" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label 2023. Show all posts
Showing posts with label 2023. Show all posts

Monday, January 23, 2023

ဘင်္ဂလားဒေ့ရှ်ရဲတွေ ရိုဟင်ဂျာဒုက္ခသည်တွေကို ငွေညှစ် အနိုင်ကျင့်

VOA
ဗွီအိုအေအေန်မာပိုင်း
၂၂ ဇန္နဝါရီ၊ ၂၀၂၃
ဆုမွန်
 
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေကို ကာကွယ်ဖို့ တာဝန်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ဝင်တွေက ဒုက္ခသည်တွေကို ဖမ်းဆီး၊ ငွေညှစ်မှုတွေနဲ့ ညှင်းပမ်းနှိပ်စက်နေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

Link : Here

Saturday, January 21, 2023

မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှ ကိုလိုနီခေတ်၌ ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ခိုင်မာစွာသက်သေပြနိုင်ဟု ဒုတပ်ချုပ်ဆို

NP News
မျိုးကြီး (NP News)
ဇန်နဝါရီ ၂၁ -၂၀၂၃


မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုး လုံးဝမရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီလက်အောက် ၁၈၈၁ ခုနှစ်၌ ကောက်ယူ ခဲ့ သော သန်းခေါင်စာရင်းအရ ခိုင်မာစွာသက်သေပြနိုင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇန်နဝါရီလ ၂ဝ ရက်တွင် နေပြည် တော်၌ပြုလုပ်သောဗဟိုသန်း ခေါင်စာရင်းကော်မရှင်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

Friday, January 20, 2023

ARSA တပ်ဖွဲ့ဝင် ၄၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး၊ မြန်မာ ဘက်ခိုလှုံလာသည့် ဒုက္ခသည် ၅၀၀ ကျော်ပြန်ပို့ခံရ

DVB
20 January, 2023
ARSA တပ်ဖွဲဝင် ၄၀ ခန့်အား RAB အဖွဲ့မှ ဖမ်းဆီးထားစဥ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နယ်ခြား မှတ်တိုင်အမှတ် ၃၀ နဲ့ ၃၅ ကြား Zero Line အနီးရှိ ဒုက္ခ သည် စခန်းမှာ ခိုလှုံနေတဲ့ ARSA အဖွဲ့ဝင် ၄၀ လောက်ကို ဇန်နဝါရီ ၁၈ ရက် ညက ဘင်္ဂလားဒေ့ရှ် (RAB) အထူးတပ်ဖွဲ့နဲ့ RSO တပ်ဖွဲ့တွေ ပူးပေါင်းဖမ်းဆီးလိုက်တယ်လို့ နယ်စပ်နေ ဒုက္ခသည်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာတိုက်ခိုက်ရေး သမား များကြား တိုက်ပွဲဖြစ်၍ လူ ၁ ဦး သေဆုံး

မဇ္စျိမ
AFP
20 January 2023

မြန်မာနှင့်နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာတိုက်ခိုက်ရေးအုပ်စုများကြား တိုက်ပွဲဖြစ်၍ လူတစ်ဦး သေ ဆုံးပြီး ဒုက္ခသည် ယာယီတဲ ရာပေါင်းများစွာ ပြိုပျက်ကြောင်း ရဲနှင့် မျက်မြင်များက ကြာသပတေးနေ့တွင် ပြောကြသည်။

၂၂ ဘီးတွဲကားနောက်တွင် ခြံခတ်လိုက်လာသူ ရိုဟင်ဂျာ ၆ ဦး ကျိုက်ထိုတွင် ဖမ်းခံရ

BNI
Friday, January 20, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း စစ်ဆေးရေးဂိတ်တွင် ၂၂ ဘီးတွဲကားနောက်တွင် ခြံခတ် ၍ လိုက်ပါ လာသည့် ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့မှ မြဝတီမြို့သို့ ဦးတည်မောင်းနှင်လာသည့် Cheng Long အမျိုးအစား ယာဉ်အမှတ် YGN 6R5614 အဖြူရောင် ၂၂ ဘီးတွဲကားတစ်စီးသည် မရမ်းချောင်း စစ်ဆေးရေး ဂိတ် အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးစစ် ဆေးခဲ့ရာ ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်စခန်း ထပ်မံမီးရှို့ ခံရပြီး ရိုဟင်ဂျာ ၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်

DVB 
20 January, 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်နယ်ခြားမှတ်တိုင်အမှတ် ၃၀ နဲ့ ၃၅ အကြား Zero Line အနီး ဒုက္ခသည်စခန်းရှိ နေအိမ်တွေ ဇန်နဝါရီ ၂၀ ရက် ဒီနေ့မွန်းလွဲ ၁ နာရီလောက်မှာ ထပ်မံမီးရှို့ခံရလို့ ရိုဟင်ဂျာ ၅၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေထံက သိရပါတယ်။

မျက်မြင်ရိုဟင်ဂျာဒုက္ခသည်တဦးက "ဒီနေနေ့လယ်ပိုင်းမှာ Zero Line မှာကျန်နေတဲ့ နေအိမ်တွေအားလုံး မီး လောင်နေတာကို ကျနော်တို့မြင်နေရတယ်ဗျ။ Zero Line မှာ နေထိုင်တဲ့ ဒုက္ခသည် ၅၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတယ်။ လက်ရှိမှာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တောင်ပြို စာသင်ကျောင်းတစ်ခုအနီးမှာ ကိုယ်ဟာကိုယ် တဲထိုးပြီးနေထိုင်ဖို့ ဒုက္ခရောက်စွာကြိုးစားနေကြတာတွေ့ရတယ်။"လို့ပြောပါတယ်။

ရိုဟင်ဂျာနှစ်ဖွဲ့တိုက်ပွဲကြောင့် ဒုက္ခသည် စခန်းမီးရှို့ခံရပြီး အနည်းဆုံး ၁၀ ဦးသေဆုံးတယ်လို့ဆို

B B C

ဘီဘီစီမြန်မာပိုင်း

၁၉ ဇန်နဝါရီ ၂၀၂၃

ဒုက္ခသည်စခန်းက နေအိမ် ၅၀၀ လောက် မီးထဲပါသွား

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းမီးရှို့ခံလိုက်ရတာကြောင့် အဲဒီမှာနေတဲ့ ရိုဟင်ဂျာ ၃၅၀၀ လောက်ဟာ မြန်မာဘက်မှာ ဝင်ရောက်ခိုလှုံလာကြပါတယ်။

လူပေါင်း ၅၀၀၀ နီးပါးခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာရှိတဲ့ တောင်ပြိုလက်ယာစခန်းမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က မနက်ပိုင်းက စပြီး ရိုဟင်ဂျာအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ (Arakan Rohingya Salvation Army)နဲ့ RSO (Rohingya Solidarity Organisation) တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ကြပြီး မနေ့ကညနေပိုင်းမှာ ဒုက္ခ သည်စခန်း မီးရှို့ခံလိုက်ရတာပါ။

မီးလောင်မှုအတွင်း လူသေဆုံးတာတွေလည်းရှိတယ်လို့ ထွက်ပြေးလာသူတွေပြော

B B C

ဘီဘီစီမြန်မာပိုင်း
၁၉ ဇန်နဝါရီ ၂၀၂၃

ရိုဟင်ဂျာအဖွဲ့ နှစ်ဖွဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းမီးရှို့ခံလိုက်ရတာကြောင့် အဲဒီမှာနေတဲ့ ရိုဟင်ဂျာ ၃၅၀၀ လောက်ဟာ မြန်မာဘက်မှာ ဝင်ရောက်ခိုလှုံနေကြပါတယ်။
မီးလောင်မှုအတွင်း လူသေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ထွက်ပြေးလာသူတွေကပြောပါတယ်။

မြန်မာအာဏာပိုင်တွေဘက်ကရောဘာတွေ ဆောင်ရွက်နေပါသလဲ။

ကိုကျော်ဇေယျ ပြောပြပါမယ်။

Link : Here

Thursday, January 19, 2023

UNHCR Reports Sharp Spike in Dangerous Rohingya Boat Voyages

THE I DIPLOMAT
Sebastian Strangio
January 19, 2023

More than 3,500 people attempted to flee Myanmar and Bangladesh by sea last year, nearly five times more than in 2021.

Earlier this week, the United Nations refugee agency (UNHCR) released new statistics about the number of Muslim Rohingya refugees fleeing Myanmar or Bangladesh by sea in search of sanctuary abroad. According to the new data, some 3,545 people undertook perilous sea voyages in 2022, a fivefold increase on 2021, when around 700 people made similar journeys, UNHCR said in a statement Tuesday.

This increased traffic has been accompanied by a tragic increase in the number of Rohingya civilians who died or went missing at sea last year. At least 348 people failed to complete their journeys, making it one of the deadliest years for Rohingya boat voyages since 2014.

နယ်ခြားမျဥ်း သုညတွင် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များ ကြား ပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦး သေဆုံး

bdnews24.com 

Cox's Bazar သတင်းထောက်
bdnews24.comထုတ်ပြန် : 18 Jan 2023,

Naikhongchhari's Ghumdhum တွင် အခြားအမျိုးသားတစ်ဦး သေနတ်ထိမှန်ခံခဲ့ရသည်။

Bandarban's Naikhongchhari နယ်စပ်အနီး Tambru zero-line အနီးရှိ ရိုဟင်ဂျာစခန်းတွင် သေ နတ်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒေသခံတွေက တမ်ဘရူနယ်စပ်ရဲ့ သုညမျဉ်းနားက ဒီမနက် အပစ်အခတ်ရပ်စဲရေး အစီရင်ခံစာကို ပေးပို့ထားပါတယ်။ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု upazila အမှုဆောင်အရာရှိ ရိုမင်ရှာမာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

Rohingya Refugee Killed at Myanmar Border Camp

The Irrawaddy 

By MUKTADIR RASHID
19 January 2023

Rohingyas take shelter at a primary school inside Bangladesh after attack on Thursday morning.

DHAKA – A Rohingya refugee was shot dead, two others injured and many displaced by shooting and fires at a camp in no man’s land between Bangladesh and Myanmar on Wednesday.

Gunshots were also reported on Thursday from the Konarpara camp where Squadron Leader Rizwan Rushdee of the Directorate General of Forces Intelligence (DGFI) and a young Rohingya woman were killed during an anti-smuggling operation on November 14.

ARSA, RSO gun down Rohingya at Tambru border camp

dailyobserver
Published : Thursday, 19 January, 2023

COX'S BAZAR, Jan 18: A Rohingya man was killed and another injured in a firing at Konarpara Rohingya camp in the zero line area near Tambru border in Bandarban's Naikhong-chhari upazila on Wednesday.

Arakan Rohingya Salvation Army (ARSA) and Rohingya

Solidarity Organisation (RSO), two armed groups from Myanmar, are behind the shooting, said Dil Mohammad, a community leader of the camp.

Hamid Ullah, 27, a Rohingya man, suffered bullet injures and was rushed to the MSF-run hospital in Kutupalong, where doctors declared him dead, said Sheikh Mohammad Ali, Officer-in-Charge of Ukhiya Police Station.

The US BURMA Act: Long Way to the Rohingya Repatriation?

TGP
THE GEOPOLITICS
Towkir Hossain
January 9, 2023


The politics did not get better in 2022 but only became more complicated. We have seen many predicaments of international politics last year including a worsened phase of the Russia-Ukraine War, rising Chinese involvement, strategic autonomy question of the European Union, renewed transatlantic connection etc. The silent genocide in Ethiopia continued. The military rule in Myanmar regained its pace. The United States seems to be focused on regaining its global leadership role.

US BURMA အက်ဥပဒေ- ရိုဟင်ဂျာများ နေရပ်ပြန်ရေး ခရီးရှည်။

Burma Mail
January 10, 2023

သူသည် 2022 တွင်နိုင်ငံရေးမကောင်းမွန်ခဲ့ဘဲပိုမိုရှုပ်ထွေးလာသည်။ ရုရှား-ယူကရိန်းစစ်ပွဲ၏ ပိုဆိုးလာသောအဆင့်၊ တရုတ်ပါဝင်ပတ်သက်မှု မြင့်တက်လာမှု၊ ဥရောပသမဂ္ဂ၏ မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မေးခွန်း၊ အတ္တလန္တိတ်ဖြတ်ကျော်ဆက်သွယ်မှု အသစ်ပြန်လည်ဆန်းသစ်လာမှုစသည်ဖြင့် လွန်ခဲ့သည့်နှစ်တွင် ကျွန်ုပ်တို့တွေ့ခဲ့ရသည်။ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးက အရှိန်ပြန်တက်လာတယ်။ အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ ကမ္ဘာ့ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပြန်လည်ရရှိရန် အာရုံစိုက်နေပုံရသည်။
                                                                            

ရိုဟင်ဂျာဒုက္ခသည်များ ရဲများ၏ မတရားပြုကျင့်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရ

မဇ္မျိမ
By AFP
19 January 2023

ရိုဟင်ဂျာဒုက္ခသည်များကို ကာကွယ်ပေးရေး လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသည့် ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့သည် ရိုဟင်ဂျာဒုက္ခသည်များကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အနှောင့်အယှက်ပေး တိုက်ခိုက်ခြင်းနှင့် မှားယွင်းစွာ ဖမ်းဆီးခြင်းများ ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က အင်္ဂါနေ့တွင် ပြောသည်။

နိုင်ငံမဲ့ လူနည်းစု တစ်သန်းနီးပါး ရှိနေရာ ဒုက္ခသည်စခန်းများကို လက်နက်ကိုင်ရဲတပ်ရင်း APB က စီမံခန့်ခွဲနေခြင်း ဖြစ်သည်။ အဆိုပါ ဒုက္ခသည်စခန်းများတွင် ရှိနေသူအများစုမှာ အိမ်နီးချင်း မြန်မာ နိုင်ငံတွင် စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးခိုလှုံလာကြသူ အများစု ဖြစ်သည်။ မြန်မာစစ်တပ် ၏ ဖြိုခွင်းမှုကို လက်ရှိ၌ ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် စုံစမ်းလျက်ရှိသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာ ၂ ဖွဲ့တိုက်ပွဲဖြစ်၊ Zero Line စခန်းမီးရှို့ခံရပြီး ဒုက္ခသည်များ ထွက်ပြေး

DVB
၁၈ ဇန္နဝါရီ ၂၀၂၃

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဇန်နဝါရီ ၁၈ ရက် မနက်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အကြားတိုက်ပွဲဖြစ်ပွားပြီး Zero Line အနီးရှိဒုက္ခသည်စခန်းမီးရှို့ခံရကာ ဒုက္ခသည် ၅၀၀ လောက်နဲ့ ARSA တပ်ဖွဲ့တွေ မြန်မာဘက်ကို ထွက်ပြေးသွားကြတယ်လို့ နယ်စပ် ဒုက္ခသည်အသိုင်းအဝိုင်းက သိရပါတယ်။

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) တပ်ဖွဲ့တွေကို ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)နဲ့ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးတပ်ဖွဲ့(RAB)တပ်ဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ရာက တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့တာလို့ နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်တွေက ပြောပါတယ်။

Wednesday, January 18, 2023

Rohingya settlement on Bangladesh-Myanmar border torched amid fighting

RFA
Abdur Rahman
2023.01.18
Cox’s Bazar, Bangladesh

At least one person died during clashes in and around a no-man’s land along the frontier.
 This screengrab from a video shows smoke in the distance from a fire at a Rohingya settlement in the no-man’s land between the borders of Bangladesh and Myanmar, Jan. 18, 2023. The community seen in the foreground is in Naikhongchhari, a sub-district of the southeastern Bangladeshi district of Bandarban.
[Abdur Rahman/BenarNews]
 
 
A settlement of about 3,000 Rohingya refugees on the Myanmar-Bangladesh border was burnt to the ground Wednesday after an hours-long gunfight between Rohingya militant groups that left at least one person dead, sources said.

The two armed groups engaged one another in a firefight with reports that Rohingya shelters were set ablaze in the no-man’s land along the frontier, causing hundreds to flee for safety into Bangladeshi territory in southeastern Bandarban district, refugees and officials said.

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရိုဟင်ဂျာ အဖွဲ့တွေ တိုက်ပွဲ ဖြစ်၊ ဒုက္ခသည်စခန်း မီးရှို့ခံရ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ဇန်နဝါရီ ၂၀၂၃

ညနေပိုင်းမှာ မီးရှို့ခံရတဲ့ ဒုက္ခသည်စခန်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲအနီးမှာရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ် ခြား မျဥ်းက မွတ်ဆလင်ဒုက္ခသည်စခန်း အနီးမှာ ARSA (Arakan Rohingya Salvation Army)နဲ့ RSO (Rohingya Solidarity Organisation) တို့ ဒီကနေ့မနက်ပိုင်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ပစ်ခတ်မှု တွေကို ကြားသိရသူတွေက ပြောပါတယ်။

အဒီစခန်းအတွင်းမှာ ARSA တပ်ဖွဲ့တွေခိုလှုံနေကြတာကြောင့် အဲဒီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အထူးတပ် RAB ၊ RSO နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ် တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကခြမ်းက လူတွေက ပြောပါတယ်။

ARSA နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်ခြားမျဥ်းက ဒုက္ခသည် စခန်းမီးရှို့ခံရ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ဇန်နဝါရီ ၂၀၂၃
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်

မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအနီးမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဒီကနေ့ ညနေ ၄ နာရီ ၄၀ ခန့်ကစလို့ မီးလောင်မှုဖြစ်ပွားနေပါတယ်။

အဲဒီဒုက္ခသည်စခန်းဟာ မြန်မာဘက်ခြံစည်းရိုးအနီးကပ်လျှက် ဘင်္ဂလားဒေ့ရှ်ပိုင်နက်ဘက်မှာတည်ရှိပြီး ဘင်ဒရာ ဘင်ခရိုင်၊ ခေါင်းတုံးကျေးရွာအုပ်စု တောင်ပြိုလက်ယာအနီးက စခန်းတစ်ခုလည်းဖြစ်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲဖြစ်၊ ရိုဟင်ဂျာဒုက္ခသည်စခန်းမီးရှို့ခံရ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.01.18


အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) လက် နက် ကိုင်အဖွဲ့အကြား တိုက်ပွဲဖြစ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်းအနီးက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု ဇန်နဝါရီလ ၁၈ ရက်နေ့ညနေပိုင်းက မီးရှို့ခံခဲ့တယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */