" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ICJ. Show all posts
Showing posts with label ICJ. Show all posts

Tuesday, March 1, 2022

ဂမ်ဘီယာ-မြန်မာအမှု ICJ ဒုတိယအကြိမ် ကြားနာမှု ပြီးဆုံး

VOA
သန်းလွင်ထွန်း
ဉာဏ်ဝင်းအောင်
01 မတ်၊ 2022


 

 

[UNICODE]

ဂမ်ဘီယာ-မြန်မာ အမှု ICJ ဒုတိယအကြိမ်ကြားနာမှု ပြီးဆုံး

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ICJ တရားရုံးမှာ ဂမ်ဘီယာနဲ့မြန်မာအမှု ဒုတိယအကြိမ် ကြားနားပွဲကတော့ ဖေဖေါ်ဝါရီ(၂၈) တနင်္လာနေ့မှာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ နောက်ဆုံးပိတ် လျှောက်လဲခဲ့တဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ဥပဒေအကျိုးဆောင်က အချက်(၃)ချက် ဆောင်ရွက်ပေးဖို့ တရားရုံးကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီအ ချက်တွေ အပါအဝင် ကြားနာမှု အပြည့်အစုံနဲ့ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းထားပါတယ်။

မေး ။ ။ ဦးသန်းလွင်ထွန်း ခင်ဗျာ၊ ဖေဖေါ်ဝါရီ ၂၈ ရက် တနင်္လာနေ့မှာပဲ ICJ တရားရုံးမှာ နောက်ဆုံးနေ့ အဖြစ်နဲ့ ဂမ်ဘီယာဖက်က လျှောက်လဲချက်တွေထဲမှာ ဘယ်လို ထူးခြားတဲ့အချက်တွေ ပါတာ တွေ့ရပါလဲခင်ဗျ။

Monday, February 28, 2022

ရိုဟင်ဂျာအမှု ဂမ်ဘီယာရဲ့ အပြီးသတ်လျှောက်လဲချက် ဒီနေ့ တင်သွင်းမည်

RFA
လွတ်လပ်တဲ့အာရှအသံ
2022.02.27

၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို တွေ့ရစဉ် Photo: MUNIR UZ ZAMAN / AFP


မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက် နဲ့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ မြန်မာနိုင်ငံ တရားစွဲခံနေရတဲ့အမှု ဂမ်ဘီယာနိုင်ငံဘက်က ဒီနေ့ အပြီးသတ် လျှောက်လဲချက်ကို တင်သွင်းဖို့ရှိပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ဒီနေ့ ၂၈ ရက်အထိ ဒုတိယအကြိမ် ကြားနာမှုမှာ ဒီအမှုဟာ ICJ အပြည်ပြည်ဆိုင် ရာ တရားရုံးမှာ တရားစွဲခွင့် ရှိ၊ မရှိနဲ့ ပတ်သက်ပြီး တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံနဲ့ တရားစွဲခံရတဲ့ မြန်မာနိုင်ငံ ဘက်က အပြန်အလှန် လျှောက်လဲချက်တွေ ပေးနေကြတာပါ။ ဂမ်ဘီယာဘက်က တရားစွဲခွင့်ရှိကြောင်း လျှောက်လဲခဲ့သလို မြန်မာ ဘက်ကလည်း ဂမ်ဘီယာအနေနဲ့ တရားစွဲခွင့်မရှိဘူးလို့ ချေပ လျှောက်လဲထား ပါ တယ်။

Saturday, February 26, 2022

မြန်မာ ကန့်ကွက်ချက် လက်မခံရန် ICJ တွင် ဂမ်ဘီယာ လျှောက်ထား

ဧရာဝတီ
24 February 2022
ဂမ်ဘီယာရှေ့နေချုပ်က လက်ရှိမြန်မာနိုင်ငံတွင်ကြုံနေရသည့် အခြေအနေများသည် တရားမျှတမှုရရှိရန် ပိုမိုဝေးကွာနေပြီဟုလည်း ထောက်ပြပြောဆိုသည်

မြန်မာကိုယ်စားလှယ်များဘက်က လျှောက်ထားသည့် ကန့်ကွက်ချက်များကို လက်မခံဘဲ ပယ်ချရန် ဂမ်ဘီယာ ကိုယ် စားလှယ်အဖွဲ့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဖေဖော်ဝါရီလ ၂၃ ရက်က လျှောက်ထားသည်။

နယ်သာလန်နိုင်ငံ The Hague တွင် ပြုလုပ်သည့် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်သည် ဆိုသော ဂမ်ဘီယာက မြန်မာအပေါ်စွဲဆိုထားသော အမှုဆိုင်ရာ ကြားနာပွဲတွင် ဂမ်ဘီယာနိုင်ငံကိုယ်စားပြု ရှေ့နေ များက တရားရုံး၌ ပြောကြားခြင်းဖြစ်သည်။

Thursday, February 24, 2022

တန်းတူအခွင့်အရေးရမှသာ နေရပ်ပြန်လာချင်ကြောင်း ရိုဟင်ဂျာတွေပြောဆို

RFA
လွတ်လပ်တဲ့အာရှအသံ
2022.02.24
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၂၁ အောက်တိုဘာ ၆ ရက်နေ့က တွေ့ရစဥ် AFP Photo
 
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အမှု ကြားနာဖို့ တစ် ရက်အလို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်က နေရပ်စွန့် ခွာ သူတွေ ပြန်လက်ခံရေးကိစ္စကို ပြင်ဆင်နေ ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အရင်က ခါးခါးသီးသီး ငြင်းဆန်ခဲ့တဲ့ 'ရိုဟင်ဂျာ' ဆိုတဲ့ စကားလုံးနဲ့၊ တောက်လျှောက်သုံး စွဲခဲ့တဲ့ 'ဘင်္ဂါလီ' ဆိုတဲ့ စကားလုံးနှစ်ခုစလုံးကို ရှောင်ရှားပြီး၊ 'ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများ' လို့ သုံးနှုန်း ထားပါတယ်။ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေးကိစ္စ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ ကနဦး အကြံပြုချက်တွေကို အတည်ပြုနိုင်ဖို့နဲ့ ဒီကိစ္စ လက်တွေ့အကောင်အထည်ဖော်ရေးမှာ အကူအညီတွေ လိုအပ် တာကြောင့် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အစည်းအဝေးတွေ ထပ်လုပ်လိုကြောင်းလည်း ဖော်ပြထားပါတယ်။

Wednesday, February 23, 2022

မြန်မာကန့်ကွက်မှုပယ်ချဖို့ ICJ ကို ဂမ်ဘီယာနိုင်ငံလျှောက် ထား

VOA
ဗွီအိုအေမြန်မာပိုင်း
23 ဖေဖော်ဝါရီ၊ 2022
ကျော်ကျော်သိန်း

ICJ

[[Zawgyi/Unicode]]

နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဘက်က ကန့်ကွက်ထားတာကို ပယ်ချပေးဖို့ ဒီကနေ့ကြားနာပွဲအတွင်း ဂမ်ဘီယာရှေ့နေချုပ်က ICJ မှာ တင်ပြ သွားပါတယ်။ မြန်မာနိုင်ငံဘက်က ထောက်ပြကန့်ကွက်နေသလိုမျိုး ဂမ်ဘီယာနိုင်ငံဟာ ဘယ်နိုင်ငံ ဘယ်အဖွဲ့ အစည်းကိုယ်စားမှ လုပ်ဆောင်နေတာမဟုတ်ဘူးလို့လည်း အခိုင်အမာ ပြောသွားပါတယ်။ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အိုင်စီဂျေအမှု - မြန်မာကို ဂမ်ဘီယာကိုယ်တိုင်က တရားစွဲ ခွင့်ရှိကြောင်း ဂမ်ဘီယာဘက်က လျှောက်လဲ

B B C

ဘီဘီစီမြန်မာပိုင်း
23.02.2022

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ကြားနာနေရာမှာ မြန်မာဘက်က လျှောက်လဲခဲ့ တာတွေအားလုံးကို ပယ်ချဖို့အပါအဝင် ဂမ်ဘီယာဘက်က ဒီကနေ့ လျှောက်လဲချက် ပေးပါတယ်။

တနင်္လာနေ့မှာ မြန်မာဘက်က ကနဦး ကန့်ကွက်လွှာကို ကြားနာမှုအပြီးမှာ အခုအခါ ဂမ်ဘီယာဘက်က လျှောက် လဲရတာ ဖြစ်ပါတယ်။

ICJ’s fresh hearings into Rohingya case bring fresh hope

The Daily Star
Wednesday, February 23, 2022

The world must come together for the Rohingya cause

File photo of a court proceeding in a case filed by the Gambia against Myanmar over allegations of genocide against the Rohingya at the International Court of Justice (ICJ) in Netherlands, on January 23, 2020. Photo: Reuters/Eva Plevier



We welcome the International Court of Justice's initiative to start a fresh round of hearings into the Rohingya genocide case filed by the Gambia over two years ago. The hearings will be held in two rounds starting from today. The Gambia, on behalf of the Organisation of Islamic Cooperation (OIC), filed the case in November 2019 with an aim to bring Myanmar to account for its genocidal actions against the Rohingya. The court, after holding a preliminary hearing, found the claims to be substantial and ordered Myanmar to take provisional measures to prevent further acts of genocide in the Rakhine State. Two years have passed since then, but Myanmar has not taken any such measures yet. It has not taken any initiative to grant citizenship or ensure other basic rights of the Rohingya.

ICJ begins oral arguments in Myanmar genocide case

JURIST
Pooja Mehta | Gujarat National Law U., IN
February 22, 2022 09:52:30 am

The International Court of Justice (ICJ) Monday began hearing oral arguments in a case to determine whether Myanmar has violated the Convention on the Prevention and Punishment of the Crime of Genocide (Genocide Convention).

The Gambia filed an application instituting proceedings against Myanmar concerning alleged violations of the Genocide Convention on November 11, 2019. The Gambia also filed an application for the indication of provisional measures. In the proceedings that ensued, the court granted certain provisional measures. Myanmar then made preliminary objections to the court’s jurisdiction and the admissibility of the Application.

Rohingyas at ICJ

The Statesman
Statesman News Service | Kolkata | February 23, 2022 1:32 am


While the court is yet to respond to the nature of Myanmar’s representation at the hearings, “there is little doubt that if it is the junta that is in court, this is not something that should be taken to confer legitimacy on the junta this is not something that should be taken to confer legitimacy on the junta,” is the reaction of the Global Justice Centre.
representational image /Myanmar (iStock photo) 
 
It is early days and therefore presumptuous to aver that there may be hope yet for the Rohingyas in what has come to be known as the genocide case. Gambia, a tiny country in Africa, has come to the rescue of the persecuted segment from Myanmar. It has acted on behalf of the organisation of Muslim nations that have accused Myanmar of genocide in course of its crackdown on Rohingyas.

Is ICJ genocide case legitimising junta?

Published : 23 Feb 2022 at 04:00

Following the military-led "clearance operation" that forced 750,000 Rohingya to flee neighbouring Bangladesh, the West African nation of Gambia brought a case to the International Court of Justice (ICJ) in November 2019 accusing Myanmar of violating the 1948 Genocide Convention.



Secondary photo File photo dated Dec 11, 2019 shows then Myanmar's leader Aung San Suu Kyi defends Myanmar government on the alleged genocide against the minority Muslim Rohingya population, at ICJ, The Hague, the Netherlands. The Myanmar junta recently appointed replacement as Suu Kyi, has been jailed since Feb 2021's coup.

In response to the court's unanimously indicated and legally binding provisional measures to protect the Rohingya from further atrocities, Myanmar's then-civilian government filed a preliminary objection to the jurisdiction of the court and the admissibility of the application in January 2021.
 

ရိုဟင်ဂျာအမှု ဂမ်ဘီယာရဲ့လျှောက်လဲချက် ဒီနေ့တင်သွင်း မည်

RFA
လွတ်လပ်တဲ့အာရှအသံ
2022.02.22 

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာအရေး ကြားနာစစ်ဆေးစဉ်။
Photo: Ministry of Foreign Affairs Myanmar


မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီ ယာ နိုင်ငံက မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှု ကြားနာစစ်ဆေးမှုကို ဒုတိ ယနေ့အဖြစ် ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်တွေကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ဒီနေ့တင်ပြမှာပါ။

ဒီအမှုကို အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တာဖြစ် ပြီး နိုင်ငံ အနေနဲ့ပဲ အခြားတစ်နိုင်ငံကို တရားစွဲဆိုခွင့် ရှိတဲ့အတွက် ICJ တရားရုံးအနေနဲ့ စစ်ဆေးစီရင်ခွင့် မရှိကြောင်း မြန်မာဘက်က ရှေ့နေတွေက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကြားနာစစ်ဆေးမှုမှာ လျှောက်လဲ ချက် ပေးခဲ့ပါတယ်။

ရိုဟင်ဂျာအမှု စစ်ကောင်စီ နိုင်ခြေရှိသလား

RFA
လွတ်လပ်တဲ့အာရှအသံ
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2022.02.22

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ICJ တရားရုံး မြန်မာအရေး ကြားနာစစ်ဆေးပွဲတွင် တွေ့ရသော စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်။
Photo: Ministry of Foreign Affairs Myanmar/Facebook 

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှု ကို ICJ တရားရုံးမှာ တနင်္လာနေ့က စစ်ကောင်စီဘက်က စတင်ပြီး လျှောက်လဲချက် ပေးခဲ့ပါတယ်။ စစ်ကောင်စီ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ စစ်ကောင်စီခန့် ရှေ့နေ Cristoper Staker တို့ လျှောက်လဲခဲ့ကြတာပါ။

ဒီလျှောက်လဲချက်တွေဟာ ၂၀၁၉ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ခုခံချေပခဲ့တဲ့ ပုံစံအ တိုင်း ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ ဂမ်ဘီယာနိုင်ငံအနေနဲ့ စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တရား ရုံးက စီရင်ပိုင်ခွင့်မရှိဘူးလို့ စစ်ကောင်စီဘက်က ချေပခဲ့သလို IOC အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအ ဖွဲ့ ပါဝင်ခွင့်မရှိဘူးလို့လည်း တင်ပြခဲ့ပါတယ်။

Tuesday, February 22, 2022

ICJ တွင် စစ်ကောင်စီကို ခုခံခွင့်ပေးခြင်းက အစဉ်အလာ ဆိုးကို ဖြစ်စေနိုင်

ဧရာဝတီ
Parvej Siddique Bhuiyan
20 February 2022
၂၀၁၉ ဒီဇင်ဘာတွင် ICJ တရားရုံးတွင် ပြုလုပ်ကြားနာသော ဂမ်ဘီယာ-မြန်မာအမှု / CJ

ရိုဟင်ဂျာ ၇၅၀,၀၀၀ ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေသည့် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အနောက် အာဖရိက နိုင်ငံတခုဖြစ်သော ဂမ်ဘီယာက ထိုအမှုကို နိုင်ငံတကာ တရားရုံး (ICJ) တွင် စွဲဆိုကာ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖေါက်ကြောင်း စွပ်စွဲသည်။

OIC က ကြိုးကိုင်နေ၍ အမှုကို လက်မခံသင့်ဟု ICJ တွင် စစ်ကောင်စီကိုယ်စားလှယ်ပြော

ဧရာဝတီ
By ဧရာဝတီ 
22 February 2022
ဖေဖေါ်ဝါရီ ၂၁ရက်က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲထား သည့်အမှုကို ပြန်လည်ချေပနေသည့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ / အိုင်စီဂျေ ဝက်ဘ်ဆိုဒ်


မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသောအမှုတွင် နောက်ကွယ်၌ အစ္စလာမ်နိုင်ငံများ ပူးပေါင်ဆောင် ရွက် ရေးအဖွဲ့ (OIC) က ကြိုးကိုင်နေသဖြင့် အမှုကို လက်မခံသင့်ကြောင်း အာဏာသိမ်းမြန်မာ စစ်ကောင်စီ၏ ကိုယ်စား လှယ်က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၁ ရက်က နယ်သာလန်နိုင်ငံ The Hague တွင် ပြုလုပ်သည့် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်သည်ဆိုသော ဂမ်ဘီယာက မြန်မာအပေါ်စွဲဆိုထားသော အမှုဆိုင်ရာ ကြားနာပွဲတွင် မြန် မာ စစ်ကောင်စီငှားရမ်းထားသော ဗြိတိန်အခြေစိုက် ဥပဒေပညာရှင် ရှေ့နေများက ပြောဆိုခြင်းဖြစ်သည်။

The Hague မှာ ကြားနာရာမှာ ရိုဟင်ဂျာ လူမျိုးတုံးသတ် ဖြတ်မှု အမှုကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂ ထိပ်တန်းတရားရုံး ကို မြန်မာစစ်အစိုးရက တောင်းဆို

ဧရာဝတီ
AFP
22 ဖေဖော်ဝါရီ 2022
“စစ်တပ်က အာဏာသိမ်းပြီးကတည်းက အခြေအနေတွေက အဆက်မပြတ် ဆိုးရွားနေပါတယ်။မြန်မာကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဦးကိုကိုလှိုင် (ဝဲ) သည် ဖေဖော်ဝါရီ ၂၁ ရက် ICJ တွင် ကြားနာမှုတစ်ခု၌ မြန်မာနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ကမ္ဘာ့တရားရုံးရှေ့မှောက်တွင် ခုခံကာကွယ်ရန် ရောက်ရှိလာသည်။ / ICJ

ရိုဟင်ဂျာမွတ်ဆလင်တွေကို နှိပ်စက်ညှဉ်းပန်းမှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကိစ္စနဲ့ ပတ် သက်ပြီး မြန်မာနိုင်ငံက တနင်္လာနေ့မှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရား ရုံးကိုတရား ဥပဒေကြောင်းအရ တောင်းဆိုချက်ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် 2019 ခုနှစ်တွင် ဆွဲထုတ်ခဲ့ပြီး ရိုဟင်ဂျာမွတ်စလင်လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲကာ မြန်မာနိုင်ငံအား 2019 ခုနှစ်တွင် ဆွဲထုတ်ခဲ့သည်။

Myanmar Junta Asks UN's Top Court to Drop Rohingya Genocide Case at Hearing in The Hague

Irrawaddy
By AFP 22 February 2022

The junta’s delegation defends Myanmar in the genocide case at a public hearings at the ICJ on Feb. 21, 2022. / ICJ

Myanmar hit out Monday at a genocide case brought against it by Gambia for alleged persecution of Rohingya Muslims, urging the UN’s highest court to drop the claim on legal grounds.

Gambia dragged Myanmar before the International Court of Justice (ICJ) in 2019, accusing the predominantly Buddhist country of genocide against the Rohingya Muslim minority after a bloody 2017 military crackdown.

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေ နောက်ထပ်ကြားနာမှု စတင်

B B C

ဘီဘီစီမြန်မာပိုင်း
၂၁ ဖေဖော်ဝါရီ ၂၀၂၂

မြန်မာဘက်က ရှေ့နေအဖွဲ့က ကန့်ကွက်ချက်တွေကို တင်ပြလျှောက်လဲ
[ Unicode ]
 
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ရဲ့ လျှောက်လဲ တင်ပြချက်တွေကို နောက်ထပ် ကြားနာမှု ဒီနေ့ စတင်နေပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တ ရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့် ကွက် မှုတွေနဲ့ပတ်သက်ပြီး ICJ က ကြားနာနေတာ ဖြစ်ပါတယ်။

မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့

ICJ မှာ စစ်ကောင်စီ ဖြေရှင်းခွင့်ရ၊ NUG နဲ့ လူ့အခွင့်အရေး အဖွဲ့တွေ ကန့်ကွက်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊သတင်းများ
2022.02.21

 [ Unicode ]
 
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံ ကို ဂမ်ဘီယာ နိုင်ငံ က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ ပက်သက်ပြီး၊ လေးရက်ကြာ ကြားနာ စစ် ဆေးမှုတွေကို မနေ့က နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကြားနာပွဲကိုတက်ရောက်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီတို့ အပြိုင်အဆိုင်ကြိုး စားခဲ့ ကြပေမယ့် စစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့်ရနေပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေ မှာ နောက်ထပ်ကြားနာမှု စတင်

B B C

ဘီဘီစီမြန်မာပိုင်း
21 ဖေဖော်ဝါရီ 2022


ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေမှာ နောက်ထပ်ကြားနာမှု စတင်

[ Unicode ]
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တ ရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့် ကွက် မှုတွေနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ကြားနာ နေတာ ဖြစ်ပါတယ်။

ICJ မြန်မာဂမ်ဘီယာအမှု ကြားနာပွဲ မြန်မာလူထုစိတ်ဝင် စား မှုအမျိုးမျိုး

VOA
ဗွီအိုအေမြန်မာပိုင်း
21 ဖေဖော်ဝါရီ၊ 2022
စုမြတ်မွန်

၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ICJ မှာ လာရောက်လျှောက်လဲချက်ပေးစဉ်က ထောက်ခံသူများကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)ICJ

[[Unicode]]

ICJ မြန်မာဂမ်ဘီယာအမှု ကြားနာပွဲ မြန်မာလူထုစိတ်ဝင်စားမှုအမျိုးမျိုး


ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို Netherlands နိုင်ငံ The Hague မြို့က ICJ နိုင်ငံတကာ တရားရုံးမှာ အခုအသံလွှင့်နေချိန်မှာ ကြားနာစစ်ဆေး နေပါတယ်။ ဒီအမှုအတွက် NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဘက်က ဦး ဆောင်သွားရောက် ချေပခဲ့တုန်းက မြန်မာပြည်သူအများစု သူ့ဘက်က ရပ်တည်အားပေးခဲ့ကြပါတယ်။ အခုတ ခေါက် အမှုပြန်လည်စတင်ကြားနာမှုအပေါ်မှာရော ပြည်သူတွေရဲ့စိတ်ဝင်စားမှု ဘယ်လောက်ထိရှိ နေ ပါလဲ။ ရန်ကုန်က စုစည်းပေးပို့လာသမျှကို မစုမြတ်မွန်ကတင်ပြပေးထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */