" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Saturday, March 27, 2021

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထား ကုလစုံစမ်းသူတွေ စတင်စုဆောင်း

VOA
ဝင်းမင်
27 မတ်၊ 2021
မှတ်တမ်းဓါတ်ပုံ- ၂၀၁၉ စက်တင်ဘာတုန်းက ၄၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံတင်ပြနေတဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌ Nicholas Koumjian


မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထား၊ မှတ်တမ်းတွေကို နိုင်ငံထဲ သွားခွင့် မရသေးပေမဲ့လည်း စတင်စုဆောင်းနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲက ပြောလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်လှုပ်ရှားသူတွေအပေါ် သေကျေထိခိုက်တဲ့အထိ နှိမ်နင်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့လည်း အမိန့်ပေးလို့ လုပ်ရပါတယ်ဆိုပြီး ဆင်ခြေပေးလို့ မရနိုင်ကြောင်း IIMM အကြီးအကဲက ဗွီအိုအေနဲ့ သီးသန့်မေးမြန်းရာမှာ သတိပေးလိုက်ပါတယ်။ IIMM အကြီးအကဲ Nicholas Koumjian ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

Friday, March 26, 2021

မီးလောင်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွက် ဒေါ်လာ ၁၄ သန်း ကုလကူညီ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 မတ်၊ 2021
ဘာလုခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးဘေးသင့်ခဲ့သူတွေအတွက် ယာယီအိမ်များဆောက်ပေးဖို့လာကြတဲ့ လုပ်အားပေးဝန်ထမ်းများ။ (မတ် ၂၄၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ဘာလုခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးဘေးသင့်ခဲ့တဲ့သူတွေကို အကူအညီပေးရေး ကုလသမဂ္ဂက အရေးပေါ် ရန်ပုံငွေ ၁၄ သန်း သုံးစွဲခွင့်ပြုလိုက်ပါတယ်။ မီးဘေးကြောင့် လူပေါင်း ၄၅,၀၀၀ လောက် အိုးအိမ်မဲ့ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ တနင်္လာနေ့က အကြီးအကျယ်မီးဘေးသင့်ခဲ့သူတွေထဲက တချို့ကတော့ ယာယီအိမ်တွေ ပြန်ပြီးဆောက်နေကြရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေပေးတဲ့ တာပေါ်လင်စတွေ၊ ဝါးတွေသုံးပြီး ယာယီတဲအိမ်တွေ ဆောက်နေကြရတာပါ။ မီးလောင်မှုအတွင်း ၁၅ ယောက်သေဆုံးတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ၃၄၀ လောက်လည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ မီးအကြီးအကျယ် လောင်ခဲ့တာ ၄ ရက်ကြာခဲ့ပေမဲ့ နေစရာမဲ့ ဖြစ်နေကြတဲ့ ဒုက္ခ သည်တော်တော်များများ ရှိပါတယ်။

စစ်အာဏာသိမ်းမှုတုံံံ့ပြန်ရေး ကန် ဆီးနိတ် နိုင်ငံခြားရေးကော်မီတီ ကြားနာ

VOA
ဗွီအိုအေ (မြန်မာဌာန)
မြသဇင်အောင်
26 မတ်၊ 2021

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက ဘယ်လို တုံ့ပြန်သင့်သလဲဆို တာကို ကြာသပတေးနေ့က အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ကြားနာ ပွဲ တရပ်ကျင်းပခဲ့ပါတယ်။

မြန်မာ့အရေး လူ့အခွင့်အရေးကေုလကာင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိအတည်ပြု

VOA
ဗွီအိုအေ (မြန်မာဌာန) 
နန်းလောင်ဝ်
24 မတ်၊ 2021
မတ်လ ၃ ရက်နေ့က မန္တလေးမြို့ရှိ လမ်းမပေါ်တွင် တွေ့ရတဲ့ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနေ မြန်မာအရပ်သားအစိုးရကိုဖြုတ်ချတဲ့အပေါ် အပြင်း အထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ လူ့အခွင့်အရေးကောင်စီကနေ တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ လူ့အခွင့်အရေးကောင်စီ အစည်း အဝေး စောင့်ကြည့်သတင်းယူနေတဲ့ မနန်းလောဝ်ပြောပြမှာပါ။

Wednesday, March 24, 2021

CRPH ကို ထိခိုက်အောင် စစ်ကောင်စီလုပ်နိုင်မည် မဟုတ် (ဦးထင်လင်းအောင်)

VOA
24 မတ်၊ 2021
အင်ကြင်းနိုင်

CRPH နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်တဲ့ လုပ်ရပ်မှန်သမျှ သူတို့ကို ထိခိုက်မှုရှိမှာမဟုတ် ဘူးလို့ CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင် က ပြောပါတယ်။ 

 

 Link : Here

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိအတည်ပြု

VOA
မတ်လ ၃ ရက်နေ့က မန္တလေးမြို့ရှိ လမ်းမပေါ်တွင် တွေ့ရတဲ့ မြင်ကွင်း။ (မတ် ၃၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနေ မြန်မာအရပ်သားအစိုးရကိုဖြုတ်ချတဲ့အပေါ် အပြင်း အထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ လူ့အခွင့်အရေးကောင်စီကနေ တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ 
 
လူ့အခွင့်အရေးကောင်စီအစည်းအဝေး စောင့်ကြည့်သတင်းယူနေတဲ့ မနန်းလောဝ်ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာပြီး လွှတ်တော်ကို ပယ်ဖျက်တာ၊ သမ္မတဦးဝင်းမြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရခေါင်းဆောင်ပိုင်းတွေ၊ နိုင်ငံရေးသမားတွေ သ တင်း သမားတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေကို မတရားဖမ်းဆီးတဲ့အပေါ်မှာလည်း ကုလလူ့အခွင့်အရေးကောင်စီက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားပါတယ်။ လက်ရှိကျင်းပနေတဲ့ ၄၆ ကြိမ် မြောက်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေးအခြေ အေ နတွေကို အလေးထားဆွေးနွေးနေကြတာမှာ မြန်မာပြည်အရေးကိစ္စကလည်း အဓိက ဆွေးနွေးစရာအကြောင်း တခုဖြစ်ခဲ့ပါတယ်။

Tuesday, March 23, 2021

ရခိုင် ဘယ်သူလဲ ? ရိုဟင်ဂျာ ဘယ်သူလဲ ?

ရခိုင် ဘယ်သူလဲ ? ရိုဟင်ဂျာ ... by Kyauk Taw Family

Autobiography of Saw Bo Mya

Autobiography of Saw Bo Mya by Maung Aung Myoe

Saw Kya Doe Book 2018

Saw Kya Doe Book 2018 by Kawhtoo S'gaw

1-11-2017 Thuta သုတအလင်း

 

1-11-2017 Thuta by TheMyawadyDaily

The Sun Rays Vol 1 No 44 သူရိယနေဝန်း

 

The Sun Rays Vol 1 No 44.pdf by Thit Htoo Lwin

The Sun Rays Vol 1 No 74,သူရိယနေဝန်းဂျာနယ်

The Sun Rays Vol 1 No 74.pdf by Thit Htoo Lwin

ဦးနေဝင်း၏ မအောင်မြင်သော ခေတ်ပြောင်းတော်လှန်ရေး

 

ဦးနေဝင်း၏ မအောင်မြင်သော ခေတ... by The People's Library

ဦးနေဝင်း၏ နောက်ဆုံး မိန့်ခွန်း


ဦးနေဝင်း၏ နောက်ဆုံး မိန့်ခ... by linmm

“ရခိုင်ပြည်နယ်မှ မူဆလင်များအရေးနှင့်ပတ်သက်၍ သက် ဆိုင်ရာဝန်ကြီးများ၏ လွှတ်တော်အတွင်း မေးခွန်းများရှင်း လင်းဖြေကြားချက်အပေါ် သုံးသပ်ချက်”တတိယပိုင်း

 

“ရခိုင်ပြည်နယ်မှ မူဆလင်များ... by mayunadi

ရိုဟင်ဂျာများအပေါ် ဆင်နွှဲခဲ့သော နိုင်ငံတော်အဆင့် လူမျိုး ပြုတ် စစ်ဆင်ရေးနှင့် တရားမဲ့ပြုကျင်မှုများ

 

ရိုဟင်ဂျာများအပေါ် ဆင်နွှဲခဲ့... by Yunus Min Tun

အခြေခံ Photoshop သင်ခန်းစားများ

 

အခြေခံ Photoshop သင်ခန်းစား... by Lay Lwint Nay Thu

ဧရာဝတီတိုင်းထဲမှာ စက်လှေပျက်ပြီး ရိုဟင်ဂျာ ၄၁ ဦး ဖမ်းဆီးခံရ

Myanmar Today News
22 မတ်လ 2021ဧရာဝတီတိုင်းထဲမှာ စက်လှေပျက်ပြီး ရိုဟင်ဂျာ ၄၁ ဦး ဖမ်းဆီးခံရ

ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု ၇ ဦးထက်မနည်း သေဆုံး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
23 မတ်၊ 2021 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက မီးလောင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မြင်ကွင်း။ (မတ် ၂၃၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မနေ့တနင်္လာနေ့က အကြီးအကျယ် မီးလောင်ခဲ့တာကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။ ဒီဖြစ်ရပ်ကြောင့် Cox’s Bazar က ဘာလုခါလီ ဒုက္ခသည်စခန်းကနေ လူထောင်ချီနေရပ်ပြောင်းရွှေ့ထားရပြီး အပျက်အစီးတွေကြားမှာ သေဆုံးသူတွေရှိ၊ မရှိ တာဝန်ရှိသူတွေ ဒီကနေ့ဆက်ပြီး ရှာဖွေနေပါတယ်။


VOA
22 မတ်၊ 2021  
ရိုဟင်ဂျာမူဆလင်ဒုက္ခသည် သိန်းချီခိုလှုံနေထိုင်ရာ ဘာလုခါလီဒုက္ခသည်စခန်းမှာ မီးအကြီးအကျယ်လောင်ကျွမ်းနေပါတယ်။မီးဘေးလွတ်ရာကို ပြေးခဲ့ရတဲ့ မူဆလင်ဒုက္ခသည်မိသားစုတွေ အခုအချိန်အထိ လူစုကွဲနေကြသလို အိုးအိမ် စာသင်ကျောင်းနဲ့ ဆေးဝါးရိက္ခာထားတဲ့အဆောက်အဦးတွေအပါအဝင် ပစ္စည်းပျက်စီးဆုံးရှုံးများပါတယ်။ 

 Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */