30 December 2019
ကုလသမဂ္ဂ အထွေထွေညီလာခံကနေ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် ဆုံးဖြတ်ချက်ကို မကြာ မီကပဲ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြားလူနည်းစုတိုင်း ရင်းသား တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီး ထိန်းသိမ်းထား စဉ် သေဆုံးခဲ့တာတွေအပေါ် ပြစ်တင်ရှုတ်ချကြောင်း ပါဝင်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါ အ ဝင် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်က လူနည်းစုတွေအပေါ် မုန်းတီးမှုတွေကို တိုက်ဖျက်ဖို့ အရေးပေါ်ဆောင်ရွက်မှု တွေ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ညီလာခံက တိုက်တွန်းလိုက်ပါတယ်။