" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Monday, September 26, 2022

လူမျိုးစုလေ့လာမှုစာစဥ် အမှတ်(၁၀)၊ကရင်နီ

လူမျိုးစုလေ့လာမှုစာစဥ် အမှတ်(၉)၊ ဥရောပသားအမှူးထမ်းများ၊

လူမျိုးစုလေ့လာမှုစာစဥ် အမှတ်(၈)၊ ပသျှူးလူမျိုး။

လူမျိုးစုလေ့လာမှုစာစဥ် အမှတ်(၇)၊ ချင်းလူမျိုး၊

လူမျိုးစုလေ့လာမှုစာစဥ် အမှတ်(၆)အာမေးနီးယန်း၊

လူမျိုးစုလေ့လာမှုစာစဥ် အမှတ်(၅) ကသဲ/မယ်တိုင်

လူမျိုးစုလေ့လာမှုစာစဥ် အမှတ်(၄)၊မော်ကင်း၊

လူမျိုးစုလေ့လာမှုစာစဥ် အမှတ်(၃)၊ထရုံ၊

လူမျိုးစုလေ့လာမှုစာစဥ် အမှတ်(၂)၊လူကျား၊

လူမျိုးစုလေ့လာမှုစာစဥ် အမှတ်(၁)၊ ဝလူမျိုး၊

Ethnoreligious Group in Myanmar – Naing Soe လူမျိုးစုလေ့လာမှု

Sunday, September 25, 2022

မြန်မာ့အရေး ကုလ ကိုင်တွယ်ပုံ မလေးရှား စိတ်ပျက်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ စက်တင်ဘာ၊ ၂၀၂၂ 

မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တုံ့ပြန် ကိုင် တွယ်မှုနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ဖော်ပြောကြားခဲပါတယ်။

Saturday, September 24, 2022

မင်းလှမြို့နယ်တွင် ရိုဟင်ဂျာ(၄)ဦး ဖမ်းဆီးခံရပြီး ထောင်ဒဏ် (၂)နှစ် ချမှတ်ခံရ

The Arakan Express News
စက်တင်ဘာ ၂၄ ၊ AEN
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ရက်နေ့က ခရီးသွား ရိုဟင်ဂျာ အမျိုးသား (၄)ဦး ဖမ်းဆီးခံရပြီး၊ လဝက ဥပဒေအရ ပြစ်မှုထင်ရှားသည် ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခံရကြောင်း သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နေထိုင်ကြသည့် ဘော်ရှော်၊ ကဟူရာမက်၊ ပါညာနှင့် နာစင်းတို့ (၄)ဦးသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်ဖို့ ရခိုင်ပြည်နယ်မှ ပွဲစားများ၏ အစီအစဉ်ဖြင့် အဆင့်ဆင့် ရေလမ်း၊ ကုန်လမ်းနှင့် ထွက်ခွာလာရာ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးတိုက်နယ်၊ ပရဆိုင်ကျေးရွာ၏ အနောက်ဘက်တောစပ်တွင် တည်းခိုနေစဉ် လူကုန်ကူးပွဲစားအဖွဲ့က ၎င်းတို့အား စွန့်ပစ်သွားခဲ့ကြောင်း၊ တောအတွင်း နေထိုင်နေစဉ် မင်းလှရဲတပ်ဖွဲ့က သတင်းအရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲအရင်းအမြစ်များထံက သိရှိရသည်။
 

ဘီးလင်းမှာ KNU/KNLA(PC) အဖွဲ့ တင်လာတဲ့ ရိုဟင်ဂျာ ၃၆ ဦး အဖမ်းခံရ

Than Lwin Times
ဘီးလင်း၊ စက်တင်ဘာ (၂၄)
 
KNU/KNLA(PC) တပ်ဖွဲ့ဝင်တွေက တင်ဆောင်လာတဲ့ ရိုဟင်ဂျာလူမျိုး ၃၆ ဦးကို မွန်ပြည်နယ် ဘီးလင်းမြို့နယ် ည၁၀နာရီခန့်မှာ ရွှေသံလွင် (တိုးဂိတ်ဟောင်း) ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၂၂ ရက် ည ၁၀ ခန့်က ဖမ်းမိခဲ့တယ်လို့ အမည်မဖေါ်လိုတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုကနေ ဘီးလင်းမြို့နယ်ဘက်ကို အိမ်စီးကား ၃ စီးနဲ့ တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဖမ်းမိသူတွေထဲမှာ အမျိုးသား ၂၂ ဦး အမျိုးသမီး ၁၄ ဦးတို့ ပါဝင်တယ်လို့ဆိုပါတယ်။

Friday, September 23, 2022

ယူကရိန်းလို မြန်မာနိုင်ငံကို ဘာကြောင့် မကူညီတာလဲလို့ ကုလသမဂ္ဂမှာ အရှေ့တီမော သမ္မတက မေးခွန်းထုတ်ခဲ့ပါတယ်။

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022-09-23
 အရှေ့တီမော သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ (José Ramos Horta) က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီကနေ့ မေးခွန်းထုတ်ခဲ့ပါတယ်။

“မြန်မာပြည်သူတွေဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သစ္စာဖောက်မှုကို ခံစားရပြီး ယူကရိန်းနိုင်ငံကို ခေတ်မီ စစ်လက်နက်ပစ္စည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အကူအညီကို မြန်မာနိုင်ငံက မေးခွန်းထုတ်နေပါတယ်။ ဒါပေမယ့် ဗမာပြည်သားတွေက ဆက်ပြီး တိုက်ပွဲတွေ ဆက်ပြီး သေ ဆုံးနေကြရတယ်။

ဘင်္ဂလာဒေ့ရှ်စစ်တပ်က မြန်မာဘက်သို့ ပြင်းထန်သောသတင်းစကားပေးပို့

နိရဉ္စရာ
စက်တင်ဘာ ၂၂/၂၀၂၂

ဘင်္ဂလာဒေ့ရှ်စစ်တပ်က မြန်မာဘက်သို့ ပြင်းထန်သော သတင်းစကားပေးပို့ ခဲ့သည်ဟု Dhaka Tribune တွင် ‘Bangladesh Army sent strong message to Myanmar’ခေါင်းစဉ်ဖြင့် ယနေ့ သတင်းဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး SM Shafiuddin Ahmed က ဘင်္ဂလားဒေ့ရှ်အနေဖြင့် နယ်စပ်တစ် လျှောက် အခြေအနေကို စောင့်ကြည့်နေပြီး ငြိမ်းချမ်းမှုရရှိစေရန် နှစ်နိုင်ငံကြား ဆက်သွယ် ဆောင်ရွက်နေကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဖော်ပြသည်။

“ ကျွန်တော်တို့ မြန်မာနဲ့ ဆက်သွယ်ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ လိုအပ်ချက်တွေကို သတိထားဆောင်ရွက်နေပါတယ်” ဟု ဘင်္ဂလာစစ်ဦးစီးချုပ်က ဗုဒ္ဒဟူးနေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသည်။ သူက ထပ်လောင်းပြီး “ ကျွန်တော်တို့ လိုအပ်တဲ့ အချိန်မှာ တုံ့ပြန်ဖို့ အဆင်သင့်ရှိပါတယ်” ဟုလည်း ပြောဆိုသည်။

ရိုဟင်ဂျာအရေး ကုလသမဂ္ဂမှာ ဆက်ရှိနေဦးမယ်လို့ ဂမ်ဘီ ယာက ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022-09-22
ဂမ်ဘီယာသမ္မတ Adama Barrow သည် စက်တင်ဘာ ၂၂ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားစဉ်။ဓာတ်ပုံ- A

ဂမ်ဘီယာသမ္မတ Adama Barrow က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးအ တွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒီကနေ့ ပြောကြားခဲ့ပါတယ်။

AA နှင့် ARSA ပေါင်းတိုက်နေဟု စွပ်စွဲချက် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်းတုံ့ပြန်

ဧရာဝတီ 
22 September 2022
AA ရဲဘော်တဦး / ဧရာဝတီ

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း နယ်စပ်တလျှောက် စစ်ကောင်စီ တပ်စခန်းကုန်းများကို ရက္ခိုင့်တပ်တော် (AA) က အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) နှင့် စစ်ရေးအရ ပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း စစ်ကောင်စီ၏ စွပ်စွဲ ချက်မှာ ဝါဒဖြန့်ချိမှု သက်သက်သာဖြစ်ပြီး ပြည်သူလူထု အနေဖြင့်လည်း အယုံအကြည် မရှိကြောင်း ရခိုင့်နိုင်ငံရေးအသိုင်း အဝိုင်းနှင့် ပြည်သူများက တုံ့ပြန်ပြောဆိုသည်။

AA နှင့် ARSA အဖွဲ့တို့၏ အဆိုပါ လုပ်ရပ်များမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ခြင်းဖြစ် သည်ဟူသော စစ်ကောင်စီ၏ လုပ်ဇာတ်အပေါ် မည်သူမျှ အယုံအကြည် မရှိကြောင်း ရခိုင်နိုင်ငံရေးသမား တဦး ဖြစ်သူ ဦးဖေသန်းကလည်း ပြောသည်။

ရိုဟင်ဂျာတွေအတွက် ကန် စာနာမှုအကူ ဒေါ်လာ သန်း ၁၇၀ ကျော်ပေးမည်

VOA
ဗွီအိုအေမြန်မာပိုင်း
၂၃ စက်တင်ဘာလ ၂၀၂၂

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် ပြည်တွင်း၊ ပြည်ပက ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် နောက်ထပ် ဒေါ်လာသန်း ၁၇၀ ကျော်ပေးအပ်မယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။

အခုနောက်ဆုံး ပေးအပ်မယ့် အကူအညီနဲ့ပါဆိုရင် ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ အမေရိကန်က ထောက်ပံ့နေတာ ၁.၉ ဘီလီယံနီးပါး ရှိနေပြီလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

Wednesday, September 21, 2022

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ် နယ်စပ် နေထိုင် သူများ ကြောက်နေရ

ဧရာဝတီ 
21 September 2022
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များ / ဧရာဝတီ

မြန်မာနယ်စပ်နှင့် ထိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန် ခရိုင်မှ ရိုဟင်ဂျာ ၄,၀၀၀ ခန့်အပါအဝင် ခန့်မှန်း ခြေ လူ ၁၀,၀၀၀ သည် မြန်မာစစ်ကောင်စီ၏ တိုက်လေယာဉ်များ၊ ဒရုန်းများ၊ မော်တာများနှင့် စက်သေနတ် ပစ်ခတ်မှုများကို စိုးရိမ်ထိတ်လန့် နေကြရသည်။

ပြီးခဲ့သည့် သောကြာနေ့ညနေတွင် အနည်းဆုံး မော်တာကျည် ၃ လုံးကို နယ်စပ်ဖြတ်ကျော် ပစ်ခတ်သော ကြောင့် အသက် ၁၇ နှစ်အရွယ် မိုဟာမက် အစ်ခ်ဘယ် သေဆုံးပြီး အခြားသူ ၆ ဦး ဒဏ်ရာရသောကြောင့် ၎င်းတို့ကို ဆေးရုံ ပို့လိုက်ရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */