" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အမေရိကန်. Show all posts
Showing posts with label အမေရိကန်. Show all posts

Thursday, May 14, 2020

မြန်မာ့လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်ပေးဖို့ ကန် နိုင်ငံခြားရေးဝန်ကြီးကို လူ့အခွင့်အရေးဖွဲ့ ၆၄ ဖွဲ့ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 ေမ၊ 2020  
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေတိုးတက်လာစေဖို့အရေး အရေးယူ ဆောင်ရွက်ပေး ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကို တိုက်တွန်းတောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာ တစ် စောင်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ၆၄ခုကပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။

Sunday, February 16, 2020

ရခိုင်စစ်ပွဲ ကလေးငယ်များထိခိုက်မှု စိုးရိမ်ကြောင်း အမေ ရိကန်၊ ဗြိတိန်နှင့် ကနေဒါသံရုံးတို့မှ ကြေညာချက် ထုတ်ပြန်

နိရဉ္စရာ
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/ ၂၀၂၀



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးငယ်များ ထိခိုက် ဒဏ်ရာရရှိ မှုများရှိနေသည့် အပေါ် ရန်ကုန်အခြေစိုက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါသံရုံးတို့မှ စိုးရိမ်ကြောင်း ကြေ ညာချက်များ အသီးသီးထုတ်ပြန်ခဲ့သည်။

Thursday, November 7, 2019

လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကန် သတိပေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
07 နိုဝင်ဘာ၊ 2019
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ၊ ၁၅၊၂၀၁၈)
 
ဘင်္ဂလားဒေ့ရှ် အစိုးရက လူမှောင်ခိုမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ဘူး ဆို ရင် အမေရိကန်က အကူအညီ အထောက်အပံ့တွေ ဖြတ်တောက်မှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

Tuesday, July 30, 2019

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို ဒီနေ့ (ဇူလိုင်လ ၂၉) ရေးတဲ့စာ

အမေရိကန်ကွန်ဂရက် နိုင်ငံခြားရေးရာကော်မီတီ က -

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို ဒီနေ့ (ဇူလိုင်လ ၂၉) ရေးတဲ့စာမှာ ပါတဲ့အချက်တွေက -

(၁) မင်းအောင်လှိုင်၊ ဗိုလ်ချုပ် (၃) ဦးနဲ့ မိသားစုတွေကို အမေရိကားကို ခရီးသွားလာခွင့် ပိတ်ပင်တာက လုံလောက်တဲ့ ဒဏ်ခတ်အရေးယူမှု မဟုတ်တဲ့အကြောင်း

(၂) ဒီထက် ပြင်းထန်တဲ့ ဘဏ္ဍာရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ၊ အခြား အကျိုးသက်ရောက်မှုရှိတဲ့ ဒဏ်ခတ်အရေး ယူမှု လုပ်ဖို့ အကြောင်း

(၃) ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်နဲ့အစိုးရက ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အမေရိကန်အစိုးရက - ဂျီနိုဆိုက် -- လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အကြောင်း

ဒီစာကို လက်မှတ်ထိုးထားတဲ့ထဲမှာ -- ဟိုတလောက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ အကာအကွယ် မပေးနိုင်ဘူးဆိုရင် အာရ်ကာန်ဒေသကို ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းပေးလိုက်ဖို့ အဆိုတင်ခဲ့တဲ့ Brad Sherman လည်းပါတယ်။

Friday, July 19, 2019

ရိုဟင်ဂျာနှိပ်ကွပ်မူ ကန်အရေးယူပုံ ယန်ဟီးလီ ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဇူလိုင်၊ 2019
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်း ဆောင် တွေအပေါ် အမေရိကန်အစိုးရရဲ့ ဒီသီတင်းပတ်အတွင်း ချမှတ်လိုက်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး Yanghee Lee က ကြာ သပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ပြစ်မှု ကန်လျစ်လျူ ရှုမည် မဟုတ်

VOA  
ဗွီအိုအေ (မြန်မာဌာန
19 ဇူလိုင်၊ 2019
ဒေါ်ခင်မျိုးသက်
   အမေရိကန်ဒုသမ္မတ Mike Pence
မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာမူဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမေရိကန်ပြည် ထောင်စုအနေနဲ့ လျစ်လျူရှုထားမှာ မဟုတ်ကြောင်း အမေရိကန်ဒုသမ္မတ Mike Pence က ကြာသပေ တးနေ့မှာ ပြောကြားလိုက်ပါတယ်။

Thursday, July 4, 2019

ရခိုင်ဒေသတချို့ဘင်္ဂလားဒေ့ရှ် လွှဲပေးရေးအမေရိကန် ပြော ဆိုမှု ကန့်ကွက်ရန် စဉ်းစားနေဟု ဆို

ဧရာဝတီ
By ထက်နိုင်ဇော်
4 July 2019
ဘင်္ဂလာဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဤသို့တွေ့ရ / ဧရာဝတီ


အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာမှုတခုတွင် မြန်မာနိုင်ငံအနေဖြင့် ရခိုင် ပြည်နယ် က မွတ်စလင်များ နေထိုင်သည့် အစိတ်အပိုင်းတခုကို ဘင်္ဂလားဒေ့ရှိသို့ လွှဲပြောင်းပေးရေး လွှတ်တော် အမတ် တဦး၏ ပြောဆိုမှုကို တရားဝင် ကန့်ကွက်ရန် မြန်မာ အစိုးရက စဉ်းစားနေသည်ဟု ဆိုသည်။

Sunday, June 30, 2019

ရခိုင်နဲ့ ချင်း Internet ပြန်ဖွင့်ပေးဖို့ ကန် တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
30 ဇွန်၊ 2019
 ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)

တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေသတွေမှာ မြန်မာ အစိုးရဘက်က အင်တာနက်ဖြတ်တောက်ထားတာကို အမြန်ဆုံး ပြန်ပြီး ဖွင့်ပေးဖို့ အမေရိကန်က စနေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

Wednesday, June 26, 2019

တပ်မတော်ကို အရေးယူရေးဥပဒေ အတည်ပြုရေး အမေရိကန် အမတ်များ စတင်လှုပ်ရှား

ဧရာဝတီ
By နန်းလွင်
25 June 2019

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သော မြန်မာ့တပ်မတော် ပူးတွဲလေ့ကျင့်ရေးတခု / Reuters

မြန်မာ့တပ်မတော်ကို အရေးယူရန် အမေရိကန် အောက်လွှတ်တော်မှ ဒီမိုကရက်နှင့် ရီပတ်ဗလစ်ကန် နှစ်ပါ တီ လုံးမှ အမတ်များပါဝင်သော အမေရိကန် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဥပဒေကြမ်းတရပ်ကို ပြီးခဲ့သည့်အ ပတ်က မဲခွဲ အတည်ပြုလိုက်ပြီး ထိုဖြစ်ရပ်သည် ရခိုင်ပြည်နယ် ရိုဟင်ဂျာအကျပ်အတည်းအတွက် တပ်မတော်ကို ဖိအားပေးရန် ပြည်ပမှ မကြာသေးမီက အားထုတ်မှုသစ်ဖြစ်သည်။

Monday, February 4, 2019

မြန်မာ့အရေးဆုံးဖြတ်ချက် အမေရိကန် အထက် လွှတ်တော် တင်သွင်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၀၄ ဖေဖော်ဝါရီ၊ ၂၀၁၉

ရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ဖို့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းစွာနေရပ်ပြန်ရေးကို တိုက်တွန်းတောင်းဆိုချက်တွေပါတဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တင်သွင်းခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */