၃၅၁၄ ဦး ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ဦးအောင် ကျော် မိုးက ဘီဘီစီကို ပြောပါတယ်။

၂၀၂၂ ခုနှစ်ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ရိုဟင်ဂျာတွေ အများဆုံးဖမ်းဆီးခံခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ သူတို့ပြု စု ထားတဲ့ စာရင်းဇယားတွေကိုအခြေခံပြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာလာရင်း သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာ နှစ်ရာနီးပါးရှိပြီး အများစုက ပင် လယ် ပြင်မှာသေဆုံးခဲ့ရတာလို့ သူကဆက်ပြောပါတယ်။ 

ဘိုကလေးမှာအဖမ်းခံရတဲ့ ရိုဟင်ဂျာတစ်ရာကျော် ထောင်ငါး နှစ်အထိချမှတ်ခံရ

RFA
RFA Burmese
2023.01.09

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာ ကလေး ၁၂ ဦး အပါအ ဝင် အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၄၇ ဦး တို့ကို စစ်ကောင်စီရဲ့ ဘိုကလေးမြို့နယ်တရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီ လ ၅ ရက်နေ့က ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချလိုက်တယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ထောင်ချခံလိုက်ရသူတွေဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်က ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

‘အထောက်အထားမဲ့’ ခရီးသွားလာခြင်းကြောင့် ရိုဟင်ဂျာ ၁၀၀ ကျော်ကို ထောင်ချ 

မဇျ္စိမ
AFP
10 January 2023

“တရားဝင် အထောက်အထားများ” မပါရှိဘဲ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ကြိုးစားခြင်းကြောင့် ကလေးတစ် ဒါဇင်အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦးကို ထောင်ဒဏ် နှစ်နှစ်မှ ငါးနှစ်အထိ မြန်မာအာဏာပိုင်များက ပြစ်ဒဏ်ချမှတ် ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ဖော်ပြသည်။

အဆိုပါ အုပ်စုကို ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်လက ဖမ်းဆီးမိခြင်းဖြစ်ပြီး ဇန်နဝါရီ ၆ ရက်တွင် ပြစ်ဒဏ်ချခြင်း ဖြစ်သည်ဟု ဌာနေရဲတပ်ဖွဲ့ကို ကိုးကားပြီး Global New Light of Myanmar သတင်းက ဖော်ပြသည်။

ကလေးများကို စီးပွားရေးအချက်အချာ ရန်ကုန်အနီးက “လူငယ်လေ့ကျင့်သင်ကြားရေးကျောင်း” သို့ ဇန်နဝါရီ ၈ ရက် လွှဲအပ်ခဲ့ကြောင်း နောက်ထပ် အသေးစိတ်မဆိုဘဲ ယင်းသတင်းစာက ဖော်ပြသည်။

ရန်ကုန်တိုင်းတွင် နှစ်သစ်ကူး ရက်သတ္တပတ်အတွင်း ရိုဟင်ဂျာ ၁၃၆ ဦး ဖမ်းခံရ

BNI
Tuesday, January 10, 2023

ရန်ကုန်တိုင်းဒေသကြီးတွင် ဇန္နဝါရီလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ တပတ်တာ ကာလအတွင်း ရိုဟင်ဂျာဦးရေ ၁၃၆ ဦးအထိ ဖမ်းဆီးခံရသည်ဟု ရိုဟင်ဂျာများအရေး လုပ်ဆောင်နေသူများက ပြောသည်။

ထိုသို့ ဖမ်းဆီးခံရသည့်အထဲတွင် အမျိုးသား ၇၀ ဦးနှင့် အမျိုးသမီး ၆၆ ဦးပါဝင်ပြီး အသက် ၁၈ နှစ်အောက် အမျိုးသားတစ်ဦး ပါဝင်သည်ဟု ပြောသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ နှင်းပန်း ၁ လမ်း၊ အိမ်အမှတ် ၄၅ တွင် ပြီးခဲ့သည့် ဇန္နဝါရီလ ၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီ အချိန်ခန့်က ရိုဟင်ဂျာ ၂၇ ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ပြောသည်။

မဲဆောက်တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာနှင့် ရိုဟင်ဂျာ ၇၀ ကျော် ဖမ်းဆီးခံရ

DVB
10 January, 2023

ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး သင်္ချိုင်း ကုန်းအနီး ကြံပင်တွေကြားမှာ ပုန်းအောင်းနေတဲ့ မြန်မာနဲ့ ရိုဟင်ဂျာ စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ တရားမဝင်သူတွေ ဝင်ရောက်လာကြောင်း သတင်းပေးပို့ချက်အရ ထိုင်းစစ်တပ် နရဲစွန် ခြေမြန်တပ် ရင်း လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၈ ရက်က မဲဆောက်မြို့ ထာ့ဆိုင်လွတ်အုပ်စု ဘန့်ဝမ်းမုန့်ရွာ သု သာန်အနီး ကြံခင်းထဲကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

ကနဦးမှာ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦးကို ဖမ်းဆီးရမိပြီး ပွဲစားကတော့ ထွက်ပြေး လွတ်မြောက်သွားတယ် လို့ ဆိုပါတယ်။

အကူအညီတွေ လိုအပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ

VOA
ဗွီအိုအေမြန်မာပိုင်း
VOA Policy
January 09, 2023

မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာတွေကို လူမျိုးတုံးစေမယ့် စစ်ဆင်ရေးတွေလုပ်ခဲ့တာဟာ အခုဆိုရင် ၅ နှစ် ရှိပါပြီ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုှံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း သူတို့အတွေ့အကြုံတွေကိုပြော ပြပါတယ်။ အကြမ်းဖက်မှုတွေကနေ ရှောင်ကွင်းနိုင်ဖို့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းခွဲဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပြီး အခုဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အရေအတွက်က ၁ သန်း နီးပါး ရှိနေပြီဖြစ်ပါတယ်။

Monday, January 9, 2023

ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါး လိုက်ပါတဲ့လှေ အင်ဒိုနီးရှား မှာ ဆိုက်ကပ်

RFA
RFA Burmese
2023.01.08

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ဆိုက်ရောက်လာသည့် လှေပေါ်တွင် လိုက်ပါလာကြသော ရိုဟင်ဂျာဒုက္ခသည်များ။ Reuter

အမျိုးသမီးနဲ့ကလေးအများစုပါတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ဝဝ နီးပါးကို တင်ဆောင်လာတဲ့ သစ်သားလှေတစ်စင်း အင်ဒိုနီးရှားအနောက်ဘက်ကမ်းကို မနေ့က ဆိုက်ကပ်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ မှု စိုးရိမ်ဖွယ်ရှိ

VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
၀၈ ဇန္နဝါရီ၊ ၂၀၂၃
A wooden boat is used to carry RohingyaÊrefugees rest at a beach in Ladong village Indonesia, December 25, 2022.
 
မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့တိုင်းတချို့က ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ ရိုဟင်ဂျာမူဆလင်တွေ အစုလိုက်အပြုံလိုက် မကြာခဏဆိုသလို ခပ်စိပ်စိပ် အဖမ်းအဆီးခံရတဲ့ အနေအထားက အင်မတန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ ဟာ သူတို့ ဘဝရေရှည် နေထိုင်ရပ်တည်ရေးနဲ့ အနာဂတ်အတွက် အာမခံချက်မရှိတာရယ် အသက်အန္တရာယ် လုံခြုံရေး အတွက်ပါ အထူးစိုးရိမ်ရတာမို့ အခုလို နည်းလမ်းပေါင်းစုံသုံးပြီး နေရပ်ကနေ စွန့်ခွာထွက်ပြေးဖို့ ကြိုး စားနေကြတာဖြစ်ပါတယ်။ ဒီလိုစွန့်ခွာထွက်ပြေးနေကြချိန် လမ်းခရီးမှာ အစုလိုက်အပြုံလိုက် အဖမ်းခံရတာ တရားစွဲဆို ထောင်ချခံရတာ နောက်ဆုံး အသတ်ခံရတဲ့အထိ ကြုံရတဲ့အထိ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရ တယ် လို့ လည်း ရိုဟင်ဂျာတွေက ပြောပါတယ်။ အကြောင်းစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Sunday, January 8, 2023

ရိုဟင်ဂျာ ၁၈၅ ယောက်တင်လာတဲ့လှေ အင်ဒိုနီးရှား အာ ချေး ကမ်းခြေကို ထပ်ရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၈ ဇန္နဝါရီ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးကမ်းခြေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ။
 

ရိုဟင်ဂျာဒုက္ခသည် ၁၈၅ ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ကမ်းခြေကို လှေနဲ့ တနင်္ဂနွေနေ့က ရောက်ရှိလာကြတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာဌာန ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တနင်္ဂနွေနေ့ ဒေသအချိန် နေ့လည် ၂ နာရီခွဲလောက်က ရောက်လာကြတဲ့ ဒီအသုတ်မှာ တစ်ဝက်လောက်က အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ကြတယ်လို့ အာချေးဘီဆာ ဘေးအန္တရာယ်ဌာန အကြီးအကဲ Ridwan Jamil က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Saturday, January 7, 2023

ရွှေပြည်သာမြို့နယ်မှာ ရိုဟင်ဂျာ ၂၇ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.06 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။Citizen Journalist

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ နှင်းပန်း (၁) လမ်းက အိမ်အမှတ် - ၄၅ မှာ ရိုဟင်ဂျာ ၂၇ ဦးကို ဒီနေ့ ဇန်နဝါရီ လ ၆ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ခုနစ်ဦးတို့ ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ယောကျာ်းလေးက ၁၉ ယောက်၊ မိန်းကလေးက ငါးယောက်၊ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်က ယော ကျာ်းလေး တစ်ယောက်၊ မိန်းကလေးက နှစ်ယောက် စုစုပေါင်း ၂၇ ယောက်မိတာ”

ရွှေပြည်သာမြို့နယ်၌ ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
6 January, 2023 

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၇ ရပ်ကွက်၊ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်မှာ ဇန်နဝါရီ ၆ ရက် ဒီနေ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရ ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သတင်းပေးချက်အရ နှင်းပန်းအိမ် ၁ လမ်းက နေအိမ်တအိမ်ကို ဝင်ရောက်စစ်ဆေး ရာ ရိုဟင်ဂျာ အမျိုးသား အယောက် ၂၀ နဲ့ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

Tuesday, January 3, 2023

BURMA ACT 2022 မှာ ဘာတွေပါဝင်သလဲ

DVB
DVB | 3 January, 2023

BURMA ACT ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA 2023 ကို အမေရိ ကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက် သမ္မတဂျိုးဘိုင်ဒင်က ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၃ ရက်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့လို့ ဥပဒေ စတင် အသက်ဝင်နေပြီဖြစ်ပါတယ်။ NDAA 2023 ဥပဒေထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ BURMA ACT 2022 ကိုပါ တပါတည်း ထည့်သွင်းအတည်ပြုလိုက်တာ ဖြစ် ပြီး ဒီအထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘယ်လို မူဝါဒတွေ ပါဝင်သလဲဆိုတာကို အကြမ်းဖျင်း အကျဥ်းချုံး ဖော်ပြလိုက်ပါတယ်။

သန်လျင်တွင် ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
DVB | 3 January, 2023

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက် ဘုရားနီ ပေ ၃၀ လမ်းမှာ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း က စစ်ကောင်စီတပ်နဲ့ ရဲတွေ ဧည့်စာရင်းစစ်ဆေးရာမှာ ရိုဟင်ဂျာ ၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူ တွေဆီက သိရပါတယ်။

ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ဒီနေ့မနက် ၂ နာရီက ဧည့်စာရင်းစစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဧည့်စာရင်းစစ်ပြီး ဖမ်းတာ၊ အိမ်ငှားနေတဲ့အခန်းမှာ မိတာ၊ အိမ်ရှင်လည်း ထွက်ပြေးနေတယ်။”

သန်လျင်နဲ့ မြောက်ဒဂုံမှာ ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ

RFA
RFA Burmese
2023.01.03

သန်လျင်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ RFA

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်က နေအိမ်တစ်ခုမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် မနေ့ညပိုင်းက ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဖမ်းခံရတဲ့အထဲမှာ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၂၅ ဦးနဲ့ အသက် မပြည့်သေးတဲ့ ကလေးငယ် ရှစ် ဦး ပါဝင်ပြီး အားလုံးဟာ အာဟာရမပြည့်ဝတဲ့ပုံစံ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိတာကို တွေ့ခဲ့ရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */