" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အမေရိကန်. Show all posts
Showing posts with label အမေရိကန်. Show all posts

Thursday, March 5, 2020

အာဖဂန် စစ်ရာဇဝတ်မှုတွေအတွက် အမေရိကန်၊ တာလီ ဘန် နဲ့ အာဖဂန်နစ္စတန်အစိုးရတို့ကို စစ်ဆေးဖို့ အိုင်စီစီ ခွင့်ပြု


B B C
ဘီဘီစီ မြန်မာပိုင်
2020.03.05
အိုင်စီစီက သူ့နိုင်ငံသားတွေကို စစ်ဆေးမှာ အမေရိကန် သဘောမတူ


အာဖဂန်နစ္စတန်နိုင်ငံက စစ်ပွဲအတွင်း အမေရိကန်ပြည်ထောင်စု အပါအဝင် တခြားလက်နက်ကိုင် အဖွဲ့အ စည်းတွေက စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ဆက် လက် လုပ်ဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က ဆုံးဖြတ်လိုက်ပါတယ်။

Saturday, February 15, 2020

ရခိုင်ပြည်နယ် တိုက်ပွဲတွင်း ကလေးတွေထိခိုက်မှု ယူနီ ဆက် စိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
15 ဖေဖော်ဝါရီ၊ 2020 
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ကလေးငယ်များ

ရခိုင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခအတွင်း ကျောင်းသားအရွယ် ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အဖြစ်နဲ့ ကြုံရတဲ့အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံတမန်တွေရဲ့ ဝေဖန်မှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။

Saturday, February 1, 2020

အမေရိကန် ပြည်ဝင်ခွင့်ဗီဇာကန့်သတ်တဲ့ နိုင်ငံတွေထဲ မြန်မာပါဝင်

VOA
ဗွီအိုအေ (မြန်မာဌာန)
01 ဖေဖော်ဝါရီ၊ 2020 
အမေရိကန် သမ္မတ Donald Trump အစိုးရက မြန်မာအပါအ၀င် ပြည်ဝင်ခွင့်ကန့်သတ်တဲ့နိုင်ငံတွေကို သောကြာနေ့က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

သမ္မတအိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခံရတဲ့ (၇) နိုင်ငံစာရင်းကို ဖော်ပြထားတာမှာ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ Venezuela ၊ ယီမင်နဲ့ ဆိုမာလီးယားနိုင်ငံတို့ ပါဝင်ပါတယ်။

Friday, January 31, 2020

ရခိုင်ကိစ္စ တင်းမာမှု ရှိနေသော်လည်း မြန်မာနှင့် နီးနီးကပ် ကပ် ဆက်ဆံသွားမည်ဟု အမေရိကန်သံအမတ် ပြောကြား

မဇ္ဈိမ  
31 January 2020
ဇန်နဝါရီ ၃၁ ။                     ။ ရခိုင်အကျပ်အတည်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေဆိုးကျိုးတစ်ခုနှင့် မြန်မာစစ်တပ် အရာရှိကြီးများအပေါ် ပစ်မှတ်ထားပြီး ဆန်ရှင်ချမှတ်မှုတို့ ရှိနေလင့်ကစား ဝါရှင်တန်အစိုးရအနေဖြင့် မြန်မာနှင့် အခိုင်အမာ ဆက်လက် ဆက်ဆံပတ်သက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီယယ်က ရန်ကုန်မြို့တွင် ပြု လုပ် သည့် ဆွေးနွေးပွဲတစ်ခုမှာ အလေးပေး ပြောဆိုသွားခဲ့သည်။

Thursday, January 30, 2020

ရိုဟင်ဂျာ ပြဿနာအပေါ် အမေရိကန်ရဲ့ သဘောထား

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-01-29
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တချို့ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Ed JONES / AFP


ဇန်နဝါရီလ ၂၉ ရက်နေ့ ဂျပန်အခြေစိုက် The Diplomat စာစောင်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားနဲ့ ပါဝင်ပတ်သက်မှုဆိုင်ရာ သုံးသပ်ချက် ဆောင်းပါးတစ်စောင် ဖော်ပြခဲ့ပါတယ်။

ဦးသစ်ဆင်း က ကောက်နုတ်တင်ပြထားပါတယ်။

လင့်၊https://www.rfa.org/burmese/program_2/rohingya-issue-01292020215045.html

Sunday, January 12, 2020

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် သမ္မတ ထရမ့် ဖိတ်ကြား

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.12
ဒီနှစ်နှောင်းပိုင်းမှာ ဝါရှင်တန်မှာလုပ်ဖို့ရှိနေတဲ့ အာဆီယံအမေရိကန်ထိပ်သီးအစည်းအဝေးအတွက် ဖိတ်ကြားထားတာဖြစ်ပါတယ်။


နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ အမေ ရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖိတ်ကြားထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ် ကြီး စကော့မာစီရယ်က ပြောကြားပါတယ်။

Tuesday, December 10, 2019

တပ်ချူပ်၊ ဒုတပ်ချုပ်နဲ့ ဗိုလ်ချုပ်နှစ်ဦး အမေရိကန်ဘဏ္ဍာရေး ဌာန ဒဏ်ခတ်အရေးယူ

VOA
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာ အခမ်းအနားတခုအတွင်း အတူတွေ့ရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဝဲ) နှင့် ဒုတိယဗိုလ်ချုပ်မှူုးကြီးစိုးဝင်း (ယာ)။ (မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန၊ နေပြည်တော်) (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈)
 

မြန်မာနိုင်ငံမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကျင့်ပျက် ခြစားမှုတွေအတွက် တာဝန်ရှိ တယ်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ် မတော်အရာရှိကြီးလေးဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

Tuesday, November 26, 2019

မြန်မာနိုင်ငံမှာ ဓါတုလက်နက်တွေ သိုလှောင်ထားတယ်လို့ အမေရိကန်စွပ်စွဲ

VOM
သည်ဟိဂ်၊ နိုဝင်ဘာ-၂၆-၂၀၁၉
မျိုးဆက် (VOM)
မြန်မာနိုင်ငံဟာ ဓါတုဗေဒလက်နက်တွေကို တားမြစ်ပိတ်ပင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ချိုး ဖောက်နေပြီး ၁၉၈၀ ပြည့်နှစ်တွေအတွင်းက ဓါတုလက်နက်တွေကို သိုလှောင်ထားဖွယ်ရှိတယ်လို့အမေ ရိကန်က နိုဝင်ဘာ ၂၅ ရက်မှာပြောဆိုလိုက်ပါတယ်။

Mustard gas လို့ခေါ်တဲ့ လူ့အရေပြားကိုလောင်ကျွမ်းစေနိုင်တဲ့အရာတွေကိုထုတ်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံက သမိုင်းဝင် စက်ရုံ တစ်ရုံမှ အဲဒီပစ္စည်းတွေရှိနေနိုင်သေးတယ်လို့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာကျင်းပ တဲ့  ဓါတုလက်နက် ထိန်း ချုပ်တားမြစ်ရေးအဖွဲ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ အမေရိကန်ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

Monday, November 25, 2019

ရခိုင်ပြည်နယ်မှာ လူမျိုးတုံးရှင်းလင်းမှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန်ဝန်ကြီး ပြောကြား

လွတ်လပ်တဲ့အာရှအသံ ( RFA )
22 နိုဝင်ဘာ 2019





























ရခိုင်ပြည်နယ်မှာ လူမျိုးတုံးရှင်းလင်းမှု ဖြစ်ပွားခဲ့တယ်လို့ အမေရိကန်ဝန်ကြီး ပြောကြား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရက် တီလာဆန်က ရရှိခဲ့တဲ့ သက်သေ အထောက်အထား တွေကို အသေအချာ လေ့လာဆန်းစစ်ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုး တုံးရှင်းလင်းမှုတွေ ဖြစ်ပွားခဲ့တာ ထင်ရှားတယ်လို့ ဒီကနေ့ နိုဝင်္ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

Saturday, November 16, 2019

ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေး ဘယ်နည်းလမ်းမဆို အသုံး ဝင်ကြောင်း ကန်ပြောဆို

16 နိုဝင်ဘာ၊ 2019


မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင် အကျပ်အတည်းကို ထင်ရှားပေါ်လွင်စေပြီး ဖြေရှင်းနိုင်မယ့် ဘယ်လိုနည်းလမ်းမျိုးမဆို အသုံးဝင်မယ်လို့ ယူဆတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၊ အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါပေမယ့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကနေ စုံစမ်းစစ်ဆေးမယ်ဆိုတာက မှန်ကန်တဲ့နည်းလမ်း ဟုတ်မဟုတ်ဆိုတာကိုတော့ မှတ်ချက်မပေးပါဘူး။ ဒီအကျပ်အတည်းကို ထင်ရှားပေါ်လွင်အောင်လုပ်ဖို့၊ မြန်မာအစိုးရက အရေးယူလုပ်ဆောင်လာအောင် လုပ်ဖို့ကတော့ အရေးကြီးတယ်လို့လည်း သောကြာနေ့က နိုင်ငံခြားရေးဌာနမှာလုပ်တဲ့ ရှင်းလင်းပွဲတခုအတွင်း ပြောသွားပါတယ်။


Friday, November 15, 2019

မြန်မာ့လူ့အခွင့်အရေးအခြေအနေ ကုလဆုံးဖြတ်ချက် မူကြမ်း ကန်ထောက်ခံ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
15 နိုဝင်ဘာ၊ 2019 

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ရေး ကုလသမဂ္ဂမှာ အဆိုပြုလိုက်ပါတယ်။

ကုလသမဂ္ဂ အပါအ၀င် ခိုင်လုံတဲ့ စုံစမ်းမှုတွေက ရရှိထားတဲ့ သတင်းအချက်အလက် အစီရင်ခံစာတွေအရ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အပါအ၀င် နိုင်ငံအ၀န်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအ ကျယ် ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် ရှုတ်ချကြောင်းလည်း ဆုံးဖြတ်ချက်ကို ပူးတွဲအဆိုပြုခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်တာပါ။

Wednesday, November 6, 2019

ရိုဟင်ဂျာအရေး အမေရိကန် အပြည့်အဝထောက်ခံကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

06 နိုဝင်ဘာ၊ 2019 
ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အပြည့်အ၀ ထောက် ခံတယ်ဆိုတာကို ထပ်လောင်း ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ တောင်အာရှနဲ့ အာရှအလယ် ပိုင်း ဆိုင်ရာ ခေတ္တ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alice Wells နဲ့ ၁ နာရီကြာ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို ပြောတာဖြစ်ပါတယ်။

Wednesday, October 30, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး အား လက်ခံတွေ့ဆုံ

မြန်မာ့အလင်း
နေပြည်တော်
အောက်တိုဘာ ၂၉
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာလက်ထောက်ဝန်ကြီး ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Mr. David Stilwell ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံ ခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

Monday, October 28, 2019

ရိုဟင်ဂျာကလေးသောင်းချီ အနာဂတ်မဲ့နေကြောင်း ကန်ဝန် ကြီးကိုတင်ပြ

လွတ်လပ်တဲ့ အာရှအသံ ( RFA ) 
မိုးမြင့်
2019-10-28
အမေရိကန် နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး ဒေးဗစ်စတေးဝဲလ် David Stilwell ကို တွေ့ရစဉ်
Photo: ASSOCIATED PRESS 

အရှေ့အာရှပစိဖိတ်ရေးရာ အမေရိကန်နိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ် David Stilwell ဟာ ဒီနေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်ခဲ့ပြီးတော့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အရပ်ဖက်အဖွဲ့အစည်း၊ ရိုဟင်ဂျာလူမှုအသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေးဗစ်စတေးဝဲလ် David Stilwell နဲ့ ဒီနေ့တွေ့ဆုံခဲ့ရာမှာပါဝင်တဲ့ ရိုဟင်ဂျာ သက်ကယ်ပြင်စခန်းက ဦးအေး မောင်ကတော့ သူတို့အနေနဲ့ ဒုက္ခသည်စခန်းမှာ ပိတ်လှောင်ခံထားရတာ အခုဆိုရင် ခုနှစ်နှစ်ပြည့် သွားပြီ ဖြစ်ကြောင်းနဲ့ ကလေးတွေရဲ့ အနာဂတ် ပျောက်ဆုံးနေတဲ့အကြောင်းကို တင်ပြခဲ့တယ်လို့ RFA ကို ပြော ပါတယ်။

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး မြန်မာကို ဖိအားပေးဖို့ နယူးယောက်အမတ်တွေ လုပ်ဆောင်မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
28 အောက်တိုဘာ၊ 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခု။ (သြဂုတ် ၂၂၊ ၂၀၁၉)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ကြတဲ့ အမေရိ ကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် လွှတ်တော်က အထက်လွှတ်တော်အမတ် Luis Sepulveda က ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး အတွက် မြန်မာအပေါ် ဖိအားပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို တိုက်တွန်းသွားမယ်ဆိုပြီး ပြောဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် BSS သတင်းကို ကိုးကားပြီး Daily Star က ဖော်ပြပါတယ်။

Wednesday, September 25, 2019

မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်း ၂ရပ် ကန် အောက်လွှတ် တော်အတည်ပြု

VOA
ဗွီအိုအေ (မြန်မာဌာန)
25 စက်တင်ဘာ၊ 2019
အင်ကြင်းနိုင်
BURMA Act ၂၀၁၉ ဥပဒေမူကြမ်းပြင်ဆင်ချက်ကို အမေရိကန် အောက်လွှတ်တော်မှာ ထောက်ခံမဲ ၆၃မဲ၊ ကန့်ကွက်မဲ ၁၅ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ (စက်တင်ဘာလ ၂၄၊ ၂၀၁၉) 

ဒီဥပဒေကြမ်းမှာ ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် ပြစ်မှုကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေ၊ အရေးယူ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်သူတွေ အပေါ် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ဆို့အရေး ယူမှာဖြစ်ပါတယ်။

Saturday, September 14, 2019

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ကန်ဆောင်ရွက် မည်

VOA 
ဗွီအိုအေ (မြန်မာဌာန)
13 စက်တင်ဘာ၊ 2019 
စုစု
 
  ရိုဟင်ဂျာ ဒုက္ခသည်ထဲက ပထမဦးဆုံး မြန်မာဘက်ကို ပြန်သည့် အသုတ် (ဓါတ်ပုံ-MOI Government News) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေးကိစ္စ စတင်နိုင်ဖို့ အခက်အ ခဲတွေ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြန်ဝင်လာတဲ့ မွတ်ဆလင် ၆ ဦး အပါအဝင် အခုချိန် ထိ ကိုယ့်သဘောနဲ့ကိုယ် မြန်မာနိုင်ငံဘက်ကို ပြန်ဝင်လာသူ ၂၇၁ ဦး ရှိသွားပြီလို့ နယ်စပ်မှာရှိတဲ့ ပြန် လည် လက်ခံရေးစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာခဲ့ကြတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာသံတမန်တွေနဲ့ မြန်မာအစိုးရက စစ်တွေမြို့မှာ တွေ့ဆုံပေးခဲ့တယ်လို့ ဆိုပါ တယ်။

Wednesday, August 28, 2019

တောင်တရုတ်ပင်လယ်မှ အမေရိကန်ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာရေတပ်ပါဝင်မည်

ဧရာဝတီ
By မိုးမြင့်
27 August 2019
တပ်ဖွဲ့ဝင် ၁၀၀ သယ်ဆောင်နိုင်သော ကျန်စစ်သား ဖရီးဂိတ်သင်္ဘော F-12  သည် ASEAN-US ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု (AUMX) တွင်ပါဝင်ရန် ရန်ကုန်မှထွက်ခွာသွားကြောင်း ဖေ့ဘွတ်တွင်ရေးသားသည်။  

အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း – ASEAN နိုင်ငံ ၇ နိုင်ငံ ရေတပ်များပါဝင်သည့် ၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ထိုင်းပင်လယ်ကွေ့သို့ ထြက္ခြာေ နေ ကြာင်း မြန်မာ့တပ်မတော် (ရေ) က တနင်္လာနေ့တွင်ကြေညာသည်။

Monday, August 26, 2019

ရိုဟင်ဂျာတွေ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးစီစဉ်ဖို့ အမေ ရိကန် တိုက်တွန်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တွေကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: Dibyangshu SARKAR / AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ရိုဟင်ဂျာတွေ သူတို့နေရပ်ကို သူတို့ဆန္ဒအရ ပြန်ခွင့်ရဖို့ဆိုရာမှာ သူတို့ နိုင်ငံ သားဖြစ်ခွင့်ရရေး အာမခံချက်မရသေးနိုင်တဲ့အချက်က အဓိကကျနေပါတယ်။အရင်ဆုံးနေ ရပ်ပြန် လာကြပြီးမှသာ နိုင်ငံသားဖြစ်ခွင့်ရှိရေးကို ဆက်လက်လုပ် ဆောင်သွားပေးမှာ ဖြစ်တယ်လို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေအထိ ရှင်းပြပေးခဲ့ပြီးဖြစ်တယ်လို့ နိုင် ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Monday, August 19, 2019

ကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Singh မြန်မာနိုင်ငံရောက်ရှိ

၂၀၁၉ ဇွန်လ ၅ ရက်နေ့တုန်းက ကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Singh က GES ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် (photo- EconDiplomacy@State) 


အမေရိကန်နဲ့ မြန်မာ ကုန်သွယ်စီးပွားရေးမြှင့်တင်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးနဲ့ စီးပွားရေး လုပ်ငန်းများဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Manisha Singh မနီရှာဆင်း ဟာ သြဂုတ်လ ၁၆- ၂၁ ရက်နေ့ထိ ငါးရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */