" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Saturday, October 3, 2020

ကိုဗစ် ဒုတိယလှိုင်း ဘင်္ဂလားဒေ့ရှ်ပြန်တွေဆီက အစပြုသ လား

မြန်မာဌာန | သတင်းများ
မိုးမြင့်
2020-10-02
ရန်ကုန်မြို့က ကိုဗစ်-၁၉ သံသယလူနာများအား စောင့်ကြည့်ရေးစခန်းများကို ပို့ဆောင်ပေးနေကြသော PPE ကာကွယ်ရေးဝတ်စုံပြည့် ဝတ်ဆင်ထားသည့် စေတနာ့ဝန်ထမ်းများ။
Photo: AFP

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ပြန်လာတဲ့ နေရပ်ပြန်လာသူတွေဆီကနေ အစပြုတာ ဖြစ်နိုင်ခြေများကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင် ကြီး က RFA ကိုပြောပါတယ်။

Bhasan Char ကျွန်းပေါ်မှာ ဆန္ဒပြတဲ့ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ရိုက်နှက်ကြောင်း သတင်း ထွက်

VOA
03 အောက်တိုဘာ၊ 2020
မှတ်တမ်းဓါတ်ပုံ-၂၀၁၈ ဖေဖော်ဝါရီလတုန်းက Bhasan Char ကျွန်းပေါ်မှာ အလုပ်လုပ်နေသူများ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံက Bhasan Char မြေနုကျွန်းပေါ်မှာ အစာငတ်ခံ ဆန္ဒပြသူ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်တွေက ရိုက်နှက်တဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ကျွန်းပေါ်မှာရှိတဲ့ ရာနဲ့ ချီတဲ့ ဒုက္ခသည်တွေအကြား မကျေနပ်မှုတွေ တိုးပွားလာနေပါတယ်။

ဧပြီလတုန်းက ပင်လယ်ထဲ စက်လှေတွေနဲ့ မျောနေတဲ့ အဲဒီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အစိုးရ Bhasan Char ကျွန်း ပေါ်မှာ နေရာချထားပေးခဲ့တာပါ။

Friday, October 2, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ မိန်းကလေးငယ်တွေ အသက်မပြည့်ဘဲ အိမ်ထောင်ချပေးမှုများနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
01 အောက်တိုဘာ၊ 2020 
မှတ်တမ်းဓါတ်ပုံ-Cox's Bazar ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်မိန်းကလေးငယ်များ (သြဂုတ်လ ၂၄ ရက် ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို လက် ထပ် ထိမ်းမြားပေးမှု များပြားလာနေတဲ့ အခြေအနေ စိုးရိမ်နေရကြောင်း စက်တင်ဘာလ ၂၉ရက်နေ့က ထုတ်ပြန်တဲ့ Conflict and Health သုတေသနစာတမ်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာရဲ့ ကုလသမဂ္ဂမှာပြောဆိုချက် ရခိုင်၊ မွတ်စလင်နဲ့ ဟိန္ဒူခေါင်းဆောင်တွေ တုံ့ပြန်

မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-10-01

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နယူးယောက်မြို့ ကုလ သမဂ္ဂညီလာခံမှာ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ၂ နိုင်ငံ သဘောတူညီချက်တွေကို လိုက်နာဖို့လိုကြောင်း၊ AA နဲ့ ARSA၂ ဖွဲ့လုံး ဘင်္ဂလား ဒေ့ရှ်မှာ ခိုလှုံနေကြောင်းနဲ့ ARSA အဖွဲ့ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ဟန့်တားနေကြောင်း စသဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

Thursday, October 1, 2020

စစ်တွေမှာ ဒုက္ခသည် ထောက်ပံ့ငွေ ဖြတ်တောက်ခံနေရ

မြန်မာဌာန | သတင်းများ
2020-10-01
စစ်တွေမြို့နယ် ဒါးပိုင်ဒုက္ခသည်စခန်းက မွတ်စလင်ဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA



ရခိုင်မြောက်ပိုင်းမှာ ကပ်ဘေးကာလအတွင်း အစိုးရ ထောက်ပံ့ငွေကို အပြည့်အဝမရကြဘူးလို့ မွတ်စလင် ဒုက္ခသည်တွေက ပြောပါတယ်။

ကပ်ဘေးကာလအတွင်း မွတ်စလင်ဒုက္ခသည်တွေနဲ့ ရခိုင်ဒုက္ခသည်တွေအတွက် တစ်အိမ်ထောင်ကို ငွေ ကျပ် လေးသောင်းစီကို အစိုးရက ထောက်ပံ့ပေးပေမယ့် အပြည့်အဝမရကြတာပါ။

mVoter2020 ထဲက လူမျိုး၊ ဘာသာ အမုန်းပွားစေမယ့် အချက်တွေ ဖျက်ပေးဖို့ တောင်းဆို

မြန်မာဌာန | သတင်းများ
ဖြူဖြူခိုင်
2020-10-01 



လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ် စားလှယ် လောင်းတွေရဲ့ လူမျိုးနဲ့ ကိုးကွယ်မှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး mVoter 2020 မိုဘိုင်း အက်ပလီ ကေးရှင်းမှာ ဖော်ပြ ထားတဲ့ အချက်အလက်အားလုံးကို ချက်ချင်းပယ်ဖျက်ပေးဖို့ Justice For Myanmarအဖွဲ့ က တောင်းဆိုလိုက် ပါတယ်။

Wednesday, September 30, 2020

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကို ဘင်္ဂလားဒေ့ရှ် ဖိအားပေးလို့မရ (အတိုင်ပင်ခံရုံးဝန်ကြီး)

VOA
ဗွီအိုအေ (မြန်မာဌာန)
30 စက်တင်ဘာ၊ 2020
အင်ကြင်းနိုင်
 
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ (UNTV)


ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာကို ဖိအားပေးလို့ မရဘူးလို့ နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂမှာ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ ဒါအပြင် အာဆာနဲ့ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို နှစ်ပေါင်းများစွာကတည်းက ခြေကုပ်ယူအသုံးချနေတယ်လို့လည်း စွပ်စွဲသွားပါတယ်။

သတင်းစာ ( ကြေးမုံ) စက်တင်္ဘာလ၊၂၀၂၀

ရက်စွဲအလိုက် သတင်းစာများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေ နိုင်ပါ သည်။                                      

  (30.09.2020)                   (29.09.2020)             (28.09.2020)              (27.09.2020)                      (26.09.2020)

နေ့စဉ် ရေဒီယိုသတင်း (အသံဖိုင် ) ၊စက်တင်္ဘာလ၊ ၂၀၂၀

အသံဖိုင်များကို " သတင်းနားဆင်ရန်လင့် " တွင်ကလစ်လုပ်၍ နာဆင်နိုင်ပါသည်။
အောက်ဖေါ်ပြပါ ကော်လံများရှိ အသံဖိုင်များကို သတင်းနားဆင်ရန် လင့်တွင် ကလစ်လုပ်၍ နားဆင်နိုင်ပါသည်။

ရက်စွဲ့
သတင်းဌာန
နံနက်ပိုင်းအစီအစဉ်
ညနေပိုင်းအစီအစဉ်

30.09.2020
VOA
  ဗွီအိုအေဗွီအိုအေ
30.09.2020
BBC
ဘီဘီစီဘီဘီစီ
30.09.2020
RFA
အာရ်အဲဖ်အေ အာရ်အဲဖ်အေ

ယနေ့ သတင်း( အမြန်ရှာရန် ) စက်င်္တဘာလ၊၂၀၂၀

ရက်စွဲအလိုက် သတင်းများကို ဤနေရာတွင် ဝင်ရောက် ရှာဖွေနိုင်ပါ သည်။ 

29.09.2020

28.09.2020

27.09.2020 





မြန်မာစစ်သားနှစ်ဦး ICC တရားရုံးရောက်နေရင် ပြန်လွှဲအပ် ဖို့ တပ်မတော်တိုက်တွန်း- RFA

26.09.2020

25.09.2020

24.09.2020

23.09.2020



22.09.2020

21.09.2020

ရိုဟင်ဂျာအလိုမရှိ ပြောဆိုမဲဆွယ်မှု အငြင်းပွားဖွယ်ဖြစ်လာ RFA


20.09.2020

ရခိုင်ကျောင်းသားတွေ နဲ့ အတူ ရပ်တည်ကြောင်း မွတ်ဆ လင် ကျောင်းသားတွေ ပြသတာအပေါ် ရခိုင်လူ ငယ်မျိုး ဆက်သစ်ကွန်ရက် ကြိုဆို - BBC

19.09.2020

18.09.2020

“ရိုဟင်ဂျာမရှိ”စာသားဖြင့် မဲဆွယ်ဆိုင်းဘုတ်ထောင်သည့် ကိစ္စ မသိဟု ကော်မရှင်ပြော -DVB

17.09.2020

ဖိနှိပ်ခံ ရခိုင်လူမျိုးတွေနဲ့ အတူရှိကြောင်း ရိုဟင်ဂျာ ၂၉ ဖွဲ့ ကြေညာ -RFA

ရိုဟင်ဂျာအရေး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ ကို ကုလသံတမန်တွေ တိုက်တွန်း - VOA

16.09.202

15.09.2020


ရိုဟင်ဂျာအရေးကို စုံစမ်းစစ်ဆေးမယ်လို့ တပ်မတော်ပြော - RFA

ရိုဟင်ဂျာအရေး ပူးပေါင်းဖြေရှင်းဖို့ လူ့အခွင့်အရေးမဟာ မင်းကြီး တိုက်တွန်း- RFA

ICJ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ မြန်မာကိစ္စ IIMM ပူးပေါင်းဆောင်ရွက်နေ-VOA

ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်ကြောင်း သက်သေခိုင် လုံသူတွေကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေ ချုပ် ရုံး ဆောင် ရွက်မည်- VOA

14.09.2020

မြန်မာပြည်အရေး လူ့အခွင့်အရေးကောင်စီမှာ ဆွေးနွေး- RFA

13.09.2020

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ရခိုင်အရေး ဆွေးနွေး- VOA

ရိုဟင်ဂျာများအား ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန် မြန်မာနိုင်ငံအား UNSC အဖွဲ့ဝင်နိုင်ငံများက တိုက်တွန်း- Air World Service

ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများ ပါဝင်ခွင့်ရစေရန် ကုလ တောင်းဆို- Mizzima

Monday, September 28, 2020

အာမေနီးယားနှင့်အဇာဘိုင်ဂျန်တို့စစ်ပွဲကြီးဖြစ်တော့မလား?



လက်ရှိဖြစ်ပွားနေသော အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့ကြားဖြစ်ပွား ပဋိပက္ခ အခြေတည်ရာနယ်မြေဖြစ် သည့် "နာဂေါ်နို-ကာရာဘတ်" (Nagorno-Karabakh) ကို ကြားဖူးကြသူ နည်းကြပါမည်။ နာဂေါ်နို-ကာရာဘတ် ဆိုသည်က လူဦးရေ ၁၅၀၀၀၀ ခန့်သာရှိသော တောင်ကုန်းတောင်တန်းထူထပ်သော ပြည် နယ်လေးတစ်ခုသာ ဖြစ်သည်။

အားမေးနီးယန်းတို့က နာဂေါ်နို-ကာရာဘတ်ကို "အာ့တ်ဆတ်ခ်" ဟု ခေါ်သည်။ တကယ်တော့ နာဂေါ်နို-ကာရာဘတ်ခ်ခေါ် အာ့တ်ဆတ်ခ်နယ်ကလေးသည်က တောင်ကော့ကေးဆပ်နယ် လူမျိုးကြီးနှစ်ခုတို့ကြား ပြဿနာရင်းမြစ်ဖြစ်နေခဲ့သည်မှာ အတော်ပင်ကြာခဲ့ပြီ။ ဆိုရလျှင် ဆိုဗီယက်ယူနီယံ မပြိုကွဲခင်ကတည်းက စဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ နာဂေါ်နို-ကာရာဘတ်တွင် အဓိက နေထိုင်သူများက အာမေးနီးယန်းများ ဖြစ်ကြသည်။ ၁၉၉၁ တွင် ၎င်းတို့က အာမေးနီးယား၏နောက်ခံပံ့ပိုးမှုဖြင့် အဇာဘိုင်ဂျန်မှ ခွဲထွက်ကြောင်း လွတ်လပ်ရေးကြေငြာသည်။ အဇာဘိုင်ဂျန်မှလည်း ၎င်း၏အာဏာစက် ပြန်လည်သက်ရောက်ရန် ကြိုးပမ်းသည်။ ၎င်းနောက်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲမှုနှင့်အတူ ဒေသတွင်းသွေးမြေကျ ပဋိပက္ခများ တရစပ်ဖြစ်ပွားလာခဲ့တော့သည်။
.

Sunday, September 27, 2020

၂၀၃၀ မှာ တောင်အာရှရဲ့ခေတ်မီ တပ်မတော် ဖြစ်အောင် ကူညီမယ်ဆိုတဲ့ မက်လုံးနဲ့ ဘင်္ဂါးလားဒေရှ့်ကို ချည်းကပ်လာ ခဲ့တဲ့အမေရိကန် ( ဘင်္ဂါးလာဒေရှ့်ဘက် အမေရိကန်ပါလာ တာကတော့ အိမ်နီးခြင်း မြန်မာအတွက် လုံးဝ ကောင်းနိုင် မှာ မဟုတ်ဘူး…….)

Myanmar Top News
September 27, 2020

လွန်ခဲ့တဲ့ ၁၅ရက်ခန့် September 11, 2020 မှာ အမေရိကန် ကာကွယ်ရေ းဝန်ကြီး မတ်ခ် အက်စ်ပါ က ဘင်္ဂ လားေ ဒ့ရှ် ဝန်ကြီးချုပ် ဟာဆီနာ ထံကို ဖုန်းဆက်ခဲ့ တယ်။ လိုရင်းပြောရရင် အမေရိကန်က သူတို့ရဲ့ အင်ဒို - ပစိဖိတ်ဒေသ မဟာဗျူဟာ အရ ဘင်္ဂလားဒေ့ရှ်ကို ထည့် ကစားဖို့ စည်းရုံးရေး ဆင်းတဲ့ သဘောပါဘဲ။

မြန်မာစစ်သားနှစ်ဦး ICC တရားရုံးရောက်နေရင် ပြန်လွှဲအပ် ဖို့ တပ်မတော်တိုက်တွန်း

မြန်မာဌာန | သတင်းများ
2020-09-27

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအမြောက်အမြားကို သတ်ဖြတ်တဲ့အထဲ ကိုယ်တိုင်ပါဝင် ခဲ့ တယ် လို့ ဝန်ခံထားတဲ့ တပ်မတော်သား နှစ်ယောက်ဟာ နိုင်ငံတကာတရားရုံး အိုင်စီစီကို ရောက်၊ မရောက် အငြင်းပွားမှုတွေရှိနေပါတယ်။ တပ်မတော်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီကိစ္စဟာ မြန်မာ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို စိန်ခေါ်တာဖြစ်ပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာကို စော်ကားတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်မြင်တာက ဒါက လူမျိုးရေးမဲဆွယ်မှုမြောက် တယ်ဗျ"

TheVoiceWeekly Journal
By ရဲနိုင်ဦး
27 September 2020
 မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့(ISP-MYANMAR) ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းနှင့် ဆက်သွယ်မေးမြန်းခြင်း။

ရွေးကောက်ပွဲတွင် နိုင်ငံရေးဝါဒအစုံကိုင်စွဲကာ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ကြပြီဖြစ်သည်။ မဲဆွယ် ရေးကာလတွင် ၎င်းတို့ရပ်တည်သည့် ဝါဒအထိုင်ပေါ်မှ မဲဆွယ်ခြင်းများကိုလည်း တွေ့မြင်လာရသည်။ အ စဉ် အလာအရဖြစ်သော အမျိုးသားရေးကို ကိုင်စွဲကာ မဲဆွယ်မှုများရှိသကဲ့သို့ ဒီမိုကရက်တစ်စံနှုန်းများကို အခြေပြု မဲဆွယ်ခြင်းလည်းရှိနေပြန်သည်။ ဘာသာရေး၊ လူမျိုးရေးကို စည်းကို ပါးနပ်စွာဖြတ်ကျော်၍ မဲ ဆွယ် မှုများကိုလည်း တွေ့မြင်နေရသည်ဖြစ်ရာ မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက်လေ့လာသူများ၏ သဘော ထားအမြင်များကို The Voice Journal က မေးမြန်းတင်ဆက်ထားခြင်းဖြစ်သည်။

ရိုဟင်ဂျာများ နေရပ်ပြန်ရေး နိုင်ငံတကာက ပိုမို ဆောင်ရွက် ပေးရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

မဇ္ဈိမ
စက်တင်ဘာ ၂၇၊ ၂၀၂၀
မြန်မာနိုင်ငံကို ရိုဟင်ဂျာများ (မူရင်း) နေရပ်ပြန်ပို့ရေးတွင် နိုင်ငံတကာက ပိုမိုဆောင်ရွက်ပေးကြရန် ဘင်္ဂ လားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက တောင်းဆိုလိုက်သည်။


၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးလာသည့် နိုင်ငံမဲ့ ရိုဟင်ဂျာ (မူ ရင်း) အများစုပါဝင်သည့် လူ ၁ သန်းခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရသည်။

ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တင်ပြချက် ရိုဟင်ဂျာတွေ ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
27 စက်တင်ဘာ၊ 2020
မဆုမွန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ကုတုပလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)

လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ရိုဟင်ဂျာဒုက္ခသည် တွေအရေး ဝိုင်းဝန်းအဖြေရှာပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့အပေါ် ဒုက္ခသည်တွေက ကြိုဆိုပြီး သူတို့နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံးပြန်နိုင်ရေး မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

Wednesday, September 23, 2020

မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာစံချိန်မီမည်မဟုတ် (ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်)

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
23 စက်တင်ဘာ၊ 2020
မြန်မာ့လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေး ကုလကိုယ်စားလှယ်သစ် Thomas Andrews

 မြန်မာနိုင်ငံထဲ ကိုဗစ်ပိုးတွေ့နှုန်း အရှိန်အဟုန်မြင့်လာချိန်မှာ၊ တစ်လကျော်အတွင်းကျင်းပဖို့ပြင်ထားတဲ့ ရွေး ကောက်ပွဲက၊ နိုင်ငံတကာစံနှုန်းမီနိုင်မှာမဟုတ်ဘူးလို့၊ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စား လှယ်က ပြောလိုက်ပါတယ်။

Tuesday, September 22, 2020

ရခိုင်ကျောင်းသားတွေ နဲ့ အတူ ရပ်တည်ကြောင်း မွတ်ဆ လင် ကျောင်းသားတွေ ပြသတာအပေါ် ရခိုင်လူငယ်မျိုး ဆက်သစ်ကွန်ရက် ကြိုဆို

B B C
ဘီဘီစီ မြန်မာပိုင်း
၂၀ စက်တင်ဘာ ၂၀၂၀

 စစ်ဆန့်ကျင်ရေး ဆန္ဒပြလို့ အဖမ်းခံထားရတဲ့ ရခိုင် ကျောင်းသားတွေ အတွက် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းမှာ ဆန္ဒထုတ်ဖော်ခဲ့။


ရခိုင် စစ်ပွဲ ဆန့်ကျင်ရေး တောင်းဆိုလို့ ဖမ်းဆီး အရေးယူခံနေရတဲ့ ရခိုင်တက္ကသိုလ်ကျောင်းသားသုံးဦးနဲ့ အတူ ရပ်တည်ကြောင်း ဘင်္ဂလားဒေ့ရှ် ရောက် ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ဆန္ဒထုတ်ဖော် ခဲ့တာ အပေါ် ကြိုဆိုကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ဘီဘီစီကို ပြောပါတယ်။

"ဖိနှိပ်မှုကိုဆန့်ကျင်တဲ့ လူတွေနဲ့အတူ ရပ်တည်ကြတဲ့ လူသားတွေအကုန်လုံးကို ကြိုဆိုတယ်" လို့ ရခိုင်လူ ငယ်မျိုးဆက်သစ်ကွန်ရက် အမှုဆောင်ဒါရိုက်တာ ကိုသန်းလှက ပြောပါတယ်။

Monday, September 21, 2020

ရိုဟင်ဂျာအလိုမရှိ ပြောဆိုမဲဆွယ်မှု အငြင်းပွားဖွယ်ဖြစ်လာ

မြန်မာဌာန | သတင်းများ
နေမျိုးထွန်း
2020-09-21
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်က တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးကျော်စိုးထွဋ်ရဲ့ “ရိုဟင်ဂျာ မရှိ No Rohingya” မူဝါဒချမှတ်ရေး မဲဆွယ်ဆိုင်းဘုတ်ကို ၂၀၂၀ စက်တင်ဘာ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်က တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးကျော်စိုးထွဋ်ရဲ့ အငြင်းပွားဖွယ် မဲဆွယ်ဆိုင်းဘုတ်တစ်ခုဟာ ဥပဒေနဲ့ ငြိစွန်းမှု ရှိ၊ မရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထား ပါတယ်။ သူ့ရဲ့ မဲဆွယ်ဆိုင်းဘုတ်ပါ စာသားတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ လူ့အခွင့်အရေး လှုပ်ရှား သူ တချို့အကြား အမြင်မတူတာတွေလည်း ရှိနေပါတယ်။

Saturday, September 19, 2020

ရိုဟင်ဂျာအရေး ပူးပေါင်းဖြေရှင်းဖို့ လူ့အခွင့်အရေးမဟာ မင်းကြီး တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဝေယံမိုးမြင့်၊ နေမျိုးထွန်း
2020-09-15
၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထွက်ပြေးသွားတာ သုံးနှစ်ရှိပြီဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဖြေရှင်းနိုင်တာ မရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */