" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Saturday, October 10, 2020

မြန်မာစစ်တပ်နဲ့ ဆက်စပ်နေသူတွေ ကိုင်တွယ်တဲ့ ဖေ့ဘွတ် ခ် အကောင့်တွေ ဖယ်ရှားခံရ

B B C 

ဘီဘီစီ မြန်မာပိုင်း
2020.10.10

ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တဲ့ စာမျက်နှာတွေ



မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ဒေါ်အောင် ဆန်းစုကြည်ကို ဝေဖန်ပြီး စစ်တပ်အသိုင်းအဝိုင်းနဲ့ ဆက်နွှယ်မှုရှိသူတွေ ကိုင်တွယ်တယ်လို့ဆိုတဲ့ ဖေ့ဘွတ်ခ် စာမျက်နှာတွေနဲ့ အကောင့်တချို့ကို ဖေ့ဘွတ်ခ် ကုမ္ပဏီဘက်က ဖယ်ရှားလိုက်ပါတယ်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ထိန်းသိမ်းရေးစခန်းများ ဖျက် သိမ်းရန် HRW တောင်းဆို

မဇ္ဈိမ
Friday, October 09, 2020

ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ကျောက်တစ်လုံးစခန်းတွင် မွတ်ဆလင်အမျိုးသမီးတစ်ဦး သူ၏တဲတွင် ထမင်းချက်နေသည်ကို အောက်တိုဘာ ၃ ရက်၊ ၂၀၁၉ ခုနှစ်က ရိုက်ကူးထားခဲ့သော ဓါတ်ပုံဖြစ်သည်။ (ဓါတ်ပုံ- အေအက်ဖ်ပီ)

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ၁၃၀,၀၀၀ ခန့်ကို ထိန်းသိမ်းထားရှိသည့် နေချင်စဖွယ်မကောင်းသော ခိုလှုံရေး စခန်းများကို ရုတ်သိမ်းသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆို လိုက် သည်။

ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းရေးများကြောင့် ၂၀၁၂ ခုနှစ်ကစပြီး နေရပ်စွန့်ခွာကာ ထိန်းသိမ်းရေး စ ခန်း တွင် ပိတ်မိနေသည့် ရိုဟင်ဂျာ နှင့် ကမန်မွတ်စလင် ထောင်ပေါင်းများစွာရှိနေသည်ဟု HRW ၏ အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်သည့် စာမျက်နှာ ၁၆၉ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထား သည်။

လူအခွင့်အရေးအဖွဲ့ HRW နဲ့ ဆက်သွယ်မေးမြန်းခြင်း

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
မိုးမြင့်
2020-10-10

နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က အောက်တိုဘာ ၉ ရက်နေ့က ထုတ် ပြန်တဲ့ စာမျက်နှာ ၁၆၉ မျက်နှာရှိတဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်း၂၄ ခုမှာ ရိုဟင်ဂျာ ၁၃၀၀၀၀ ကျော်ဟာ အကျယ်ချုပ်ကျခံရသလို ဖြစ်နေတာ ရှစ်နှစ်ကြာပြီလို့ ဖော်ပြထားပါတယ်။ ဒုက္ခသည်တွေ ရဲ့ နေထိုင်ဖို့ မသင့်လျော်တဲ့ စခန်းတွေရဲ့ အခြေအနေ၊ အစိုးရရဲ့ စီမံခန့်ခွဲပေးမှု၊ အကူအညီအပေးရေး အဖွဲ့တွေ ရင်ဆိုင်နေရပုံ၊ နေရပ်ရင်းမှာ ပြန်လည်နေထိုင်ခွင့် စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း ဒုက္ခသည် ၆၀ ကျော်ရဲ့ ပြောဆိုချက်အပေါ် အခြေခံ ပြုစုထားတဲ့ အစီရင်ခံစာလို့ ဆိုပါတယ်။

ရခိုင်ဒုက္ခသည်တွေကို မွတ်စလင်တွေ ကူညီထောက်ပံ့

လွတ်လပ်တဲ့အာရှအသံ ( RFA ) 

မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020-10-09

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ နေထိုင်စားသောက်ရေးအတွက် စစ်တွေနဲ့ ရန်ကုန်က မွတ်စလင်တွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေက လှူ  ဒါန်းနေပါတယ်။ ဒီလို လူသားချင်းစာနာမှုဟာ နှစ်ဖက်အသိုင်းအဝိုင်းကြား ယုံကြည်မှုတွေ ပိုတိုးလာစေ တယ် လို့ သုံးသပ်ကြပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် အပြန်အလှန် တပ်ဖြန့်

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
2020-10-09
ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: AFP

မြန်မာ့တပ်မတော်က စစ်သည်အင်အား ၂၅၀၀ ကျော်ကို မောင်တောနယ်စပ်မှာ တပ်ဖြန့်ချထားတဲ့အကြောင်း ဘင်္ဂလာသတင်းစာတွေက စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖော်ပြခဲ့ကြပါတယ်။ တစ်ပတ်ကျော်အကြာမှာ ဘင်္ဂ လားဒေ့ရှ်ကလည်း တန်ပြန် တပ်ဖြန့်ချထားပါတယ်။ မြန်မာက ကြိုတင်အသိမပေးဘဲ တပ်ဖြန့်ချတဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌအထိ တိုင်ကြားထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲဖြစ်ပွားနေတာ ၂၀၁၈ နှစ်ကုန်ကတည်းက ဆိုပေမယ့် မောင်တောမှာ တိုက်ပွဲမဖြစ်သလောက်နည်းပါတယ်။ ဒီလိုနေရာကို တပ်မတော်က အင်အား အလုံးအရင်းချတာ ဘာကြောင့်ပါလဲ။

Friday, October 9, 2020

ဘူသီးတောင်တွင် စစ်ရှိန်မြင့်လာ၍ ကျေးရွာနှစ်ရွာမှဒေသခံ များ နေရပ်စွန့်ခွာ

 DMG

ကျော်မျိုးအောင် | DMG
အောက်တိုဘာ ၈ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နှင့် အေအေတို့အကြား နှစ်ဘက်တိုက်ပွဲများသည် ကျေးရွာများအနီး ပိုမိုဖြစ်ပွားလာသောကြောင့် ဒေသခံ ၃၀၀ ကျော် နေရပ်စွန့်ခွာနေရကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာ ခမီချောင်းကျေးရွာနှင့် ဝမ်းတွင်းကျေးရွာ အ ကြား တောင်ကုန်းသုံးခုတွင် အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်နေ၍ ဝမ်းတွင်းကျေးရွာနှင့် အုတ်တောင်ကျေးရွာမှ ရွာသူရွာသားများ ထွက်ပြေးနေကြရကြောင်း ဒေသခံများက ပြောသည်။

Thursday, October 8, 2020

ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့အပေါ် မြန်မာအစိုးရကို HRW ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 အောက်တိုဘာ၊ 2020  
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၂၊ ၂၀၁၆) 
 

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ၁၀၀,၀၀၀ ကျော်ကို စခန်းတွေထဲ ဆက် ထိန်းသိမ်းထားတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

HRW လို့အတိုခေါက်ခေါ်တဲ့ Human Rights Watch လူ့အခွင့်အရေးစောင်ကြည့်ရေးအဖွဲ့က မြန်မာအစိုးရ အနေနဲ့ ဒီရိုဟင်ဂျာ ၁၃၀,၀၀၀ ကို နေချင်စရာမရှိတဲ့ ရခိုင်ပြည်နယ်က စခန်းတွေထဲ ဆက်ထိန်းထားတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ ပိတ်သိမ်းပေးဖို့ HRW တောင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
နေမျိုးထွန်း
2020-10-08

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် ၁၃၀၀၀၀ ကျော်ကို အကျယ်ချုပ်ချသလို ကန့်သတ်မှုတွေလုပ်ထားတာ ရှစ်နှစ်ကြာပြီဖြစ်တာကြောင့် ဒီအခြေအနေကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်ပြီး အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ကိုဗစ်တိုက်ဖျက်ရေး ရိုဟင်ဂျာ ဒုက္ခသည်တွေ ဦးဆောင်

B B C 

ဘီဘီစီ မြန်မာပိုင်း
၇ အောက်တိုဘာ ၂၀၂၀


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားမြို့မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ဖြစ်ပွားမှာကို စိုးရိမ် နေ ကြပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းရှိရာ ကော့ဇက်ဘဇားမြို့မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းလောက် ပြိတ်သိပ် ပြီး နေနေကြရပါတယ်။

Wednesday, October 7, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင်း ပဋိပက္ခ၌ လူရာချီ ဒါဏ် ရာရရှိ၊ အုပ်စုဖွဲ့လျှက် လူသေဆုံးသည်အထိ ရက်ရှည်တိုက် ခိုက်မှုများနောက်ကွယ်တွင် ARSA ရှိနေဟု ဆို။ စခန်းတွင်း တရားဥပဒေစိုးမိုးရေးအတွက် တပ်ဖွဲ့ဝင်များကို ဘင်္ဂလား ဒေ့ရှ်အစိုးရစေလွှတ်

H20U
Date-08/10/2020

လွန်ခဲ့သည့် ရက်သတ္တပတ်မှစတင်၍ ကော့ခ်ဘဇားခရိုင် အူခီယာမြို့နယ်ရှိ ကူတူပါလောင်ဒုက္ခသည် စခန်း အတွင်း၌ ဒုက္ခသည်ရိုဟင်ဂျာ အုပ်စုနှစ်စုအကြားတွင် ပဋိပက္ခများဆက် တိုက်ဖြစ် ပွားခဲ့ရှိသည်။ ဗုဒ္ဓဟူးနေ့ တစ်နေ့လုံး ပြတ်တောင်းပြတ်တောင်းဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှု များ၌ အ နည်း ဆုံး လူ ၅၀ ခန့် ဒါဏ်ရာရရှိသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

အဆိုပါ ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံတွင် တပ်မတော်၏ ဖြိုခွင်းခြင်းကြောင့် ထွက်ပြေးလာရသည့် ဒုက္ခ သည်ရိုဟင်ဂျာ ၁-သန်းနီးပါးတို့က ၃-နှစ်ကျော် ခိုလှုံလျှက်ရှိသည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြိုင်ဖက် ဒုက္ခ သည် ဂိုဏ်းနှစ်ခုအကြား ပဋိပက္ခများဖြစ်ပွားလျှက်ရှိရာ ရက်ဆက်ကြာမြင့်သည့် တိုက်ခိုက်မှုများ၌ လူ ၇-ဦး သေဆုံးသည်။ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတစ်ခုအတွင်း တိုက်ခိုက်မှုများ အမြန်ဆုံးရပ်တန့်ရေး ပတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ( လုံခြုံရေး ) တပ်ဖွဲ့ဝင်များ တိုးမြှင့်စေလွှတ်ခဲ့ကြောင်း AFP သတင်းအရ သိရှိရသည် ။

ရခိုင်မြောက်ပိုင်း ပစ်ခတ်မှုတွေမှာ အရပ်သား သေဆုံး ဒဏ် ရာရမှုတွေရှိ

VOA

ဗွီအိုအေ (မြန်မာဌာန)
07 အောက်တိုဘာ၊ 2020 

လက်နက်ကြီးကြောင့် ရခိုင်ပြည်နယ် မိုးစဲကျွန်းဒေသခံတွေ စစ်တွေကို တိမ်းရှောင်လာကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - မေယုထွန်း - စက်တင်ဘာ ၂၃၊ ၂၀၂၀)


စစ်ရေးပဋိပက္ခတင်းမာနေဆဲ ရခိုင်ပြည်နယ်မှာ ပစ်ခတ်မှုတွေကြောင့် ရိုဟင်ဂျာ ၅ ဦးထက်မနည်း သေဆုံးပြီး၊ ဒဏ်ရာရသူတချို့လည်း ရှိခဲ့တဲ့အကြောင်း ပြောပြပေးမှာပါ။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်း အိန် က သတင်းပေးပို့ထားပါတယ်။

ညမထွက်ရအမိန့်ထုတ်ထားတဲ့ မင်းပြားမြို့ထဲပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ မူဆလင်အမျိုးသား(၃)ဦး သေဆုံးခဲ့ သလို ဘူးသီးတောင်မြို့နယ် တိုက်ပွဲမှာလည်း သေဆုံးသူတချို့ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီး COVID 19 ကူး စက်ခံရ

VOA

ဗွီအိုအေ (မြန်မာဌာန) 
07 အောက်တိုဘာ၊ 2020

UNHCR အဖွဲ့ မဟာမင်းကြီး Filippo Grandi။ (အောက်တိုဘာ ၀၅၊ ၂၀၂၀)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့နှစ်ပတ်လည် ညီလာခံ ပထမနေ့ ဖွင့်ပွဲ အခမ်း အနားကို လူကိုယ်တိုင် ဦးဆောင် တက်ရောက်ခဲ့ပြီးတဲ့နောက် UNHCR အဖွဲ့ မဟာမင်းကြီး Filippo Grandi COVID-19 ကူးစက်ခံရတယ်လို့ ပြောပါတယ်။ တနင်္လာနေ့ကစပြီး ဂျီနီဗာမြို့ မှာ တစ်ပတ်ကြာပြုလုပ်နေတဲ့ UNHCR အမှုဆောင် ကော်မတီအစည်းအဝေးကို လူကိုယ်တိုင် မတက်ရောက်တော့ဘဲ ဗီဒီယိုက တဆင့်သာ တက်ရောက်နိုင်တော့မယ်လို့ Filippo Grandi က အစည်းအဝေး တက်ရောက်သူတွေကို ဒီကနေ့ အင်္ဂါနေ့မှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။ 

ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

Myanmar Now
သန့်မြတ်ခိုင်
Oct 7, 2020

တပ်မတော်စစ်ကြောင်းက ဒေသခံ ၁၅ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် တိုက် ပွဲဖြစ်ပွားခဲ့ရာတွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
 
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့ဝင် ဆိုင်းဘုတ်ကို ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - သန့်မြတ်ခိုင်/ Myanmar Now)


ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဒေသခံ ၁၅ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံး၍ တစ်ဦး ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မင်းပြားမှာ ရိုဟင်ဂျာသုံးဦး တပ်က ပစ်ခတ်လို့ သေဆုံး

လွတ်လပ်တဲ့အာရှအသံ ( RFA )

2020.10.07                                                                                           

 မင်းပြားမြို့မှာ မနေ့ည ၁ဝ နာရီကျော်လောက်က ကင်းလှည့်နေတဲ့ လုံခြုံရေးအဖွဲ့က ပစ်လို့ ရိုဟင်ဂျာ မွတ် ဆ လင် သုံးဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ မင်းပြားမြို့နယ် လက်မရွာက အသက် ၄ဝ အရွယ် ဦးနူမာမောက်၊ အသက် ၅ဝ အ ရွယ် ဦးနိုရူဆလင်နဲ့ အသက် ၄၅ နှစ်အရွယ် ဦးမာဒေါ်လာ တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

Monday, October 5, 2020

ရိုဟင်ဂျာကလေးငယ်များ ပညာသင်ခွင့်ဆုံးရှုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
05 အောက်တိုဘာ၊ 2020
မဆုမွန်
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်များ။ (ဧပြီ ၀၉၊ ၂၀၁၉)


သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ရင်သွေးငယ် ကလေးတွေ ပညာဆက်လက်သင်ကြားခွင့်နဲ့ လူငယ် တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ၊ လေ့လာခွင့်တွေ ဆုံးရှုံးပြီး သူတို့ရဲ့ ဘဝအနာဂတ် မျှော်လင့်ချက်တွေ မှေးမှိန်နေကြတဲ့ အကြောင်းနဲ့ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒတောင်းဆိုချက်တွေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ကော့ခ်ဘဇား ဒုက္ခသည်စခန်းအတွင်း အာဏာလုပွဲ ပဋိပက္ခ၌ ၂-ဦး သေဆုံးပြီး ၁၀-ဦး ဒါဏ်ရာရရှိ။

H2OU
04.10.2020
ဘာသာပြန်

တနင်္ဂနွေနေ့ နံနက်စောစောပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင်ရှိ ကူတူပါလောင်ဒုက္ခသည်စခန်း အတွင်း နေရာအချို့၌ ပဋိပက္ခများဖြစ်ပွားခဲ့ရာ ဒုက္ခသည် ရိုဟင်ဂျာ၂-ဦးသေဆုံး၍ ၎င်းတို့နှင့် ဘဝတူ ဒုက္ခ သည် ၁၀-ဦး ဒါဏ်ရာရရှိသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

ဒုက္ခသည်များနေရန်ပြန်ခြင်း မြန်မာစတင်ရေး တရုတ်က တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို။

H2OU
05/10/2020
ဘာသာပြန်

ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားတွင် ယာယီခိုလှုံနေရသည့် ဒုက္ခသည် ရိုဟင်ဂျာ တို့မှာ အေ ရအတွက် ၁.၁ သန်းခန့်ရှိသည်။ အတင်းအဓမ္မမောင်းထုတ်ခြင်းခံခဲ့ရသူတို့၏ နေရပ်ပြန်ခြင်း စတင်စေရေး၌ မြန်မာနိုင်ငံအား ဆွဲဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရေးအတွက် ဘင်္ဂ လားဒေ့ရှ်က တောင်းဆိုလိုက်သည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

အမှန်တရားရှာမှာလား လုပ်ဇာတ်တွေကို မီးထိုးပေးမှာလား

ဧရာဝတီ
အောင်ဇော်
5 October 2020
၂၀၁၂ ခုနှစ် ရန်ကုန်တွင် ရခိုင်တိုင်းရင်းသားများက ကုလသမဂ္ဂနှင့် INGOs များ၏ ရခိုင်အရေးအပေါ် ကိုင်တွယ်သဘောထားပုံများအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြစဉ် / ဧရာဝတီ


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူသစ် ခန့်အပ်လိုက်သူသည် အေ မရိကန်ပြည်ထောင်စု မိန်းပြည်နယ် ပထမ လွတ်တော်မဲဆန္ဒနယ်မှ အောက်လွှတ်တော်ကိုယ်စား လှယ် ဟောင်း သောမတ် အင်ဒရူးဖြစ်သည်။

သူသည် တောင်ကိုရီးယားနိုင်ငံမှ ယန်ဟိလီကို ဆက်ခံခြင်းဖြစ်သည်။ ယန်ဟိလီသည် အစောပိုင်းတွင် မြန် မာနိုင်ငံသို့ သွားရောက်ခွင့်ရသော်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် ဘက်မလိုက်မှု သို့မဟုတ် ဓမ္မဓိ ဋ္ဌာန် ကျမှု မပြသနိုင်သောကြောင့် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ကြောင်း အစိုးရက ၂၀၁၇ ခုနှစ်တွင် သူမ ကို အကြောင်းကြားခဲ့သည်။

Sunday, October 4, 2020

PPP ပါတီအနေဖြင့် မွတ်စလင်နှင့်ပတ်သက်၍ သုံးမျိုးသုံး စားခွဲမြင်ကြောင်းနှင့် နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့်သာ ပြောရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် ပြောကြား

ELEVEN
PUBLISHED 3 OCTOBER 2020
မွတ်စလင်နှင့်ပတ်သက်၍ အုပ်စုသုံးမျိုးသုံးစား ခွဲခြားမြင်ခြင်းသည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီ၏ ရပ်တည်ချက်ဖြစ်ပြီး နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကို ၁၉၈၂ နိုင်ငံသားဥပဒေနှင့်သာ ပြောရမည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

၁၈၂၄ ခုနှစ် အင်္ဂလိပ်ကို မြန်မာစစ်ရှုံးပြီးနောက် အင်္ဂလိပ်ကိုလိုနီများ ခေါ်သွင်းလာသည့် မွတ်စလင်အုပ်စု၊ နိုင်ငံသား ဖြစ်ခွင့်မရသေးသော်လည်း ရခိုင်တိုင်းရင်းသားများနှင့် ယှဉ်တွဲနေထိုင်ပြီး မြန်မာ့ယဉ်ကျေးမှု နား လည်သည့် ရခိုင်ပြည်နယ်နေ ဘင်္ဂါလီအုပ်စုနှင့် မြန်မာဥပဒေများကို မလိုက်နာ မြန်မာအလံကို အသိအ မှတ် မပြုသော မကြာသေးမီက ရခိုင်ပြည်နယ်သို့ ခိုးဝင်အုပ်စု စသည်ဖြင့် အုပ်စုသုံးစု ခွဲမြင်ရန်လိုကြောင်း ၎င်းက ဆိုသည်။

အိန္ဒိယကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံခြားရေးအတွင်းဝန်တို့ တနင်္ဂနွေနေ့ မြန်မာပြည်ရောက်မည်

 VOA
ဗွီအိုအေ (မြန်မာပိုင်း)
04 အောက်တိုဘာ၊ 2020  
အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla.


အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး M M Naravane နဲ့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla တို့ဟာ တနင်္ဂနွေနဲ့ တနင်္လာ ၂ ရက်ကြာ မြန်မာနိုင်ငံ နေပြည်တော်ကို အလည်အပတ် လာရောက်ကြမှာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ တရုတ်ကြား နှစ်နိုင်ငံနယ်စပ် Ladakh ဒေသအတွက် တင်းမာမှုဖြစ်နေချိန်မှာ အင်အားကြီးနှစ်နိုင် ငံကြားရှိတဲ့ မြန်မာနိုင်ငံကို အိန္ဒိယရဲ့ အဆင့်မြင့် ခေါင်းဆောင်နှစ်ဦး လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */