" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Monday, June 7, 2021
ASEAN ကို အယုံအကြည် မရှိကြောင်း မြန်မာ စစ်အာဏာ သိမ်း ဆန့်ကျင်သူများပြော
ဧရာဝတီ
7 June 2021
ဇွန်လ ၄ ရက် နေပြည်တော်တွင် ASEAN အထူးကိုယ်စားလှယ် ၂ ဦးနှင့် စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန်နှစ်ဦးနှင့် စစ်ကောင်စီအကြီးအကဲ မင်းအောင် လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ASEAN-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ မြန်မာ့အရေး ဆွေးနွေးနေစဉ် ဒေသတွင်းသံတမန်ရေးအားထုတ်မှုကို အယုံအကြည် မရှိကြောင်း မြန်မာစစ် အာဏာသိမ်းမှု ဆန့်ကျင်သူများက ပြောသည်။
ASEAN သည် မြန်မာနိုင်ငံအကျပ်အတည်းမှ ထွက်ပေါက်ရှာရန် အဓိကကျသည့် နိုင်ငံတကာ သံတမန်ရေး အားထုတ်မှုကို ဦးဆောင်နေသည်။ တရုတ်နိုင်ငံကလည်း ASEAN ၏ သံတမန်ရေး ကြိုးပမ်းချက်ကို ထောက် ခံကြောင်းပြောသည်။
NUG ရဲ့ ရိုဟင်ဂျာမူဝါဒသဘောထားကို အမေရိကန် ကြိုဆို
မဇ္ဈိမ
7 June 2021
ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကတိကဝတ်တွေကို ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က သူ့ရဲ့တွယ်တာမှာ ဒီကနေ့ ရေးသားထားပါတယ်။
“NUG ရဲ့ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအား ဖြေရှင်းဖို့ ကတိကဝတ် ထုတ်ပြန်ချက်ကို အမေရိကန်က ကြိုဆိုပါတယ်။ ကျွန်ုပ်တို့ဟ မြန်မာလူထုအားလုံးအတွက် ဆက်လက် ထောက်ခံအားပေးလျှက် ရှိပါတယ်” လို့ ပြောခွင့်ရသူ Ned Price က ပြောပါတယ်။
Sunday, June 6, 2021
NUG အစိုးရရဲ့ ရိုဟင်ဂျာမူဝါဒကို ALP ကန့်ကွက်
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-06-06
 ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) File Photo - ALP/FB
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာမူဝါဒတွေကို ကန့်ကွက် ကြောင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့၊ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဒီကနေ့ သဘောထားထုတ် ပြန်လိုက်ပါတယ်။
ပြည်ထောင်စုအတွင်းက ပဋိပက္ခတွေနဲ့ အရင်းခံပြဿနာတွေကို အပြီးသတ်ချုပ်ငြိမ်းစေဖို့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်မယ်ဆိုတဲ့ NUG ရဲ့ ရည်ရွယ်ချက်ကို ကြိုဆိုပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက အေ ရးကိစ္စတွေကိုတော့ အလျှင်စလို မကိုင်တွယ်သင့်ဘူးလို့ ALP က ဆိုပါတယ်။
Saturday, June 5, 2021
ရိုဟင်ဂျာ အရေး မူဝါဒနဲ့ ပတ်သက်ပြီး NUG ရှင်းလင်း
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-06-05
ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး NUG အစိုးရရဲ့ မူဝါဒ ထုတ်ပြန်ထားတာနဲ့ ပက်သက်ပြီး၊ မနေ့က ပြုလုပ်တဲ့ သ တင်းစာ ရှင်းလင်းပွဲမှာ NUG အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းမီဒီယာတွေကို အ ကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါတယ်။
Friday, June 4, 2021
ရိုဟင်ဂျာ လှေ - ပင်လယ်ထဲ ရက် ၁၀၀ ကျော် မျောနေရာ က အင်ဒိုနီးရှားကျွန်းတစ်ကျွန်းမှာ ဆိုက်ကပ်
B B C
ဘီဘီစီမြန်မာပိုင်း
04 June 2021
မလေးရှားကို ၂၀၁၈ တုန်းက ရောက်လာဖူးတဲ့ ရိုဟင်ဂျာလှေ
ဖေဖော်ဝါရီလက စထွက်ခွာလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စက်လှေတစင်း အင်ဂျင်စက် ပျက်ပြီး ကပ္ပလီပင် လယ်ပြင် မှာ ရက် ၁၀၀ ကျော် မျောနေခဲ့ရာက အင်ဒိုနီးရှား ကျွန်းတကျွန်းမှာ ဆိုက်ကပ်သွားပြီလို့ လူ့အခွင့် အရေးဆိုင်ရာ အရာရှိတဦးက ပြောပါတယ်။
ဒီစက်လှေဟာ ဖေဖော်ဝါရီလ ၁၁ ရက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဆက်ဘဇားကနေ မလေးရှားနိုင်ငံကို ဦး တည်ပြီး မိန်းမနဲ့ ကလေး အများစု ပါဝင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉၀ ကို သယ်ဆောင်ထွက်ခွာလာခဲ့တာ ဖြစ် ပါတယ်။
Thursday, June 3, 2021
ရိုဟင်ဂျာမွတ်စလင်တွေအရေးနဲ့ ပတ်သက်လို့ NUG သဘောထားထုတ်ပြန် ကြေညာ
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-06-03
၂ဝ၁၈ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒုက္ခသည်စခန်းမှာတွေ့ရတဲ့ ရိုဟင်ဂျာကလေးငယ်နှစ်ဦး။
File Photo/Reuters
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ ရိုဟင်ဂျာမူဆလင်တွေအနေနဲ့ နိုင်ငံသားတွေနည်းတူ တန်းတူ အခွင့် အရေး ရရှိရေးအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်နိုင်ဖို့ရေး ရိုဟင်ဂျာမူဝါဒ ဆိုင်ရာ သဘောထားကြေညာချက်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဇွန် ၃ ရက်နေ့ မှာ ထုတ်ပြန် လိုက်ပါတယ်။
ရိုဟင်ဂျာအရေး - အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒ အ ပေါ် ရိုဟင်ဂျာတွေ ဘယ်လိုမြင်လဲ
 B B C
ဘီဘီစီမြန်မာပိုင်း
03 June 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်အချို့
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇွန်လ ၃ ရက်နေ့မှာ "ရိုဟင်ဂျာ ပြည်သူများ ဆိုင်ရာ မူဝါဒ သဘော ထား"ကို ထုတ်ပြန်လိုက်ပြီးတဲ့နောက် ဒီမူဝါဒတွေထဲမှာ လိုလား အားတက်စရာ ကောင်းမွန်တဲ့အချက်တွေ ပါ တဲ့အတွက် ကြိုဆိုတယ်၊ တချို့အပိုင်း တွေမှာတော့ ဖြည့်စွက်စဉ်းစားစေလိုတယ်လို့ ရိုဟင်ဂျာ အသိုင်းအဝိုင်း က ပြောပါတယ်။
"ရိုဟင်ဂျာအပါအဝင် လူနည်းစုတွေနဲ့ (NUG က) ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာကို တွေ့ရတဲ့အတွက် ဒါက အတော်ကြိုဆိုစရာ ဖြစ်တယ်၊ အကြမ်းဖက်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကို ကိုယ်ချင်းစာနာလာတာ၊ တရားမျှ တမှု အတွက် ကျူးလွန်သူတွေကို အပြစ်ပေးနိုင်အောင်လုပ်မယ်၊ နောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းစွာ ပြန်လာနိုင်အောင် လုပ်ဆောင်မယ် စတဲ့ အချက်တွေဟာလည်း သိပ်ကောင်းပါ တယ်"လို့ မြန်မာရိုဟင်ဂျာ အသင်း (ယူကေ) ရဲ့ ဥက္ကဌ ဦးထွန်းခင်က ဘီဘီစီကို ပြောပါတယ်။
Saturday, May 29, 2021
လက်နက်ကိုင်တိုက်သူတွေ လူ့အခွင့်အရေးပေါ် ဘယ်လို သဘောထားသင့်လဲ (ဦးအောင်မျိုးမင်းနှင့် ဆက်သွယ် မေး မြန်းချက်)
VOA
ဗွီအိုအေမြန်မာပိုင်း
တိုက်ရိုက်လေလှိုင်း
ကျော်ကျော်သိန်း
25 မေ၊ 2021 
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ထဲက လက်နက်ကိုင်ပြီး ခုခံတိုက်ခိုက်တဲ့နည်းလမ်းကို ရွေးချယ်ကြ တာမှာ စစ်ကိုမုန်းလို့ စစ်ကိုတိုက်ပါတယ်လို့ ပြောသည့်တိုင်အောင် လုပ်ရပ်တွေ မှားယွင်းသွားရင် လက်နက် ကိုင်တိုက်ပွဲကနေ အကြမ်းဖက်လုပ်ရပ်အဆင့် ရောက်သွားနိုင်တာမို့ သတိပြုထိန်းသိမ်းလုပ်ဆောင်ဖို့ ကြား ကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်ပါတယ်။
Wednesday, May 26, 2021
အကြမ်းဖက်နှိမ်နင်းမှုကြောင့် ပြည်တွင်းစစ်ကို ဦးတည်နိုင် (Christine Schraner Burgener)
အင်ကြင်းနိုင်
25 မေ၊ 2021
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်းစစ် ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။ 
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်း စစ်ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။
ဒါအပြင် မြန်မာနိုင်ငံကို လာဖို့ အချိန်မတန်သေးဘူးလို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သူနဲ့ လူချင်းတွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့လည်း Burgener က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကွန်ဖရင့်ကနေ ပြောခဲ့ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်အပေါ်လေ့လာ စုံစမ်း
Radio Free Asia ( RFA )
2021-05-25
ဗြိတိန်ပါလီမန်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းဖို့ အစည်းအဝေး တစ်ရပ်ကို မနေ့က ကျင်းပခဲ့ရာမှာ NUG အစိုးရရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာ ဆာက NUG အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို တင်ပြခဲ့ပါတယ်။ အလားတူ တက်ရောက်လာတဲ့ တိုင်းရင်း သား နဲ့ အရပ်ဘက်ခေါင်းဆောင်တွေကတော့ ဗြိတိန်အစိုးရဟာ မြန်မာ့အရေး လုပ်ဆောင်ရာမှာ တိုင်းရင်း သားလူနည်းစုတွေရဲ့အသံကို နားထောင်ပြီး လုပ်ဆောင်မှု အားနည်းနေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။
မောင်တော၌ လုပ်ငန်းရှင် မွတ်စလင်သားအဖကို လက်နက် ကိုင်အဖွဲ့က ဖမ်းသွား
ဧရာဝတီ
26 May 2021
ရခိုင်ပြည်နယ် မောင်တောမြို့
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ် ကညှင်တန်းရပ်ကွက်ရှိ ပရိဘောဂဆိုင်ပိုင်ရှင် မွတ်စလင် သားအဖ ၂ ဦးကို မေလ ၂၃ ရက် ညပိုင်းက မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တဖွဲ့က နေအိမ်သို့ လာရောက် ဖမ်းဆီးသွားသည်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ ဦးရှော်ဖီးလ် (၅၀)နှစ်နှင့် သားဖြစ်သူ မာမောက်အာယာစ် ( ၂၇) နှစ်တို့ဖြစ်ကြောင်း မြို့ ခံများ က ပြောသည်။
မောင်တောမြို့ခံတဦးက “အဖမ်းခံရတာ ဟုတ်တယ်။ သေနတ်အတို ကိုင်ထားတဲ့ မွတ်စလင် ၄ ဦးက သူတို့ နေအိမ်ခြံ စည်းရိုးကို ကျော်ဝင်ပြီး ဖမ်းခေါ်သွားတာလို့ ပြောတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိ ကြဘူး” ဟု ဧရာဝတီ ကို ပြောသည်။
ကုလအထွေေညီလာခံဥက္ကဋ္ဌ နဲ့ ဝန်ကြီးချုပ် Sheikh Hasina ရိုဟင်ဂျာဒုက္ခသည် အရေးဆွေးနွေး
VOA
ဗွီအိုအေ (မြန်မာပိုင်း)
26 မေ၊ 2021
ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ Volkan Bozkir နဲ့ ဘင်္ဂလားဒေရှ့် ၀န်ကြီးချုပ် Sheikh Hasina တွေ့ဆုံ (Volkan BOZKIR twitter)
ဘင်္ဂလားဒေရှ့် နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ Volkan Bozkir နဲ့ ဘင်္ဂလား ဒေရှ့် ၀န်ကြီးချုပ် Sheikh Hasina တို့ အင်္ဂါနေ့မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေး နဲ့ မြန်မာနိုင်ငံတွင်း လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
Saturday, May 22, 2021
ရခိုင်​ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ရိုဟင်ဂျာအမျိုး သား တစ်ဦးကို အစွန်းရောက် ရခိုင်များက သတ်ဖြတ်။
Arakan Times
၂၁၊ ၅၊ ၂၀၂၁။
AT Burmese News
AT correspondent Pauk Taw.
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရွဲ့ ကျေးရွာ ပွဲကြည့်တောင် အနီးတွင် မေလ ၂၀ရက်နေ့က သစ်များ သယ်ဆောင်လာတဲ့ စက်လှေ တစ်စီးသည် ညနေပိုင်းတွင် ရာသီဥတု ဆိုးရွားမှုကြောင့် လှေပေါက် သွားခဲ့ရာ ရှေ့ဆက်မသွားနိုင်ပဲ ကမ်းကပ်နေခဲ့ပြီး မနက်ပိုင်းတွင်လာမည့် အကူညီကို စောင့်နေစဉ် ည ၈နာရီ ခန့်တွင် စက်လှေတစ်စီးဖြင့် ရခိုင်လူမျိုး အချို့ လာရောက်ပြီး သစ်များ သယ်ဆောင်လာတဲ့ စက်လှေ ပေါ်ရှိ ရိုဟင်ဂျာအမျိုးသား ၅ ဦးကို ဓါး၊လှံ များဖြင့် တိုက်ခိုက်ခဲ့တာကြောင့် တစ်ဦး သေဆုံးကာ၊ ၃ ဦး ပျောက်ဆုံး နေပြီး၊ တစ်ဦး အပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
Wednesday, May 12, 2021
ဘာဆန်ချာကျွန်းဟာ ရိုဟင်ဂျာတွေကိုထားဖို့ လုံခြုံတဲ့နေ ရာလို့ ဘင်္ဂလား‌ဒေ့ရှ်ပြော
လွတ်လပ်တဲ့အာရှအသံ ( RFA )
May 12'2021
■ အမ်ဖန် ဆိုက်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလား‌ဒေ့ရှ် ကမ်းရိုးတန်းတလျှောက်မှာ ထိခိုက်ပျက်စီးခဲ့ပေမယ့် ဘာဆန်ချာကျွန်းဟာ မုန်တိုင်းဒဏ်ကို ခံနိုင်တဲ့အတွက်  ရိုဟင်ဂျာဒုက္ခသည်တွေကို ထားဖို့ အလုံခြုံဆုံးနေ  ရာတခု ဖြစ်တယ်လို့ ဘင်္ဂလား‌ဒေ့ရှ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်‌ရေးဝန်ကြီးက ပြောလိုက်ပါ တယ်။
ဒါကြောင့် ကော့ဆက်ဘဇားခရိုင် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ဘာဆန်ချာကျွန်း‌ပေါ်  ပြောင်းရွှေ့ နေရာချထားနိုင်တယ်လို့  ဆိုပါတယ်။
ဘင်္ဂလား‌ဒေ့ရှ်အစိုးရ အနေနဲ့  ရိုဟင်ဂျာတွေကို ကျွန်းပေါ် ပြောင်းရွှေ့မယ့် လုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR/ ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ WFP အပါအဝင် NGOs လူမှုအဖွဲ့အစည်း တွေနဲ့ ဆက်ပြီးဆွေး‌‌နွေးမယ်လို့ သိရပါတယ်။
ရခိုင် မောင်တောမှာ နယ်ခြားစောင့်ရဲနဲ့ ARSA တိုက်ပွဲဖြစ်
VOA 
မြန်မာပိုင်းအစီအစဉ်
သားညွန့်ဦး
12 မေ၊ 2021
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ "no man's land" ကိုကာရံထားသည့် ခြံစည်းရိုးနားတွင် လုံခြုံရေးတာဝန်ယူထားသည့် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ARSA အကြမ်းဖက်အဖွဲ့က လာရောက်ပစ် ခတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ARSA ဘက်က တဦး ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲတွေ ရပ်စဲနေတဲ့ ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ဒါဟာ ပထမဆုံးတိုက်ပွဲ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုတော့ ကိုသားညွန့်ဦး က တင်ပြပေးပါမယ်။
Thursday, May 6, 2021
ဘီဘီစီမြန်မာပိုင်း
မေလ ၅ ရက် ၂၀၂၁
ထွေအုပ်ကို ပြည်ထဲရေးအောက် ပြန်ပြောင်
NLD အစိုးရလက်ထက်မှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကနေ ပြောင်းရွှေ့ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အခုအခါ ပြည်ထဲရေးလက်အောက်မှာ ပြန်ပြောင်းရွှေ့ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ နေ့စွဲနဲ့ စစ်ကောင်စီက ကြေညာပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၁၉အရအခုလို ပြောင်းရွှေ့ခဲ့တာလို့ အဲဒီအမိန့်ကြေညာချက်မှာ ပါရှိပါတယ်။
Wednesday, May 5, 2021
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကုလသမဂ္ဂ ကိုယ် စားလှယ် ဦးကျော်မိုးထွန်းကို အမေရိကန် ကွန်ဂရက်အမတ် ဘရတ်ရှာမန်းမေးမြန်းခဏ်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အမေရိကန် ကွန်ဂရက်အမတ် ဘရတ်ရှာမန်းမေးမြန်းခဏ်း
https://twitter.com/BradShe.../status/1389675308538859527...
မေး - အခုဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၂၈ယောက်မှာ ရိုဟင်ဂျာတစ်ယောက်မှ မပါဘူး။
(၁) ရိုဟင်ဂျာတွေကို အမျိုးသားညီညွတ်ရေးအစိုးရမှာ ထည့်ပေးဖို့ အစီအစဉ်ရှိလား။
(၂) မြန်မာပြည်နဲ့ ဒုက္ခသည်စခန်းမှာ မွေးတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါမယ်လို့ NUGအစိုးရက ကြေညာမလား။ (ဘရက်အဒမ် အမတ်)
ဖြေ - အခုလို ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ကျနော်အထက်မှာ ပြောခဲ့တဲ့အတိုင်း စစ်အစိုးရကို အဓိက တိုက်ခိုက်ပြီးတဲ့နောက် ကျနော်တို့ဟာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို ပိုမိုကာကွယ်ပေးနိုင်တဲ့ အနေ အထားမှာ ရှိနေမှာဖြစ်တယ်။ (NUGအစိုးရ၏ ကုလသံ ဦးကျော်မိုးထွန်း)
မြန်မာ့အရေး အမေရိကန်ဦးဆောင်လှုပ်ရှားဖို့ မြန်မာသံအ မတ်တိုက်တွန်
လွတ်လပ်တဲ့အာရှအသံ ( RFA )
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-05-04
 အမေရိကန်ဟာ မြန်မာ့အရေးကို ကူညီဖြေရှင်းဖို့ ဦးဆောင်တဲ့နေရာကိုယူပြီး ပြတ်ပြတ်သားသား လုပ်ဆောင် ဖို့ လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ မနေ့ညနေက ကျင်းပခဲ့တဲ့ မြန်မာ့အရေး ကြား နာ စစ်ဆေးပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာနဲ့ အမေရိကန်ရဲ့ ကမ္ဘာ လုံးဆိုင်ရာ အမျိုးသမီးရေးရာ သံအမတ် မစ္စ ကယ်လီကာရီတို့က တက်ရောက်ပြီး အောက်လွှတ်တော်ကော် မတီဝင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
စစ်ကောင်စီကို ဒဏ်ခတ်ပြီး ပြည်သူတွေကို စာနာမှုအ ထောက် အပံ့ပိုပေးဖို့ G-7 ကို ဗြိတိန် တိုက်တွန်းဖွယ်ရှိ
VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 မေ၊ 2021
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ အင်္ဂါနေ့က စတင်လိုက်တဲ့ ၂ ရက်ကြာ (G7) စက်မှုထိပ်သီး ၇ နိုင်ငံ အစည်း အဝေးအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်နေသူတွေနဲ့လုပ်ငန်းတွေ ကို ဒဏ်ခတ်အရေးယူဖို့ အိမ်ရှင်ဗြိတိန်နိုင်ငံက တိုက်တွန်းလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
စစ်လက်နက် ရောင်းချမှုတွေ တားမြစ်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် စာနာမှု အကူအညီတွေ တိုးမြှင့်ပေးအပ် နိုင်ရေး အတွက်လည်း နိုင်ငံခြားရေးဝန်ကြီး Dominic Raab က တိုက်တွန်းမယ့် အလားအလာရှိနေပါတယ်။
စစ်ကောင်စီထံ ငွေကြေးစီးဆင်းမှု ချက်ချင်းဖြတ်တောက်ဖို့ ကန်အောက်လွှတ်တော်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 မေ၊ 2021
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းး။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)
စစ်အာဏာသိမ်းထားတဲ့ မြန်မာ စစ်တပ် အပေါ်မှာ အမေရိကန်ဘက်က ပစ်မှတ်ထား ဒဏ်ခတ် အရေးယူဖို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီ ကြားနာပွဲမှာ တိုက်တွန်းပါတယ်။
“မြ၀တီဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီ MOGE တို့ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ အမြန်ဆုံး ထည့်သွင်းသင့်ပါတယ်။ စစ်တပ်နဲ့ စစ်တပ် အဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ ဘဏ်စာရင်းတွေကို ထိန်းချုပ်ပြီး စစ်အုပ်ချုပ်ရေး အဖွဲ့၊ နောက် ပတ်သက် သူတွေထံ ငွေကြေး စီးဆင်းမှုတွေကို ချက်ချင်းဘဲ ဖြတ်တောက် သင့်ကြောင်းနဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံ မှုတွေကိုလည်း ဆိုင်းငံ့ထားသင့်ပါကြောင်း” ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က အင်္ဂါနေ့ အောက်လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီ ကြားနာပွဲမှာ ပြောဆိုခဲ့တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */