28 ဧပြီ၊ 2021
ဗွီအိုအေ (မြန်မာပိုင်း)
ရိုဟင်ဂျာဒုက္ခသည်များပင်လယ်ဓါးပြတွေရဲ့ တိုက်ခိုက်တာခံခဲ့ရပြီး ၂ ရက်အကြာ ဘင်္ဂလားပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၃၀ ကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ က ပြီးခဲ့တဲ့ အင်္ဂါနေ့ က ကယ်တင်လိုက်ပါတယ်။
မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ် အရှေ့ တောင်ဘက်က ဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။
တော်တော်များများဟာ လူကုန်ကူးသူတွေကို ငွေပေးပြီး အန္တရာယ်များတဲ့ ပင်လယ်ခရီးကို ဖြတ်ပြီး အရှေ့ တောင်အာရှနိုင်ငံတွေဆီကို ထွက်ပြေးကြပါတယ်။