" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အစီရင်ခံစာ. Show all posts
Showing posts with label အစီရင်ခံစာ. Show all posts

Saturday, November 28, 2020

မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ထံ ဒုတိယ အကြိမ် အစီရင်ခံစာတင်သွင်း

ABNA
အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
နိုဝင်ဘာ ၂၅, ၂၀၂၀
ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ICJ တရားရုံးက ခုအချိန်အထိ လူသိရှင်ကြားထုတ် ပြန်ကြေညာ ခြင်း မပြုဘဲ လျှို့ဝှက်ထားတဲ့အတွက် အစီရင်ခံစာမှာ ဘာတွေပါလဲဆိုတာ မသိရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ နိုဝင်ဘာ ၂၃ ရက်က ဒုတိ ယအကြိမ် အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ICJ တရားရုံးက ခုအချိန်အထိ လူသိရှင်ကြားထုတ်ပြန် ကြေညာခြင်းမပြုဘဲ လျှို့ဝှက်ထားတဲ့အတွက် အစီရင်ခံစာမှာ ဘာတွေပါလဲဆိုတာ မသိရသေးပါဘူး။
ရခိုင်ပြည်နယ်အတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ရဲ့ အစီရင်ခံစာပါ ဖြစ် စဉ် ၁၃ ခုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ထဲမှာ ARSA နဲ့ အလိုတူပူးပေါင်းပါဝင်သူတွေ၊နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတိုင်းရင်းသားတွေ ကျူးလွန်ခဲ့တဲ့ အမှုပေါင်း ၁၃၉ မှု ရှိပြီး ၁၁၀ မှုကိုအရေး ယူထားတယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက နိုဝင်ဘာ ၂၃ ရက်နေ့မှာပဲ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ခုလို ဒုတိယအကြိမ် အစီရင်ခံစာတင်သွင်းတာနဲ့ ပတ်သက်ပြီး ကြိုဆိုတဲ့ အ ကြောင်း ဒါပေမဲ့ တရားရုံးမှာ အချိန်မီ အစီရင်ခံစာတင်သွင်းရုံနဲ့တော့ မလုံလောက်သေးဘူးလို့ Global Justice Center က ဥပဒေရေးရာဒါရိုက်တာ ဂရန့်ရှူဘင်က ကြေညာချက် ထုတ်ပြန် ပြော ပါတယ်။

ICJ တရားရုံးက ကြားဖြတ်အစီအမံအမိန့်ချပြီးကတည်းက မြန်မာအနေနဲ့ ခွဲခြားနှိမ်ချမှုတွေရဲ့ အခြေ ခံအကြောင်းတရားတွေကိုဘာမှ အရေးယူဆောင်ရွက်တာမရှိသလို အပြစ်ကျူးလွန်သူတွေ ဒဏ် ခတ် မခံရတဲ့အတွက် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်ဆက်ရှိနေတယ်လို့ ဂရန့်ရှူဘင်က ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့လိုက်နာဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ICJ တရားရုံးက ကြားဖြတ်အစီအမံ ၄ ချက် ချမှတ်ခဲ့ပါတယ်။

ကြားဖြတ်အစီအမံ ၄ ချက်ကတော့ (၁) လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာသ ဘောတူညီချက် အပိုဒ် (၂) မှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ဖြစ်မလာအောင် မြန်မာနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး အစီအမံတွေဆောင်ရွက်သွားဖို့၊ (၂) မြန်မာစစ်တပ် ဖြစ်စေ ပြည်သူ့စစ်အဖွဲ့ ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုကဖြစ်စေ ဂျီနိုဆိုဒ်စာချုပ် အပိုဒ်(၂)ပါ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တဲ့ လုပ်ရပ်တွေ မကျူးလွန်ဖို့၊ (၃) သက်သေအထောက်အထား တွေကို မဖျက်ပစ်ဖို့ (၄) ဂျီနိုဆိုဒ်သဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိ တရားရုံးက စစ်ဆေးနေစဉ်မှာ မြန်မာနိုင်ငံဘက်က ဆောင်ရွက်မှု တိုးတက်မှုဖြစ်စဉ်ကိုလည်း ၄ လအတွင်း တရားရုံးကို အစီရင်ခံစာတင်ဖို့နဲ့ နောက်ပိုင်း မှာ ၆ လ တကြိမ် ပုံမှန်အစီရင်ခံစာတင်ဖို့ တွေပါဝင်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်တဲ့ ပထမဆုံးအကြိမ် အစီရင်ခံစာကိုတော့ မြန်မာအစိုးရက ပြီးခဲ့တဲ့ မေလ ၂၃ ရက်က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံ တင်သွင်းခဲ့ပါတယ်။

Link : Here

Friday, June 19, 2020

ICJ အစီရင်ခံစာကို လျှို့ဝှက်အဆင့်သတ်မှတ်ထားတယ်လို့ အစိုးရ ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.06.19


မြန်မာအစိုးရဘက်က ICJ ထံ တင်သွင်းထားတဲ့ ပထမဆုံး အစီရင်ခံစာနဲ့ ပတ်သက်ပြီး အများပြည်သူက ပွင့်ပွင့် လင်းလင်း အသိမပေးတဲ့အတွက် ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်နေရပြီး သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနကတော့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

Monday, June 1, 2020

မြန်မာအစိုးရ ICJ အစီရင်ခံစာ နိုင်ငံရေးဆန္ဒပါရဲ့လား

VOA
ဗြီအိုုေအ (ျမန္မာဌာန)
ဒီမိုကရေစီရေးရာ
သားညွန့်ဦး
01 ဇွန်၊ 2020

ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ICJ အပြည်ပြည် ဆိုင်ရာ တရားရုံးကနေ ကြားဖြတ်စီမံဆိုပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက (၄) ချက် ချမှတ်ခဲ့ပါတယ်။ ဒီလေး ချက်က ယေ ဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်စာ တမ်းကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့ အချက်ပါပါတယ်။ နောက်တချက်ကတော့ လူမျိုး တုန်းသတ်ဖြတ်မှု တား ဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံက လုံခြုံရေး အဖွဲ့ အစည်းတွေဖြစ်တဲ့ စစ်တပ်၊ ရဲ ဒီအဖွဲ့အစည်းတွေကို မြန်မာအစိုးရအနေနဲ့ ထိန်းကွပ်ထားဖို့။ ဒီလိုမျိုးအခြေ အနေတွေ မဖြစ်လာအောင်လို့ တားဆီးဖို့ဆိုတာပါပါတယ်။ နောက်တချက်ကတော့ ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း မှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက် ခဲ့တဲ့နေရာက အထောက်အထားတွေကို မဖျက်ဆီးအောင် ထိန်းထားဖို့ ဆိုတာ ပါပါတယ်။ 

Saturday, May 30, 2020

မြန်မာအစိုးရ ICJ အစီရင်ခံစာ နိုင်ငံရေးဆန္ဒပါရဲ့လား

VOA
ဗွီအိုအေ (မြန်မာဌာန)
30 မေ၊ 2020
သားညွန့်ဦး

ICJ နိုင်ငံတကာတရားရုံးကို ရိုဟင်ဂျာအရေး ပထမဆုံးအစီရင်ခံစာ တင်တာ ကောင်းမွန်တဲ့ ခြေလှမ်းတ ရပ်ဖြစ် ပေမယ့် အစိုးရအနေနဲ့ ဒီကိစ္စမှာ နိုင်ငံစိတ်ဆန္ဒလိုအပ်နေသေးတယ်လို့ Synergy လူမှုသဟဇာတ ဖော်ဆောင် ရေး အဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး ကိုသက်ဆွေဝင်းက ပြောပါတယ်။ ကိုသားညွန့်ဦး အွန်လိုင် ကနေ ဆက် သွယ်မေးမြန်းထားပါတယ်။  
Link : Here

Monday, May 25, 2020

မြန်မာနိုင်ငံကအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ထံ အစီရင် ခံစာတင်သွင်း

DVB
 By DVB
25 May 2020
ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှု နဲ့ပတ် သက်လို့ မြန်မာနိုငငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ထံကို မေလ ၂၃ ရက်က ပထမဆုံး အကြိမ် အစီရင် ခံစာ တင်သွင်းလိုက်ပါတယ်။

Sunday, May 24, 2020

ICJ အစီရင်ခံစာအတွက် အစိုးရညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေ - ဗိုလ်မှူးချုပ်ဇော်မင်းထွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
22 မေ၊ 2020
မေခ
 
ဗိုလ်မှုးချုပ် ဇော်မင်းထွန်း

တပ်မတော်အနေနဲ့ ICJ နိုင်ငံတကာတရားရုံး အစီရင်ခံစာကိစ္စမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ထားသလို တပ်မ တော်တပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့လည်း စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နေတယ်လို့ ပြောဆိုတဲ့သတင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက တင်ပြထားပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်အမှုအတွက် ICJ ထံ မြန်မာ အစီရင်ခံစာ တင်သွင်းပြီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 မေ၊ 2020
ကိုဉာဏ်ဝင်းအောင်
နိုင်ငံတကာတရားရုံး (ICJ).

ICJ နိုင်ငံတကာတရားရုံး သတ်မှတ်ချက်နဲ့အညီ မြန်မာအစိုးရရဲ့ ပထမဦးဆုံး အစီရင်ခံစာကို မေလ ၂၃ ရက် နေ့ မှာ တင်သွင်းလိုက်ပါပြီ။ ဒီအကြောင်း အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာက တိုင်ကြား ထားတဲ့ အမှုအတွက် မြန်မာဘက်က ပထမဆုံး အစီရင်ခံစာကို တင်ထားပြီဖြစ်ကြောင်း မြန်မာအစိုးရ နိုင်ငံခြား ရေးဌာန အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုတာပါ။

Saturday, May 23, 2020

ICJ ပို့မယ့် မြန်မာအစီရင်ခံစာ ဘာတွေပါသင့်သလဲ

VOA 
ဗွီအိုအေ (မြန်မာဌာန)
 23 မေ၊ 2020
မဆုမွန်
လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ နိုင်ငံတကာတရားခုံရုံး (ICJ) မှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီ က နေ့ မေလ ၂၃ ရက်နေ့မှာ ပထမဆုံး တင်သွင်းရမယ့် ကြားဖြတ်အစီအမံဆိုင်ရာ လေးလပြည့် အစီရင်ခံ စာအ ပေါ် သုံးသပ်ချက် အမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေအပေါ်လတ်တလော လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
23 မေ၊ 2020
မဆုမွန်
နိုင်ငံတကာခုံရုံး ICJ ကို မြန်မာအစိုးရ အစီရင်ခံစာမတင်ခင်မှာပဲ ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခတွေထဲ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုတဲ့ သတင်းမှတ်တမ်းတွေ ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်တဲ့သတင်းကို မဆုမွန် ပြောပြပါမယ်။

Thursday, May 14, 2020

အစိုးရရဲ့ပထမဆုံး အစီရင်ခံစာ ICJ ခုံရုံးကို အချိန်မီ တင် သွင်းမည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.05.14

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို အစိုးရ ပေးပို့ရမယ့် ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့ မတိုင် ခင် တင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အရေး ယူပေးဖို့ ICJ ထံ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက တင်ပြခဲ့ပြီး တရားရုံးက ၂၀၂၀ ဇန်နဝါရီလကုန် မှာ ကြား ဖြတ် စီရင်ချက် ချမှတ်ထားåတာ ဖြစ်ပါတယ်။

Thursday, May 7, 2020

မြန်မာနိုင်ငံအနေဖြင့် ICJ ထံတင်သွင်းရမည့် အစီရင်ခံစာ ကို မဖြစ်မနေ တင်သွင်းမည်

DVB
By ဇေယျာချမ်းအေး
7 May 2020
ရခိုင်ဒေသမှာ နယ်မြေမတည်ငြိမ်ပေမယ့်လည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တင်သွင်းရမယ့် အစီရင်ခံ စာကို မဖြစ်မနေ တင်သွင်းသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

Tuesday, May 5, 2020

ICJ မှာ အစီရင်ခံစာတင်ဖို့ မြန်မာအစိုးရပြင်ဆင်

VOA
ဗွီအိုအေ (မြန်မာဌာန)
05 မေ၊ 2020
မေခ
ICJ အပြည်ပြည်ဆိုင်ရာတရားရုံး
 
 
ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားဖြတ်အစီအမံအရ မြန်မာ နိုင်ငံအနေနဲ့ ပထမဆုံးအစီရင်ခံစာ ICJ ကို မကြာခင်တင်သွင်းဖို့ ပြင်ဆင်ထားတဲ့အကြောင်း ပြောပြမှာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမခက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ မြန်မာနိုင်ငံအပေါ်ကြားဖြတ်စီရင်ချက်လေးချက် ချမှတ်ခဲ့ရာမှာ လေးလအတွင်း မြန်မာအစိုးရဘက်က ဆောင်ရွက်မှုတွကို ICJ ကို ပြန်အစီရင်ခံရမယ် ဆိုတာ ပါဝင်ပါတယ်။

Wednesday, April 22, 2020

ICJ ထံ တင်သွင်းမယ့် ပထမဆုံးအစီရင်ခံစာ ပြင်ဆင်မှု ဘယ်လိုရှိလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဝေမာထွန်း
2020-04-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉၊ ဒီဇင်ဘာ ၁၂ရက် နေ့ က တွေ့ရစဉ်
Photo: AFP


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံအပေါ် ကြားဖြတ် စီရင် ချက် လေးခုချမှတ်ထားပါတယ်။ အဲဒီအချက်တွေထဲမှာ နောက်လေးလကြာရင် မြန်မာအစိုးက ICJ ထံ အစီ ရင်ခံစာ တင်သွင်းရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

Thursday, February 27, 2020

Michelle Bachelet ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင် ခံစာ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ

■ မြန်မာနိုင်ငံထဲက ရိုဟင်ျဂာ မွတ်စလင်တွေအပါအဝင် တခြားသောတိုင်းရင်းသားတွေ လူ့အခွင့်အေရး ခြိုး ဖောက် မှုဒဏ်ခံနေရမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတေစာင်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအေဝး မွာ တင်ခဲ့ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။

Link : Here

ရိုဟင်ဂျာအခွင့်အရေး ကုလမဟာမင်းကြီးအစီရင်ခံစာ တင် သွင်း

VOA
ဗွီအိုအေ (မြန်မာဌာန
27 ဖေဖော်ဝါရီ၊ 2020
သားညွန့်ဦး
 
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်း
  
 မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူပြောင်းရေးမှာ နိုင်ငံတွင်း ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုအ ခွင့် အရေး အကာ အကွယ်ပေးဖို့ မဖြစ်မနေအရေးကြီးတာကြောင့်၊ ဒီအခွင့်အရေးတွေကို အာမခံမယ့် ဥပဒေနဲ့မူဝါဒ ဆိုင်ရာပြင်ဆင် မှုတွေလုပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က မြန် မာအစိုးရကို တိုက် တွန်း ပါတယ်။

Friday, February 21, 2020

အိုင်စီအိုအီးအစီရင်ခံစာ နိုင်ငံတကာအသိုင်းအဝိုင်းကြား သက်ရောက်မှုရှိနိုင်မလား

Frontier
MYANMAR
အေအက်ဖ်ပီ
Friday, February 21, 2020
စည်သူအောင်မြင့်

ကော်မရှင်၏ ပထမဆုံး ရခိုင်ခရီးစဉ်တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ မစ္စ ရို ဆာရီယို မယ်နာလိုက ၂၀၁၈ ဩဂုတ် ၃၁ ရက် စစ်တွေလေဆိပ်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်။ ဓာတ်ပုံ

နိုင်ငံတကာဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့၊ နိုင်ငံတော်ကခန့်အပ်တာဝန်ပေးထားတဲ့ ကော်မရှင်က တပ်မ‌‌တော်အနေနဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ထုတ်ရေးသားလိုက်ပါတယ်။

Monday, February 3, 2020

ICOE အစီရင်ခံစာ ဘယ်လောက် အကျိုးသက်ရောက်မှု ရှိမလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
ပြည်တွင်းသတင်းသုံးသပ်ချက်
ဦးစည်သူအောင်မြင့်
03 ဖေဖော်ဝါရီ၊ 2020
မြန်မာအစိုးရက ဖွဲ့စည်းပေးထားပြီး ဖိလစ်ပိုင် သံအမတ်ကြီး မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ်လပ် သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ICOE ဟာ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီ ၂၀ရက်နေ့ က နိုင်ငံတော် သမ္မတဆီ ပေးအပ်ပါတယ်။ အဲနောက် ဇန်နဝါရီ ၂၁ ရက်နေ့မှာ အစီရင်ခံစာအကျဉ်းကို နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက်မှာ တင်ပြီး အများပြည်သူ သိအောင် ထုတ်ပြန်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ ကိုယ် တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖေါက်တယ် ဆိုပြီး အ ပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ကြားဖြတ်အမိန့် တစ်ရပ် ချမှတ်ဖို့ ၂ ရက်လောက် အလိုမှာမှထုတ် ပြန်တာ ဖြစ်လေတော့ အဲဒီ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုတော့ ရှိမသွားခဲ့ပါဘူး။ မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်၊ ဒါ ကို တပ်မတော်က နှိမ်နင်း၊ နောက်ပိုင်း သန်းတစ်ဝက်ကျော် ရှိ မယ့် မူဆလင်ကျေးရွာသားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေး တဲ့ ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ရာ ဇဝတ်မှုတွေ ကျူးလွန်ခဲ့သလား၊ လူ့အခွင့်အရေး ချိုး ဖေါက်မှုတွေ ရှိခဲ့သလား ဆိုတာကို မြန်မာနိုင်ငံဘက်က စုံ စမ်းရေး ကော်မရှင် အမျိုးမျိုးဖွဲ့ပြီး စုံစမ်းစစ်ဆေး တာ၊ တွေ့ရှိချက်တွေ ထုတ်ပြန်တာ လုပ်ခဲ့ပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု လက်ခံ တာ မျိုးတော့ မရှိခဲ့ပါဘူး။ အခု ICOE ရဲ့ အစီရင်ခံစာ ဘာတွေ ထူးခြား သလဲ၊ ဘယ်လို အချက်အလက်တွေ ဖော်ပြထားပြီး ဘယ်အတိုင်းအတာ အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြ ရ အောင် ပါ။

Wednesday, January 29, 2020

ရခိုင်မြောက်ပိုင်းအရေး ကုလသမဂ္ဂ အစီရင်ခံစာများကို သံသယ ရှိသည်

ဧရာဝတီ
By Bertil Lintner
29 January 2020
၂၀၁၉ ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးရသည့် ၂ နှစ်ပြည့် အထိမ်းအမှတ် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ / Reuters

တကမ္ဘာလုံး အတိုင်းအတာဖြင့် မီဒီယာတွင် ထပ်တလဲလဲပြောဆိုမှုများနှင့် ဒုက္ခသည်များကိုယ်စား စည်းရုံး လှုံ့ဆော်မှုများအရ မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့် အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ကြား ဖြတ်အစီအမံများဆောင်ရွက်ရန် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်း က အံ့အားသင့်စရာ ဖြစ် မလာခဲ့ပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */