" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အင်ဒိုနီးရှား. Show all posts
Showing posts with label အင်ဒိုနီးရှား. Show all posts

Thursday, June 25, 2020

Aceh ခရိုင်ကမ်းလွန်က ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာတွေထဲ ကလေးငယ် အယောက် ၃၀ ပါ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 ဇွန်၊ 2020
အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်ထဲကနေ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (ဇွန် ၂၅၊ ၂၀၂၀)

အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်ထဲကနေ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါး ထဲမှာ ကလေးငယ် အယောက် ၃၀ ပါတယ်လို့ Aceh မြောက်ပိုင်းခရိုင် ရဲချုပ်ကပြောပါတယ်။

"အခုထိ ကယ်ဆယ်ထားတဲ့ သူတွေထဲ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄၉ ဦး နဲ့ ကလေး အယောက် ၃၀ မှာ ယောကျ်ားလေး ၁၀ ယောက်နဲ့ မိန်းကလေး အယောက် ၂၀ ပါတယ်။" လို့ ရဲချုပ် Tri Hadiyanto ကပြောပါ တယ်။

Friday, January 10, 2020

အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ် အ ရေးဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
10 ဇန္နဝါရီ၊ 2020
                                            ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

အင်ဒိုနီရှားနိုင်ငံ ဂျကာတာမြို့တော်ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် နိုင်ငံတကာရေးရာတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

Monday, August 5, 2019

မြန်မာဆိုင်ရာ ကုလအချက်လက်ရှာအဖွဲ့ ဂျာကာတာ မှာ သတင်းစာရှင်းမည်

၂၀၁၈ စက်တင်ဘာ တုန်းက မြန်မာဆိုင်ရာ ကုလအချက်လက်ရှာအဖွဲ့ Geneva တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က ထုတ်မယ့် မြန်မာ စစ်တပ်ရဲ့ စီးပွားရေး အကျိုးစီး ပွားတွေ အကြောင်း အစီရင်ခံစာ အပါအဝင် မြန်မာ့ အရေး အခုနောက်ဆုံး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တနလာၤနေ့မှာ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။

Wednesday, February 27, 2019

ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေး အီးယူ နဲ့ အာဆီယံ ကုလမှာ တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
ဒေါ်ခင်မျိုးသက်၊
27 ဖေဖော်ဝါရီ၊ 2019
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Lestari Priansari Marsudi

 အီးယူ ဥရောပသမဂ္ဂက OIC နဲ့ မနှစ်ကပူးတွဲ တင်သွင်းခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ အဆိုပြုချက်ကို ဒီနှစ်ထပ်မံတင်သွင်းရာမှာ ထောက်ခံမှုပေးကြဖို့ ဖေဖေါ်ဝါရီလ ၂၆ ရက် အင်္ဂါနေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့် ရေးကောင်စီရဲ့ အကြိမ် ၄၀ မြောက် ပုံမှန် အစည်းဝေးမှာ ပန်ကြားခဲ့ပါတယ်။ တချိန်ထဲမှာပဲ အာဆီ ယံအဖွဲ့ဝင် နိုင်ငံတချို့ကလည်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည် တွ သူတို့ ဆန္ဒအလျှောက် သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာ ဌာနေပြန်ရေးအတွက် ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */