" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label mm. Show all posts
Showing posts with label mm. Show all posts

Friday, July 19, 2019

ရခိုင်ပြည်နယ်မှာ IDP တွေအပေါ် ကန့်သတ်မှုတွေအ တွက် ကုလအထူးကိုယ်စားလှယ် စိတ်ပျက်

VOA
19 ဇူလိုင်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener 

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူ ၈၀ ရာခိုင်နှုန်းဟာ နိုင်ငံသားတွေ ဖြစ်ပေမဲ့လည်း အဲဒီလူတွေရဲ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို အလွန်အကျွံကန့်သတ်ထားတဲ့အပေါ်မှာ စိတ် ပျက် မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ပြောလိုက်ပါတယ်။

ရိုဟင်ဂျာနှိပ်ကွပ်မူ ကန်အရေးယူပုံ ယန်ဟီးလီ ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဇူလိုင်၊ 2019
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်း ဆောင် တွေအပေါ် အမေရိကန်အစိုးရရဲ့ ဒီသီတင်းပတ်အတွင်း ချမှတ်လိုက်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး Yanghee Lee က ကြာ သပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ပြစ်မှု ကန်လျစ်လျူ ရှုမည် မဟုတ်

VOA  
ဗွီအိုအေ (မြန်မာဌာန
19 ဇူလိုင်၊ 2019
ဒေါ်ခင်မျိုးသက်
   အမေရိကန်ဒုသမ္မတ Mike Pence
မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာမူဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမေရိကန်ပြည် ထောင်စုအနေနဲ့ လျစ်လျူရှုထားမှာ မဟုတ်ကြောင်း အမေရိကန်ဒုသမ္မတ Mike Pence က ကြာသပေ တးနေ့မှာ ပြောကြားလိုက်ပါတယ်။

Thursday, July 18, 2019

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ပဏာ မ အစီရင်ခံစာ ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-18
၂ဝ၁၉ ဇူလိုင်လ ၁၈ ရက်နေ့က မလေးရှားနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ။Photo: AFP
                                             
မြန်မာနိုင်ငံကို ဝင်ခွင့်မရလို့ ထိုင်းနဲ့ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံအခြေအနေများကို လေ့လာခဲ့သူ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရှိချက် ပဏာမ အစီရင်ခံစာတစောင်ကို ထုတ်ပြန်လိုက်ပါတယ်။

အ​မေရိကန်​သမ္မတနှင့်​​တွေ့ဆုံ မြန်မာ (၄)ဦးနှင့်တွေ့ဆုံ

အိမ်ဖြူတော်
အမေရိကန်သမ္မတရုံး
ဝါရှင်တန်



Rev.Dr.Hkalam Sam Son US President Donald Trump hte Sa du hkrum zup jahta lu sai

သိက္ခာ​တော်​ရ​ဆရာ​တော်​ ​ဒေါက်​တာခလမ်​ဆမ်​ဆွန်​ အ​မေရိကန်​သမ္မတနှင့်​​တွေ့ဆုံ

ကချင်ပြည်နယ်ကဒုက္ခသည် ​တွေအရေး ​ဆောင်ရွက်နေတဲ့ KBC  ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့  ဥက္ကဌ
Rev.Dr. Samson Hkalam က  ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေပြီး၊မြန်မာစစ်တပ်ကနေခရစ်ယာန်
ေ  တွကို နှိပ်ကွက်မှုတွေ ရှိနေတဲ့အကြောင်း အခုလိုပြောပါတယ်။

“ကျနော်က မြန်မာနိုင်ငံ မြောက်ပိုင်းက Kachin Baptist Convention မှဥက္ကဌပါ မြန်မာနိုင်ငံမှာကျနော်တို့
ခရစ်ယာန်တွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် နှိပ်ကွပ်နေပါတယ်။

ဘူးသီးတောင်တိုက်ပွဲအတွင်း နေအိမ် နှစ်လုံး မီး လောင်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-18

ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

                                       
ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စု ရှစ်ရှားတောင်ကျေးရွာနဲ့ ဥယျာဉ်သာကျေးရွာအကြားမှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှစ်ရှားတောင်ကျေးရွာက နေ အိမ် နှစ်လုံး မီးလောင်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေက ပြောပါတယ်။

စင်္ကာပူပြည်နှင်ဒဏ် ပေးခံရတဲ့ ရခိုင်လူငယ် ၆ ဦး ပျောက်ဆုံးနေ

VOA
ဗွီအိုအေ (မြန်မာဌာန)
ဇော်ထက်

မြန်မာလူ့အခွင့်အရေး ဒေသတွင်းသက်ရောက်ဟု ကုလကိုယ်စားလှယ် သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ဒေသတွင်းအတွက်ပါ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်လာနေ ပြီဆိုတာ သိပ်ကိုထင်ရှားနေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံ စမ်းစစ်ဆေးရေးမှူးက ပြောလိုက်ပါတယ်။ 

ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်တဲ့ ခရီးစဉ်အဆုံး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ဒီ ကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပါမောက္ခ ယန်ဟီးလီက အဲဒီလိုပြောသွားတာပါ။ အဲဒီပြော ဆို ချက်တွေထဲက တချို့အချက်တွေကို ကောက်နုတ်ပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ရခိုင်ပြဿနာ မြန်မာအစိုးရ တာဝန်ယူဖြေရှင်းဖို့ ကန် ဒုသမ္မတ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
18 ဇူလိုင်၊ 2019
အမေရိကန်ဒုသမ္မတ Mike Pence
 မြန်မာနိုင်ငံက လူနည်းစုရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမေရိကန်ပြည် ထောင်စုအနေနဲ့ မေ့ထားမှာမဟုတ်ပဲ၊ ဒီအတွက် တာဝန်ယူ တာဝန်ခံဖို့ မြန်မာအစိုးရကို တိုက်တွန်းတယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence ကပြောပါတယ်။ မြန်မာနိုင်ငံတွင်းကနေ ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီး ချင်းဘင်္ဂလာဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြရတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိတဲ့ မြန်မာစစ်တပ် ခေါင်းဆာင် လေးဦးကို အမေရိကန်က အရေးယူခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

သမ္မတ Trump နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ဘာသာရေးနှိပ် ကွပ်ခံရသူတွေထဲ မြန်မာနိုင်ငံက ၄ဦး ပါဝင်

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့  အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam  

နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးနှိပ်ကွပ်မှုကနေ ထွက်ပြေးလွတ်မြောက်လာ ကြသူပေါင်း ၂၇ ဦးကို အေ မ ရိကန်သမ္မတ Donald Trump က အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ် တွေ့ဆုံခဲ့ပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံက လေးဦးလည်း ပါဝင်ပြီး မြန်မာစစ်တပ်အနေနဲ့ ဘာသာရေးအရ ခွဲခြား ဖိနှိပ်မှုတွေ ကို ဆက်လက် ကျူးလွန်နေကြောင်း အမေရိကန်သမ္မတ Trump ကို တင်ပြခဲ့ကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။

Wednesday, July 17, 2019

AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသူများအား ဖမ်းဆီးရမိ

မြန်မာ့အလင်း
နေပြည်တော် ဇူလိုင် ၁၆


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကန်စောက် ကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့် အကွာနေရာ၌ လုံခြုံရေး
ဆောင် ရွက်နေစဉ် ပုဏ္ဏားကျွန်းဘက်မှ ကျောက်တော်ဘက်သို့ စေတီနန်းကျေးရွာနေ ယာဉ်မောင်း ကျော် မြင့် (ဘ) ဦးမောင်သိန်း မောင်းနှင် လာပြီး ယာဉ်ပေါ်တွင် ယိုးတရုတ် ကျေးရွာနေသူများဖြစ်သည့် မင်း နိုင်
ဌေး (ဘ) ဦးကျော်ဇင်အောင်နှင့် မောင်ဦး ငြိမ်းဝေ(ဘ) ဦးဘသန်းတို့ လိုက်ပါလာ သည့် Starex အမျိုး အစား

ရိုဟင်ဂျာတွေ NVC မလိုဘူးလို့ BHRN ခေါင်းဆောင် ပြောကြား

RFA  
လွတ်လပ်တဲ့ အာရှအသံ
2019-07-17


ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ ဘာသာရေးလွတ်လပ်မှုမြှင့်တင်ရေး ညီလာခံကို တက်ရောက်နေတဲ့ မြန်မာ လူ့အခွင့်အရေးကွန်ရက် အမှုဆောင် ညွန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း ကို လက်ရှိ ရိုဟင်ဂျာအခြေအနေေ တွနဲ့ ပတ်သက်ပြီး RFA ရုံးချုပ်မှာ RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။ 

လင့်၊https://www.rfa.org/burmese/interview/interview-with-BHRN-07172019125613.html

မြန်မာစစ်ဗိုလ်ချုပ်တွေကို အမေရိကန် အစိုးရ အရေး ယူပြီ။

B B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ခု ဇူလိုင်လ ၁၇ ရက်။ 


မြန်မာ့ တပ်မတော်က ထိပ်ပိုင်း အရာရှိ ဗိုလ်ချုပ်ကြီး လေးယောက်ကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲပြီး အရေးယူလိုက်တာ ဖြစ်ပါ တယ်။.

အမေရိကန် အစိုးရရဲ့ ပစ်မှတ်ထား အရေးယူတဲ့ အထဲမှာ တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် လည်း ပါဝင်ပါတယ်။

Tuesday, July 16, 2019

မလေးရှားကိုခိုးဝင်ဖို့ ကြိုးစာတဲ့ မြန်မာ ၆၀ နီးပါး ထိုင်း ရဲဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာဌာန)
16 ဇူလိုင်၊ 2019
အေးအေးမာ 
ထိုင်းတောင်ပိုင်း ဆုံခလာခရိုင်ထဲမှာ မလေးရှားကို ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၆၀နီးပါးကို ဇူလိုင်လ ၁၄ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားတွေ အပြင်သူတို့ကို လက်ခံပေးထားတဲ့ ထိုင်းနိုင်ငံသားတွေကိုပါ ကြံရာပါအဖြစ်နဲ့ ဖမ်းဆီးနေကြောင်း ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေပို့ ထားပါတယ်။

Monday, July 15, 2019

ဘူးသီးတောင်မြို့နယ် နွားရုံတောင်ရွာ နေအိမ်တချို့ မီးရှို့ခံရ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-14


                                   ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

                                      

ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ မနေ့ကတိုက်ပွဲကြောင့် နွားရုံတောင်ကျေး ရွာ၊ သျှီရှားတောင်၊ ကွမ်းတောင်၊ စပါးထာစတဲ့ ကျေးရွာတွေက ဒေသခံ စုစုပေါင်း ၂၆၀၀ ခန့်ဟာ နေရပ်တွေ မှာ မနေရဲတော့ဘဲ ထွက်ပြေးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က မနက်တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ အခြေအနေကို နွားရုံတောင်ကျေးရွာသား ဦးကျော်ထွန်းစိန် က အခုလို ပြောပါတယ်။

မုတ်သုံမိုးကြောင့် သေဆုံးရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အနည်းဆုံး ၁၀ ဦးရှိပြီ

VOA
နိုင်ငံတကာ
15 ဇူလိုင်၊ 2019



ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ဘက် နယ်စပ်မှာရှိနေတဲ့ လူဦးရေအလွန်ထူထပ်တဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်း တွေမှာ ဧပြီလကတည်းက မုတ်သုံမိုး ပြင်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူပေါင်း ၁၀ ဦးသေဆုံးပြီး တဲအိမ်ပေါင်း ထောင်နဲ့ချီ ပျက်စီးခဲ့ရတယ်လို့ တာဝန်ခံ အရာရှိတွေက မနေ့ တနင်္ဂနွေနေ့က ပြောပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်းနဲ့ ဘီဘီစီ အင်တာဗျူး

B B C
ဘီဘီစီ မြန်မာပိုင်း
၁၅ ရက် ဇူလိုင် ၂၀၁၉။

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်း နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရနာဘူဂနာ လာရောက်စဉ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ ရခိုင် စစ်ဘေးရှောင်တွေ အပေါ် အကူ အညီပေးရေး လွှတ်တော်ရဲ့ အခန်းကဏ္ဍ၊ တပ်မတော်နဲ့ အေအေ တိုက်ပွဲ ဖြစ်ပွားနေမှု အပေါ် သူရဲ့ သဘော ထားနဲ့ ရိုဟင်ဂျာတွေ ပြန်လည် ခေါ်ယူရေးကိစ္စစတာတွေကို ဘီဘီစီက မေးမြန်းထားပါတယ်။

ဗီအိုအေက ရိုဟင်ဂျာဘာသာစကားဖြင့် ရေဒီယိုအစီ အစဉ်ထုတ်လွှင့်မည်

DVB
By DVB
15 July 2019


အမေရိကန်အစိုးရက ငွေကြေးထောက်ပံထားတဲ့သတင်းဌာနတခုဖြစ်တဲ့ ဗီအိုအေ (အမေရိကန်အသံ) သတင်းဌာနက ရိုဟင်ဂျာဘာသာစကားနဲ့ ထုတ်လွင့်မယ့် ရေဒီယို အစီအစဉ်သစ်ကို ဇူလိုင် ၂၉ ရက်နေ့ စတင်တော့မှာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */