Authors: Kyaw Lynn
Programmes:Myanmar in Focus
ဧရာဝတီ
7 June 2021
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန်နှစ်ဦးနှင့် စစ်ကောင်စီအကြီးအကဲ မင်းအောင် လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ASEAN-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ မြန်မာ့အရေး ဆွေးနွေးနေစဉ် ဒေသတွင်းသံတမန်ရေးအားထုတ်မှုကို အယုံအကြည် မရှိကြောင်း မြန်မာစစ် အာဏာသိမ်းမှု ဆန့်ကျင်သူများက ပြောသည်။
ASEAN သည် မြန်မာနိုင်ငံအကျပ်အတည်းမှ ထွက်ပေါက်ရှာရန် အဓိကကျသည့် နိုင်ငံတကာ သံတမန်ရေး အားထုတ်မှုကို ဦးဆောင်နေသည်။ တရုတ်နိုင်ငံကလည်း ASEAN ၏ သံတမန်ရေး ကြိုးပမ်းချက်ကို ထောက် ခံကြောင်းပြောသည်။
ဇွန် ၇
အမျိုးသားညီညွတ်ရေး (NUG) အစိုးရရဲ့ ဇွန်လ (၃) ရက်နေ့က ထုတ်ပြန်တဲ့ ရိုဟင်ဂျာ မူဝါဒသဘောထားအပေါ် ကန့်ကွက်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ခေတ်အဆက်အဆက် ဖြေရှင်းမရသည့် ပြဿနာကို အလျင်စလိုလုပ်လျှင်၊ ဒေသအတွင်းအတူနေထိုင်ရမည့် သူများနှင့် ဆွေးနွေးခြင်းမရှိဘဲ ဆုံးဖြတ်လျှင် ဆိုးကျိုးသာဖြစ်စေမည်ဟု ရခိုင်အမျိုးသားပါတီက သတိပေး သည်။
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-06-06
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာမူဝါဒတွေကို ကန့်ကွက် ကြောင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဒီကနေ့ သဘောထားထုတ် ပြန်လိုက်ပါတယ်။
ပြည်ထောင်စုအတွင်းက ပဋိပက္ခတွေနဲ့ အရင်းခံပြဿနာတွေကို အပြီးသတ်ချုပ်ငြိမ်းစေဖို့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်မယ်ဆိုတဲ့ NUG ရဲ့ ရည်ရွယ်ချက်ကို ကြိုဆိုပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက အေ ရးကိစ္စတွေကိုတော့ အလျှင်စလို မကိုင်တွယ်သင့်ဘူးလို့ ALP က ဆိုပါတယ်။
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-06-05
ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး NUG အစိုးရရဲ့ မူဝါဒ ထုတ်ပြန်ထားတာနဲ့ ပက်သက်ပြီး၊ မနေ့က ပြုလုပ်တဲ့ သ တင်းစာ ရှင်းလင်းပွဲမှာ NUG အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းမီဒီယာတွေကို အ ကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါတယ်။