" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Sunday, April 11, 2021

ရခိုင်ပြည်နယ်တွင် CDM လူပ်ရှားမှုကို မလိုလားဟု AA စစ်ဦးစီးချုပ် ပြော

ဧရာဝတီ
11 April 2021
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / AA
 
ရက္ခိုင့် စစ်တပ် (AA)တွင် ပီပြင်သည့် ရည်မှန်းချက် အခိုင်အမာရှိပြီး ဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင် အာဏာ ဖီ ဆန်ရေး အရပ်ဘက် လှုပ်ရှားမှု (CDM)နှင့် လမ်းမပေါ်ရှိ ဆန္ဒပြပွဲများကြောင့် ၎င်းတို့၏ ရက္ခိတလမ်းစဉ် အေ ပါ်တွင် ရောထွေး ဝေဝါး သွားရန် မလိုကြောင်း AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

Friday, April 2, 2021

ရိုဟင်ဂျာ လေးထောင်ကျော် ဘာဆာချာကျွန်းထပ်မံပို့ဆောင်

VOA
မဆုမွန်
01 ဧပြီ၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။
 
ပင်လယ်ထဲကကျွန်း ဘာဆာချာဆီကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက နောက်ထပ် ရိုဟင်ဂျာဒုက ္ခသည်တွေ လေးထောင်ကျော် ခြောက်ကြိမ်မြောက် ထပ်ပို့ဆောင်လိုက်ပါပြီ။ မြန်မာပြည်ပြန်ရေးမျှော်လင့်ချက် နည်းလာသလို ဒုက္ခသည်စခန်းတွေထဲမှာလည်း မီးဘေး မိုးများရေကြီးမြေပြိုတာလိုမျိုး သဘာဝဘေးတွေနဲ့ရင် ဆိုင်ရပြီး အနာဂတ်မဲ့လာလို့ ဘာဆန်ချာကျွန်းကိုပဲ ပြောင်းရွှေ့သွားကြဖို့ဆုံးဖြတ်လိုက်ကြတာလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။ မိသားစုလိုက် ပြောင်းရွှေ့နေကြတဲ့ နောက်ဆုံးအခြေအနေကို ကုတပလောင် ဒုက္ခသည်စခန်း အမှတ်(၇)မှာ ခိုလှုံနေထိုင်သူ စေတနာ့ဝန်ထမ်းတဦးလည်းဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦး အောင် မြိုင်ကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

Friday, March 26, 2021

မီးလောင်သွားတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအတွက် ဒေါ်လာ ၁၄ သန်း ကုလကူညီ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
25 မတ်၊ 2021
ဘာလုခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးဘေးသင့်ခဲ့သူတွေအတွက် ယာယီအိမ်များဆောက်ပေးဖို့လာကြတဲ့ လုပ်အားပေးဝန်ထမ်းများ။ (မတ် ၂၄၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ဘာလုခါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မီးဘေးသင့်ခဲ့တဲ့သူတွေကို အကူအညီပေးရေး ကုလသမဂ္ဂက အရေးပေါ် ရန်ပုံငွေ ၁၄ သန်း သုံးစွဲခွင့်ပြုလိုက်ပါတယ်။ မီးဘေးကြောင့် လူပေါင်း ၄၅,၀၀၀ လောက် အိုးအိမ်မဲ့ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ တနင်္လာနေ့က အကြီးအကျယ်မီးဘေးသင့်ခဲ့သူတွေထဲက တချို့ကတော့ ယာယီအိမ်တွေ ပြန်ပြီးဆောက်နေကြရပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေပေးတဲ့ တာပေါ်လင်စတွေ၊ ဝါးတွေသုံးပြီး ယာယီတဲအိမ်တွေ ဆောက်နေကြရတာပါ။ မီးလောင်မှုအတွင်း ၁၅ ယောက်သေဆုံးတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ၃၄၀ လောက်လည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ မီးအကြီးအကျယ် လောင်ခဲ့တာ ၄ ရက်ကြာခဲ့ပေမဲ့ နေစရာမဲ့ ဖြစ်နေကြတဲ့ ဒုက္ခ သည်တော်တော်များများ ရှိပါတယ်။

စစ်အာဏာသိမ်းမှုတုံံံ့ပြန်ရေး ကန် ဆီးနိတ် နိုင်ငံခြားရေးကော်မီတီ ကြားနာ

VOA
ဗွီအိုအေ (မြန်မာဌာန)
မြသဇင်အောင်
26 မတ်၊ 2021

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုက ဘယ်လို တုံ့ပြန်သင့်သလဲဆို တာကို ကြာသပတေးနေ့က အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ကြားနာ ပွဲ တရပ်ကျင်းပခဲ့ပါတယ်။

Tuesday, March 23, 2021

ဘာဆန်ချာကျွန်းဟာ ရိုဟင်ဂျာတွေကိုထားဖို့ လုံခြုံတဲ့နေရာလို့ ဘင်္ဂလား‌ဒေ့ရှ်ပြော

RFA
March 23, 2021

■ အမ်ဖန် ဆိုက်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလား‌ဒေ့ရှ် ကမ်းရိုးတန်းတလျှောက်မှာ ထိခိုက်ပျက်စီးခဲ့ပေမယ့် ဘာဆန်ချာကျွန်းဟာ မုန်တိုင်းဒဏ်ကို ခံနိုင်တဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေကို ထားဖို့ အလုံခြုံဆုံးနေရာတခု ဖြစ်တယ်လို့ ဘင်္ဂလား‌ဒေ့ရှ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်‌ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ဧရာဝတီတိုင်းထဲမှာ စက်လှေပျက်ပြီး ရိုဟင်ဂျာ ၄၁ ဦး ဖမ်းဆီးခံရ

Myanmar Today News
22 မတ်လ 2021ဧရာဝတီတိုင်းထဲမှာ စက်လှေပျက်ပြီး ရိုဟင်ဂျာ ၄၁ ဦး ဖမ်းဆီးခံရ

ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု ၇ ဦးထက်မနည်း သေဆုံး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
23 မတ်၊ 2021 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက မီးလောင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မြင်ကွင်း။ (မတ် ၂၃၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မနေ့တနင်္လာနေ့က အကြီးအကျယ် မီးလောင်ခဲ့တာကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။ ဒီဖြစ်ရပ်ကြောင့် Cox’s Bazar က ဘာလုခါလီ ဒုက္ခသည်စခန်းကနေ လူထောင်ချီနေရပ်ပြောင်းရွှေ့ထားရပြီး အပျက်အစီးတွေကြားမှာ သေဆုံးသူတွေရှိ၊ မရှိ တာဝန်ရှိသူတွေ ဒီကနေ့ဆက်ပြီး ရှာဖွေနေပါတယ်။

Monday, March 22, 2021

ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုပြင်းထန်

VOA
မဆုမွန်
22 မတ်၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှု မြင်ကွင်း။ (မတ် ၂၂၊ ၂၀၂၁)

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည် သိန်းချီခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်က ဘာလုခါလီဒုက္ခသည်စခန်းမှာ ဒီကနေ့နေ့လယ်ပိုင်းက စလို့ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်နေပါတယ်။ အရှိန်ပြင်းပြင်းနဲ့ မီးလောင်ကျွမ်းမှု ပြင်းထန်လွန်းတဲ့အတွက် မီးဘေးလွတ်ရာကို ပြေးခဲ့ရတဲ့ မူဆလင်ဒုက္ခသည်မိသားစုတွေ အခုအချိန်အထိ လူစုကွဲနေကြသလို စခန်းတွင်းက ဒုက္ခ သည်တွေ ခိုလှုံရာ အိုးအိမ် စာသင်ကျောင်းနဲ့ ဆေးဝါးရိက္ခာထားတဲ့ အဆောက်အဦးတွေအပါအဝင် ပစ္စည်းပျက်စီးဆုံးရှုံးမှုကလည်း အတော်လေးကို ဆိုးဆိုးရွားရွားအခြေအနေမှာ ရှိနေတယ်လို့ ကိုယ်တိုင်မီးဘေးသင့်ခဲ့ရသူ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ဗွီအိုအေကိုပြောပြပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။ 

စစ်အာဏာသိမ်းမှုနဲ့ ရိုဟင်ဂျာတွေရဲ့ အကျပ်အတည်း

VOA
ကိုခင်မောင်စိုးမင်း
22 မတ်၊ 2021 
 ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ပြောထားပါတယ်။ရိုဟင်ဂျာဒုက္ခသည်တွေကလည်း သူတို့ ရှေ့ရေးဟာ စစ်တပ်အုပ်ချုပ်မှုအောက်မှာ ပိုပြီး စိုးရိမ်စရာဖြစ်မယ်လို့ ပြောဆိုနေပါတယ်။ ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
 
Link: Here

ဧရာဝတီတိုင်းထဲမှာ စက်လှေပျက်ပြီး ရိုဟင်ဂျာ ၄၁ ဦး ဖမ်းဆီးခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-03-22

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်းကျေးရွာမှာ သောင်တင်နေတဲ့ စက်လှေပျက်တစ်စီးပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာများ။

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ နွယ်ညိုချောင်းကျေးရွာမှာ သောင်တင်နေတဲ့ စက်လှေပျက်တစ်စီးပေါ် လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၄၁ ဦးကို မြို့နယ်ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။

Thursday, March 18, 2021

ဘာဆန်ချားကျွန်းမှာ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ရောက်နေ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
18 မတ်၊ 2021
ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့နေထိုင်ရာ Bhasan Char ကျွန်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၀)

ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကျော်ရွှေ့ပြောင်းထားတဲ့ ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချားကျွန်းကို မနေ့ကစ၊ သုံးရက်ကြာခရီး ရောက်ရှိနေပါတယ်။

Wednesday, March 17, 2021

ဘာဆန်းချားရောက် ရိုဟင်ဂျာတွေဆီ ကုလကိုယ်စား လှယ်အဖွဲ့သွားရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
17 မတ်၊ 2021
ဒီဇင်ဘာ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၁)

ကုလသမဂ္ဂအဖွဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကျော် ရွှေ့ပြောင်းထားတဲ့ ဘင်္ဂလား ပင်လယ်အော်ထဲက ဘာဆန်းချားကျွန်းကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ကစလို့ သုံးရက်ကြာ ခရီးလာရောက်ဖို့ရှိနေပါတယ်။ ဘင်္ဂလာဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်ဖျားပြီး အန္တရာယ်ကြီးတဲ့ ဒီကျွန်းကို မပို့ဖို့ လူအခွင့် အရေးအဖွဲ့တွေက ကန့်ကွက်နေတဲ့ကြားကပဲ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကစလို့ ပြောင်းရွှေ့နေရာမှာ အခုလို အဲဒီမှာ ဒုက္ခသည် ၁၃,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

Wednesday, March 10, 2021

မြန်မာနိုင်ငံအရေး ထုတ်ပြန်ချက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၌ သဘောတူညီချက် မရ

မဇ္ဈိမ
Reuters
10 March 2021

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ရှုတ်ချသော၊ စစ်တပ်အနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေမှုများကို ထိန်းချုပ်ရန် တောင်းဆိုထားသော၊ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့သည့် လုပ်ငန်းစဉ်များကို စဉ်းစားသုံးသပ်မည်ဟု ခြိမ်း ခြောက်ထားသော မူကြမ်းထုတ်ပြန်ချက်တစ်ရပ်အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အင်္ဂါနေ့က သဘောတူညီချက် မရရှိခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြပြီး သံတမန်များကမူ နောက်ထပ်ဆွေးနွေးမှုများ ဆက်ရှိနိုင်သေးသည်ဟု ပြောကြသည်။

Monday, March 8, 2021

Jammu နဲ့ Kashmir မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ (၁၅၀)ကျော် မြန်မာနိုင်ငံဘက် ပြန်ပို့မည်

VOA
VOA (မြန်မာပိုင်း)
08 မတ်၊ 2021

အိန္ဒိယနိုင်ငံတွင်းမှာ ဖမ်းမိသည့် တရားမဝင် ရိုဟင်ဂျာဒုက္ခသည်များ ( ပုံဟောင်း - ၂၀၁၉ )

အိန္ဒိယနိုင်ငံမြောက်ပိုင်း Jammu နဲ့ Kashmir ဒေသမှာ ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် (၁၅၀)ကျော်ကို မြန်မာ နိုင်ငံဘက် ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှ ပြောပါတယ်။

Sunday, March 7, 2021

အစ္စရေးလ်-ကနေဒါ နိုင်ငံသားတဦးကို အကျိုးဆောင်အဖြစ် မြန်မာစစ်အာဏာပိုင်တွေငှားရမ်း

VOA
VOA (မြန်မာပိုင်း)
07 မတ်၊ 2021

ကနေဒါနိုင်ငံသား အစ္စရေးလ် ထောက်လှမ်းရေး အရာရှိဟောင်း Ari Ben-Menashe (photo - twitter)
 
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေက အကျိုးဆောင်အဖြစ် သူနဲ့သူ့ကုမ္ပဏီကို ငှားရမ်းထားကြောင်း ကနေဒါနိုင်ငံ Dickens & Madson ကုမ္ပဏီက အစ္စရေး- ကနေဒါနိုင်ငံသားက ပြောလိုက်ပါတယ်။
                                                                        

Friday, March 5, 2021

R2P မူအရ မြန်မာပြည်သူတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေးကောင်စီကို ဒေါက်တာဆာဆာ ပန်ကြား

RADIO FREE ASIA
2021-03-04

ဒေါက်တာဆာဆာ Photo - Dr SaSa FB

မြန်မာပြည်သူတွေ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်မခံရအောင် “Responsibility to Protect (R2P)” လို့ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးမူအတိုင်း လိုက်နာဆောင်ရွက်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာ အထူးကိုယ်စားလှယ်က မတ်လ ၄ ရက် ဒီနေ့ တောင်းဆိုလိုက်ပါ တယ်။

Wednesday, March 3, 2021

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊သူသာ ကုလဆိုင်ရာမြန်မာ သံဖြစ်ကြောင်း ဦးကျော်မိုးထွန်း တရားဝင်စာပို့

B B C

ဘီဘီစီမြန်မာပိုင်း
3 မတ် 2021


အာဏာသိမ်းတဲ့ ရာဇဝတ်မှုကို ကျုးလွန်သူတွေက ဖျက်လို့ တရားဝင် သမ္မတတစ်ယောက်ရဲ့ အာဏာ ပျက်ပြယ်မသွားဘူး ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့စာထဲ ရေးသား

နယူးယောက်မြို့ အခြေစိုက် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ မြန်မာနိုင်ငံကို တရားဝင် ကိုယ် စားပြုတဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပ တိ ဗော်လ်ကန် ဘော့ဇ်ကဲ နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် တို့ထံ စာရေးသား ပေးပို့ ခဲ့ပါတယ်။                                                                         

Tuesday, March 2, 2021

စစ်ကောင်စီကို နိုင်ငံတကာ ခုံရုံးတင်မယ်

 B B C

ဘီဘီစီမြန်မာပိုင်း
2 မတ်လ 2021

                                          သွေးတစ်စက်အတိုင်းအတွက် အပြစ်ပေးနိုင်ရမယ်

လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူး သံတမန် ဒေါက်တာဆာဆာက စစ်  ကောင်စီ အကြမ်းဖက် အဖွဲ့ကို နိုင်ငံတကာ တရားရုံး ရှေ့မှောက် အရောက်ပို့မယ်လို့ ဆိုပါတယ်။

CRPH ရဲ့ တရားဝင် စာရွက်စာတမ်းတွေကို နိုင်ငံတကာ ဥပဒေ ပါမောက္ခတွေကတဆင့် ICC ရုံးတော်ထံ တင် သွင်းမယ်၊ မြန်မာပြည်သူတွေ အပေါ် ကျုးလွန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အတွက် ဥပဒေအတိုင်း အရေးယူ မယ်၊ ကျခဲ့တဲ့ သွေးတစ်စက်အတိုင်းအတွက် အကြမ်းဖက် အုပ်စုဖြစ်တဲ့ တရားမဝင် စစ်ကောင်စီကို အပြစ်ပေး နိုင်ရမယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

Friday, February 26, 2021

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း NLD အစိုးရကိုသာ ဆက်လက်ကိုယ်စားပြု

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဖေဖော်ဝါရီ၊ 2021

သံအမတ်ကြီး ဦးကျော်မိုးထွန်: 

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီကနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီ လာခံမှာ NLD အစိုးရကိုသာ ဆက်ပြီး ကိုယ်စားပြုကြောင်း ပြောသွားပါတယ်။ သံအမတ်ကြီးရဲ့ မြန်မာလိုပြော ဆိုချက် အပြည့်အစုံကတော့ -

ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည် သင်္ဘော အိန္ဒိယ ကူညီ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
26 ဖေဖော်ဝါရီ၊ 2021
အင်ဒိုနီးရှားမှာ ကယ်ဆယ်လိုက်ရတဲ့ ရိုဟင်ဂျာလှေတစီး - 2020 (ဓာတ်ပုံ-AP)
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ် ဘဇား ကနေ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ထွက်ခွါပြီး ကပ္ပလီပင်လယ်ပြင် (Andaman Sea) ထဲမှာ မျောနေတဲ့ သဘောၤတစင်းကို အိန္ဒိယကမ်းရိုးတန်းစောင့်တပ်က အကူအညီတွေ ပေးနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Anurag Srivastava က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */