" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label ၁၉၈၂ နိုင္ငံသားဥပေ. Show all posts
Showing posts with label ၁၉၈၂ နိုင္ငံသားဥပေ. Show all posts

Friday, June 4, 2021

ရိုဟင်ဂျာအရေးအတွက် ၁၉၈၂ နိုင်ငံသားဥပဒေကို NUG ပြန်သုံးသပ်မည်

Myanmar Now
Published on Jun 4, 2021

ဖေဖော်ဝါရီ ၁ နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြစ်မှုများကို ICJ တရားရုံး၌ စီရင်ခွင့်ရရန် NUG က မျှော်လင့်ထားသည်
၂၀၁၇ အောက်တိုဘာ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံရသော ရိုဟင်ဂျာဒုက္ခသည်များ (ဓာတ်ပုံ - REUTERS)

ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ရပ်တည်ချက်ထုတ်ဖော်ပြောကြားရန် ဖိအားပေးခံနေရသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ယမန်နေ့ (ဇွန် ၃) တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ရိုဟင်ဂျာများကို နိုင်ငံမဲ့အခြေအနေသို့ တွန်းပို့ပေးလိုက်သည့် အခြေခံအကြောင်းတစ်ခုဖြစ်သည့် ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို ဖျက်သိမ်းခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်း လုပ်ငန်းစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲပြီးချိန်တွင် လုပ်ဆောင်နိုင်ကြောင်း NUG ၏ ထုတ်ပြန်ချက်က ဆိုသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */