" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လှေစီးဒုက္ခသည်. Show all posts
Showing posts with label လှေစီးဒုက္ခသည်. Show all posts

Tuesday, June 11, 2019

ရိုဟင်ဂျာ မွတ်စလင် ၆၅ ဦး ထိုင်းကမ်းခြေမှာ တွေ့ရှိ ဖမ်းဆီး

RFA
လွတ်လပ်တဲ့ အာရှအသံ
11/06.2019


■ ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေတခုမှာ သင်္ဘောပျက်ပြီး သောင်တင်နေတဲ့ ရိုဟင်ဂျာ မွတ်စလင် ၆၅ ဦးကို အင်္ဂါနေ့ မနက်က တွေ့ရှိခဲ့တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။ အဲဒီ မွတ်စလင်တွေလိုက်ပါတဲ့ သင်္ဘော ဟာ ကျောက်ဆောင်တခုနဲ့ တိုက်မိပြီး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နဲ့ အတူ လူမှောင်ခိုမှုနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တွေ့ခဲ့ရပြီး အဲဒီသူတွေအားလုံးကို အခု ထိုင်းရေတပ်က ဖမ်းဆီးထားပါတယ်။

အဲဒီမွတ်စလင်တွေကို ဘယ်ဒေသက ခေါ်ဆောင်လာသလဲဆိုတာ လတ်တလော မသိရသေးပါဘူး။

Photo: AP
- ထိုင်းနိုင်ငံတောင်ပိုင်းက ကမ်းခြေမှာ သင်္ဘောပျက်ပြီး သောင်တင်နေသော ရိုဟင်ဂျာ မွတ်စလင်များ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */