" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မေးမြန်းခန်း. Show all posts
Showing posts with label မေးမြန်းခန်း. Show all posts

Friday, December 6, 2019

မြန်မာ ပျက်ကွက်လဲ အာဂျင်တီးနားတရားရုံးက ဆက်လက် ကြားနာသွားမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
06 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
အာဂျင်တီးနားလူ့အခွင့်အရေး ရှေ့နေ Tomas Ojea Quintana နဲ့ Skype ကနေ ဆက်သွယ်မေးမြန်းမှု

မြန်မာစစ်ဖက်နဲ့ အရပ်ဖက် ခေါင်းဆောင်တွေက ခုခံချေပဖို့ မရှိဘူးဆိုရင်လည်း အာဂျင်တီးနားတရားရုံးက သူတို့တိုင်ကြားချက်ကို လက်ခံမယ်ဆိုရင် အမှုကိုဆက်လက်စီရင်သွားနိုင်ကြောင်း လူ့အခွင့်အရေးရှေ့နေ Tomas Ojea Quintana က ဗွီအိုအေကို ပြောပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရာဇ၀တ်ကျူးလွန်မှုဆိုတဲ့ စွဲချက်နဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို သာ မက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ သမ္မတဟောင်းတွေ ဖြစ်တဲ့ ဦးသိန်းစိန် နဲ့ ဦးထင်ကျော်တို့ ကိုပါ universal jurisdiction နိုင်ငံတကာဥပဒေချိုးဖောက်မှုမှန်သမျှ ကမ္ဘာ့နေ ရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် ဆိုတဲ့မူနဲ့ အာဂျင်တီးနား တရားရုံးမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က အမှုဖွင့်တိုင် ကြား ထားတာဖြစ်ပါတယ်။ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့နဲ့ အာဂျင်တီးနား လူ့အခွင့်အရေးအဖွဲ့ တချို့ပူးပေါင်းပြီး အမှုဖွင့်ထားတာပါ။


Thursday, December 5, 2019

ICJအမှုအတွက် ရိုဟင်ဂျာတွေကို သက်သေအဖြစ် လိမ် လည် ထွက်ဆိုစေလည်း မည်သို့မျှအကျိုးသက်ရောက်မှု မရှိဟုဆို

RVision Burmese
05 ဒီဇင်္ဘာ 2019

လင့်၊https://www.youtube.com/watch?v=VmEyl70piLQ&feature=youtu.be

ICJ မှာစွဲဆိုခံရမှုအပေါ် အမြင်ကွဲလွဲကြတာ ဘာကြောင့်လဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
05 ဒီဇင်ဘာ၊ 2019  
မှတ်တမ်းဓာတ်ပုံ - EBO ညွှန်ကြားရေးမှူး ဦးဟန်ညောင်ဝေနဲ့ ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ - AFP 
 

လူမျိုးတုန်း သတ်ဖြတ်မှုကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနို်င်ငံအပေါ် ဂမ် ဘီယာနိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆို ထားတဲ့ကိစ္စကို မြန်မာနိုင်ငံက တိုင်းရင်းသား လက် နက် ကိုင် အင်အားစုတွေကြားမှာ မတူ ကွဲပြားတဲ့ သဘောထားတွေနဲ့ တုန့်ပြန် နေကြပါတယ်။ ဒီလို ကွဲလွဲတဲ့ သဘောထားတွေဟာ သူတို့ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်မှု တချို့ ရှိသလို တချို့ကလည်း သူတို့ ကိုယ်တိုင် ကြုံတွေ့ရတဲ့ ခံစားမှုနဲ့ ဆက်စပ်နေတယ်လို့ မြန်မာနိုင်ငံအရေး တက်ကြွလှုပ်ရှား သူလည်း ဖြစ် ဘယ်လ်ဂျီယံ အခြေစိုက် Euro-Burma ရုံးရဲ့ အမှုဆောင်ညွန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဦးဟန်ညောင် ဝေက ဆိုပါတယ်။

Wednesday, December 4, 2019

ICJ မှာ မြန်မာ ရင်ဆိုင်ရမယ့် ပြဿနာ အတိုင်းအဆ (အပိုင်း ၁)

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ
04 ဒီဇင်ဘာ၊ 2019
                             ICJ တွင် အမှုရင်ဆိုင်နိုင်ရေး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ထိပ်တန်းခေါင်းဆောင်များ။


ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို စွဲဆိုဖို့ လျှောက်ထားချက် ရဲ့သဘောသဘာ ဝက ဘာလဲ၊ မြန်မာနိုင်ငံ ရင်ဆိုင်ရမယ့် ပြဿနာ အတိုင်းအဆ ဘယ်လောက်ရှိသလဲ၊ ဆိုတာတွေကို ခုတ ပတ် မြန်မာအရေးသုံးသပ်ချက်မှာ နိုင်ငံတကာ တက္ကသိုလ် အတော်များများမှာ နိုင်ငံတကာ ဥပဒေအပါ အ ဝင်၊ ဥပဒေဘာသာရပ်တွေကို ပို့ချခဲ့ဘူးတဲ့ ပါမောက္ခ ဒေါက်တာမြင့်ဇံ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် ထားပါတယ်။ ပထမဦးဆုံး Genocide စကားရပ်ရဲ့ ဥပဒေရှုထောင်က အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဒေါက်တာ မြင့်ဇံက အခုလိုရှင်းပါတယ်။

Friday, November 29, 2019

ICJ မှာ တရားစွဲလို့ Rohingya ပြဿနာ ပြေလည်မလား

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ
27 နိုဝင်ဘာ၊ 2019
ICJ တွင် အမှုရင်ဆိုင်ရေး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ထိပ်တန်းခေါင်းဆောင်များ။

 
ရိုဟင်ဂျာပြဿနာ ပြေလည်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေးကို ရာစုဝက်ကျော် စောင့်ကြည့်သုံးသပ်လာခဲ့သူ ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒါဖြင့်ရင် ICJ မှာ တရားစွဲဆိုတဲ့အတွက်ကော သေကြေနစ်နာခဲ့ရသူတွေ ဒုက္ခသည် တွေအတွက် တရားမျှ တမှု (Justice) ကို ဖော်ဆောင်နိုင်မယ့် အလားအလာရှိပါသလား။ George Town တက္ကသိုလ် ဂုဏ်ထူး ဆောင်ပါမောက္ခ Daivd Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

Thursday, November 28, 2019

ရခိုင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူဖို့ အားနည်းချက်တွေရှိခဲ့

B B C
ဘီဘီစီ မြန်မာပိုင်း
28 နိုဝင်ဘာ 2019

ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲခံရတဲ့ အမှုကို ဖြေရှင်းဖို့ မြန်မာနိုင်ငံဘက်က ပြင်ဆင်နေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ ရခိုင်ပဋိပက္ခတွေနဲ့ ပတ် သက်လို့ အစိုးရက စုံစမ်းရေးကော်မရှင်တွေ ဖွဲ့ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့်လည်း အခုလို ICJ ရဲ့ တရား စွဲ ဆိုမှုကို ကြုံခဲ့ရပါတယ်။ စုံစမ်းရေး ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေမှာ လစ်ဟာမှုတွေ ရှိခဲ့လို့လား ICJ အထိ တရားစွဲဆိုမှုက ဘာလို့ ဖြစ်လာရပါသလဲ ။ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီ အာနန်ရဲ့ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်မှာ ပါဝင်ခဲ့ဘူးသူအဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကို မအိမ့်ခိုင်ဦး က ဆက်သွယ် မေးမြန်းထားပါတယ်။

Saturday, November 23, 2019

ICC အမှု မြန်မာငြင်းပယ်နေရင် ပြဿနာပိုကြီးထွားနိုင်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မိုးမြင့်
2019-11-22

 နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နဲ့ ပူးပေါင်းဖို့ မြန်မာဘက်ကငြင်းပယ်ရင် နောက်ဆက်တွဲက ပိုရှုပ် ထွေးလာနိုင်ကြောင်းနဲ့ ICC ဟာ အစွယ်မရှိတဲ့ကျားကြီး paper tiger မဟုတ်ကြောင်း ဥပဒေပါရဂူဘွဲ့ရ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်က RFA နဲ့ သီးသန့်အင်တာဗျူးမှာ သုံးသပ်ပြထားပါတယ်။

လင့်၊https://www.rfa.org/burmese/interview/andrew-ngun-cung-lian-interview-11222019081435.html

Thursday, November 14, 2019

ICJ မှာ စွဲဆိုခံရမှု မြန်မာနိုင်ငံအပေါ် ဘယ်လိုထိခိုက်နိုင်သ လဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်ရဲမင်းထွန်း
14 နိုဝင်ဘာ၊ 2019  
နယ်သာလန်နိုင်ငံ The Haque မြို့က နိုင်ငံတကာ တရားရုံး ICJ  
 
လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေး ဆိုင်ရာ စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံ တရားစွဲဆိုခံရမှုက ဘယ်လောက် ထိခိုက်နိုင်ပါသလဲ ဆိုတာကို George Washington တက္က သိုလ် နိုင်ငံတကာ ရေးရာ ပါမောက္ခ Christina Fink ၊ နောက် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး အကြီး အကဲဟောင်း Priscilla Clapp တို့ကို ဗွီအိုအေက ဆက်သွယ် မေးမြန်း ထားပါတယ်။ ဒီလို တရားစွဲဆိုမှုဟာ ဘယ်လောက် အရေးကြီးလဲ ဆိုတာကို မအင်ကြင်းနိုင်က မေးမြန်းတဲ့ အခါမှာ George Washington တက္က သိုလ် နိုင်ငံတကာ ရေးရာ ပါမောက္ခ Christina Fink က အခုလို စပြောပါတယ်။

Wednesday, November 13, 2019

လူမျိုးတုံးသတ်ဖြတ်မှု မြန်မာနိုင်ငံမှာ တကယ်ဖြစ်ခဲ့ရင် တောင် ICJ အရေးယူလို့ မရဟုဆို

MCN TV NEWS
Nov 13, 2019

 
● မြန်မာနိုင်ငံမှာ “လူမျိုးတုံး သတ်ဖြတ်မှု” (Genocide) အမှန်တကယ် ဖြစ်ခဲ့ရင်တောင် ICJ လို နိုင်ငံတကာ တရားရုံးတွေက အရေးယူလို့ မရဘူးလို့ နိုင်ငံတကာ ဥပဒေပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန်က ပြောကြားလိုက်ပါတယ်။

လူ့အခွင့်ရေးကော်မရှင် ပြောင်းလဲချိန်တန်ပြီလို့ ICJ ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
သန့်ဇင်ဦး
2019-11-12
ရန်ကုန်မြို့ ၆ မိုင်ခွဲမှာရှိတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ရုံးဆိုင်းဘုတ်ကို တွေ့ရစည်
Photo: RFA
                                         
မြန်မာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေ ပိုမိုအားကောင်းလာရေးနဲ့ လူ့အခွင့်အရေး ဥပဒေကို ပြင်ဆင်ဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့ International Commission of Jurists ရဲ့ နောက်ဆုံးထုတ်အစီရင်ခံစာမှာ NLD အစိုးရကို တိုက်တွန်းလိုက်ပါ တယ်။

အစိုးရအနေနဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေကို အခုထက်ပိုအရည်အချင်းရှိပြီး လူထုကို ကိုယ်စား ပြု နိုင်တဲ့ သူတွေကိုပဲ ရွေးချယ်ခန့်အပ်ဖို့နဲ့၊ ၂ဝ၁၄ လူ့အခွင့်အရေးကော်မရှင်ဥပဒေပါ ကန့်သတ်ချက်တွေကို လည်း အမြန်ဆုံး ပြင်ဆင်သင့်နေပြီလို့ ဖော်ပြထားပါတယ်။

Wednesday, November 6, 2019

ICC ရဲ့ တွေ့ရှိချက်အစီရင်ခံစာကို ကုလအမြဲတမ်းကိုယ်စား လှယ် ဦးဟောက်ဒိုဆွမ်းတုံ့ပြန်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
2019-11-05
၂၀၁၉ နိုဝင်ဘာ ၆ ရက်နေ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ၂၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်း ကို တွေ့ရစဉ်
Photo: ministry of foreign affair myanma


နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး ICC   ၂၀၁၈-၁၉ အစီရင်ခံစာကို ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံ ၂၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ဒီလ ၄ ရက်နေ့က ဆွေးနွေးတဲ့အခါ ကုလသ မဂ္ဂ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက အဆိုမူကြမ်းကို ပယ်ချလိုက်ပြီး အတည်ပြုမယ့် ICC အစီရင်ခံစာ ဆုံးဖြတ်ချက်နဲ့ မသက်ဆိုင်တဲ့အကြောင်း တရားဝင်မှတ်တမ်းတင်ဖို့ ပြောကြားပါတယ်။

မြန်မာနိုင်ငံတင်မက အမေရိကန်ပြည်ထောင်စုနဲ့  ရုရှားစတဲ့ နိုင်ငံတွေကလည်း ကုလသမဂ္ဂကချမှတ်တဲ့ ဆုံးဖြတ်ချက် မှာ  ကုလလုပ်ထုံးလုပ်နည်းအရ  disassociate  ဆိုတဲ့  မသက်ဆိုင်၊ မပါဝင်တာလို့  ဦးဟောက် ဒိုဆွမ်းက ပြောပါ တယ်။ ဒါဟာ တရားလည်းဝင်တယ်လို့ဆိုပါတယ်။

Thursday, August 22, 2019

ရိုဟင်ဂျာတွေ ဘာကြောင့် မပြန်ချင်သလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
22 သြဂုတ်၊ 2019
မဆုမွန်

နိုင်ငံသားအခွင့်အရေးအပါအဝင် သူတို့တောင်းဆိုထားတဲ့ အချက်တွေကို မြန်မာအစိုးရဘက် ကမလိုက် လျောပေးသေးသရွေ့ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ဖို့စီစဉ်ထားတဲ့ ဒုက္ခသည် သုံးထောင်ကျော်ထဲက တဦးတယောက်မှ မပြန်လိုကြဘူးလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောဆို လိုက် ပါတယ်။

Wednesday, August 7, 2019

တိုင်းရင်းသားတို့ရဲ့ အမျိုးသားစိတ်ဓါတ် နှင့် ပြည် ထောင် စုနိုင်ငံ ဖော်ဆောင်ရေး

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
07 သြဂုတ်၊ 2019
ဦးကျော်ဇံသာ

မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြဿနာပြေလည်ရေး ပြည်ထောင်စုနိုင်ငံ ဖော်ဆောင်ရေးအတွက် သမိုင်းဖြစ် ရပ်တွေကို ထိန်ချန်မထားဘဲ၊ အဲဒီထဲကအမှားတွေကို ပြန်ပြင်နိုင်မယ့် စနစ်တရပ် လိုအပ်တယ်။ တိုင်းရင်း သားး တို့ရဲ့အမျိုးသားစိတ်ဓါတ်ကို သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ပြီး၊ ဒီပြဿနာတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တဲ့ နိုင်ငံတွေရဲ့  နမူနာကို အတုယူသင့်တယ်လို့ အမရေိကန်ပြည်ထောင်စု Gerogetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က ဆိုပါတယ်။ အသေးစိတ်ကို ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

Thursday, July 4, 2019

မြန်မာရိုဟင်ဂျာများအသင်း တောင်းဆိုမှုအပေါ် တုံ့ပြန်ချက်

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-07-04

BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင် ကို တွေ့ရစဉ် Photo: RFA
 

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မွတ်စလင်ဒုက္ခသည်တွေဟာ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေရတဲ့အတွက် နိုင်ငံသားအဖြစ် အသိမှတ်ပြုဖို့နဲ့ လုံခြုံရေးအတွက် အာမခံရှိဖို့ လိုအပ်တာတွေ အပါအ၀င် တပ်မတော်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ အရေးယူဖို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအသင်းက ဦးဆောင်သူ ဦးထွန်းခင်က အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရှေ့တောင်အာရှရေးရာ ညွန်ကြားရေးမှူး Josh Cartin ဂျော့ရှ် ကာတင် ကို ဇူလိုင် ၃ ရက်နေ့ မနေ့က တွေ့ဆုံပြီး ပြောကြားခဲ့ပါတယ်။

Wednesday, June 19, 2019

မြန်မာဒုက္ခသည်များ နေရပ်ပြန်ရေး ဘေးကင်းလုံခြုံမှု မရှိသေး

VOA
ဗွီအိုအေ (မြန်မာဌာန) 
19 ဇွန်၊ 2019
မခင်ဖြူထွေး
ရိုဟင်ဂျာ ဒုက္ခသည်များ

UNHCR ပြောခွင့်ရနှင့် ဆက်သွယ်မေးမြန်းချက်

ဇွန်လ ၂၀ ရက်နေ့က ကမ္ဘာ့ ဒုက္ခသည်များနေ့ပါ။ မြန်မာနိုင်ငံဟာလည်း ကမ္ဘာပေါ်မှာ ဒုက္ခသည် အများဆုံး ထွက်ပြေးရတဲ့ နိုင်ငံတွေထဲမှာ တခု အပါအ၀င် ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာဖြစ် ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက် ပဋိပက္ခတွေနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ ရှိနေတာပါ။ ဒီ ဒုက္ခ သည်တွေ နေရပ်ပြန်နိုင်ရေး အလားအလာ ဘယ်လိုရှိနေပါပြီလဲ။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာ မင်းကြီးရုံး UNHCR ရဲ့ အာရှဒေသဆိုင်ရာ ပြောခွင့်ရ Caroline Gluck ကို မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။

Wednesday, May 1, 2019

ရခိုင်မြောက်ပိုင်း ကျောက်တန်းကျေးရွာသား သုံးရာ ကျော် စစ်ဆေးမေးမြန်းခံရ

VOA 
ဗွီအိုအေ (မြန်မာဌာန)   
ကိုနိုင်ကွန်းအိန်
01 မေ၊ 2019 
 ရခိုင် ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျေက်တန်းကျေးရွာက ရွာသား ၃၀၀ လောက်ကို မြန်မာစစ်တပ်က စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန် မာ စစ်တပ်ကနေရွာကို ပိတ်ဆို့ပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာကြောင့် အခြေ အနေအပေါ်မှာ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း စိုးရိမ်နေပါတယ်။ ဗွီအိုအေ သတင်း ထောက် နိုင်ကွန်းအိမ်က စုံစမ်းမေးမြန်းသတင်းပေး ပို့ထားပါတယ်။

Sunday, April 28, 2019

ရခိုင်စစ်မီး ဘာကြောင့် ကြီးထွားလာသလဲ - အေအေ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဘီဘီစီ မေးမြန်းခန်း

B B C
ဘီဘီစီ မြန်မာပိုင်း
Published on Apr 23, 2019


ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ တို့အကြား စစ်ရေးအရှိန်မြင့် တက် လာနေပါတယ်။ ရခိုင်ပြည်နယ်က စစ်မီး ဘာကြောင့် အရှိန်မြင့်တက်နေရတာလဲ။ နောက်ပြီး အာဆာနဲ့ ရိုဟင်ဂျာအကျပ်အတည်းအပေါ် အေအေက ဘယ်လို ရှုမြင်သလဲ၊ ဘယ်လို ဖြေရှင်းမလဲ … စတာတွေကို ဘီဘီစီအကြီးတန်းသတင်းထောက် စောရန်နိုင်က အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ပန်ဆန်းမြို့မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။ --- --

Thursday, April 18, 2019

ငြိမ်းချမ်းရေး ဆိုတာက ဆုတောင်းနေလို့ မရဘူး ( DVB )

DVB
DVB TVnews
Published on Apr 17, 2019

အေအေအနေနဲ့ ထိုးစစ်တွေမလုပ်ဖို့ တရုတ်နိုင်ငံရဲ့မြန်မာအထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပြီး အစိုးရချင်း ဆက်ဆံရေးကြောင့် ဒါဟာသတင်းမှန်တွေမဟုတ်ဘူးလို့ အေအေစစ်ဦးစီးချုပ်ကပြန်လည်ပြောဆိုခဲ့ပါတယ်။ အောင်သူ သတင်းပေးပို့ထားပါတယ်။

Wednesday, April 17, 2019

မြန်မာ တိုင်းရင်းသားပြဿနာနှင့် အိန္ဒိယ နမူနာ

ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်

17 ဧပြီ၊ 2019
ဦးကျော်ဇံသာ
 State Counsellor meets with President of India (Photo- Myanmar State Counsellor Office)




မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ပြည်ထောင်စုအစိုးရအကြား ပဋိပက္ခတွေ ဘာ ကြောင့် ပိုမိုကျယ်ပြန့်လာရပါသလဲ၊ လူမျိုးရေးနဲ့ ဘာသာစကားအရ မတူကွဲပြားမှုတွေ များပြားလွန်းတဲ့ အိန္ဒိ ယနိုင်ငံမှာ အလားတူ ပဋိပက္ခတွေ ဘာကြောင့် နည်းပါးရသလဲ ဆိုတာတွေကို ၁၉၉၀ ပြည့်ရွေးကောက် ပွဲ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံး သပ်ထား ပါတယ်။

Tuesday, April 16, 2019

ဝငြိမ်းချမ်းရေးနှစ်ပတ်လည်ကိုလာတက်တဲ့ AA ဗိုလ်ချုပ် ဘာပြောသလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ဧပြီ ၁၆ ရက်



  ဝ လူမျိုးတွေလို အခွင့်အရေးပေးရင် ပြည်ထောင်စုကိုချစ်ခင်မှာပဲ၊ ရခိုင်လူမျိုးတွေ လွတ်မြောက်ရင် ဆိုရှယ်ဒီမိုကရေစီနဲ့ အုပ်ချုပ်မယ်၊ Welfare State ရခိုင်မှာ တည်ထောင်မယ် ဆိုတဲ့ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်
------------
လင့်၊ဝ ငြိမ်းချမ်းရေးနှစ်ပတ်လည်ကိုလာတက်တဲ့ AA ဗိုလ်ချုပ် ဘာပြောသလဲ
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */