" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူ့အခွင့်အရေးကောင်စီ. Show all posts
Showing posts with label လူ့အခွင့်အရေးကောင်စီ. Show all posts

Monday, June 22, 2020

ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် မြန်မာပယ်ချ၊ အချုပ်အခြာအာဏာကို ဝင်မစွက်ရန် မြန်မာကိုယ်စားလှယ် ပြော

DVB
22 June 2020
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ (အီးယူ)က တင်သွင်းတဲ့ ဆုံးဖြတ်ချက် အဆို မူကြမ်း ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၄၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ ထောက်ခံမဲ အများစုနဲ့ အတည်ပြုလိုက်ပါတယ်။

Saturday, February 29, 2020

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီ ရင်ခံတင်ပြချက်အပေါ် မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြား

Ministry of Foreign Affairs
၂၈-၂-၂၀၂၀ ရက်
 ဂျီနီဗာမြို့
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကာလအတွင်း “ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတို့နှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ” အပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

Saturday, February 22, 2020

မြန်မာစစ်တပ် စုံစမ်းစစ်ဆေးရေးခုံရုံးအပေါ် လူ့အခွင့်အရေး အဖွဲ့တွေ သံသယရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
22 ဖေဖော်ဝါရီ၊ 2020
အင်ကြင်းနိုင်
၂၀၁၃ မေလတုန်းက စစ်တွေမြို့အတွင်း တပ်မတော်သားများလုံခြုံရေးယူနေစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ မြန်မာ စစ် တပ်ခုံရုံးက စစ်ဆေးအရေးယူမယ့်ကိစ္စဟာ အနှစ်သာရကင်းမဲ့ပြီး ယုံကြည်လို့မရကြောင်း နိုင်ငံတကာ လူ့ အခွင့်အ ရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

Thursday, September 19, 2019

အထူးအစီရင်ခံစာတင်သွင်းသူနှင့် အချက်အလက်ရှာဖွေရေး အဖွဲ့တို့နှင့် အပြန်အလှန်ဆွေးနွေးပွဲများ၌ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်ပြောကြား

မြန်မာ့အလင်း
နေပြည်တော် စက်တင်ဘာ ၁၉
ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီ ရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုနှင့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေ ရေးအဖွဲ့ (FFM) ၏ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့ကို ၁၆-၉-၂၀၁၉ ရက်နှင့် ၁၇-၉-၂၀၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ၌ မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြု သဘောမဆောင်သည့် ဝေဖန်သုံးသပ်ပြောကြားမှုများနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ မျှတမှုမရှိသည့် အစီရင် ခံစာတို့နှင့်ပတ်သက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြားခဲ့သည်။

Thursday, June 27, 2019

ကုလလူ့အခွင့်ရေးကောင်စီမှာ ရခိုင်အရေး မြန်မာတင်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဇွန်၊ 2019
မသိင်္ဂီထိုက်
ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက ကိုယ်လိုချင်တာကိုဘဲ ပြင်ပ ကမ္ဘာ အနေနဲ့ ရွေးချယ်ပြီးထောက် ပြ ပြောဆိုလို့ ရပေမယ့် မြန်မာနိုင်ငံ အနေနဲ့ကတော့ အားလုံး ခြုံငုံပါဝင်တဲ့ ချဉ်းကပ်မှုနဲ့ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက် ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၄၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အတွင်း ကုလသ မဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး၊ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက တိုက်ပွဲတွေ အခြေအနေကို အလေးထား ပြောဆိုသွားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

Sunday, March 24, 2019

မြန်မာ့လူ့အခွင့်အရေး စိုးရိမ်ကြောင်း ဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြု

VOA
ကိုအောင်လွင်ဦး
မြန်မာပိုင်း၊ 23 March'2019
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (မတ်၊ ၂၂၊ ၂၀၁၉)
 မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မဲခွဲအတည်ပြုလိုက်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုး aဖာက်မှုတွေ ဆိုးဆိုးရွားရွား ရှိနေဆဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ် စား လှယ် တာဝန်ကိုလည်း ဆက်လက်သက်တမ်းတိုးဖို့ မနေ့တုန်းကပဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြ ပေးမှာ ဖြစ်ပါတယ်။

Thursday, March 14, 2019

ရိုဟင်ဂျာ နိုင်ငံမဲ့ အခြေအနေ ကူညီဖြေရှင်းဖို့ နိုင်ငံတ ကာကို ကုလတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်
14 မတ်၊ 2019
ကုလသမဂ္ဂ လူနည်းစုဆိုင်ရာ အထူးစုံစမ်းရေးမှူး Mr. Fernand de Varennes (ဘယ်) အစီရင်ခံစာ တင်သွင်းစဉ်

ကမ္ဘာပေါ်က သန်းပေါင်းများစွာသော ပြည်သူတွေဟာ နိုင်ငံမဲ့ဖြစ်နေကြပြီး အဲဒီထဲမှာ ပါလက်စတိုင်း လူ မျိုးတွေပြီးရင် ရိုဟင်ဂျာ လူနည်းစုက ဒုတိယ အများဆုံးဖြစ်ပြီး အခြေအနေတွေဟာ စိုးရိမ်ရတယ်လို့ ကုလသမဂ္ဂလူ နည်း စုဆိုင်ရာ အထူးစုံစမ်းရေးမှူးက ဗုဒ္ဓဟူးနေ့ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီမှာ ပြောကြား လိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသား ခံယူခွင့်နဲ့ ပတ်သက်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ဥပဒေအရ လိုက်နာဆောင်ရွက်ခွင့် ရှိတယ်လို့ မြန်မာကိုယ်စားလှယ်က တုန့်ပြန်ဆွေးနွေးခဲ့ပါတယ်။

Wednesday, February 27, 2019

လူ့အခွင့်အရေးဝေဖန်ခံရမှု မြန်မာအစိုးရ ကုလမှာ ကာကွယ်ပြောဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်၊
 27 ဖေဖော်ဝါရီ၊ 2019
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်

 ရိုဟင်ဂျာ မူဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေး စနစ်နဲ့ ဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေ ကို ပယ်ချကြောင်းနဲ့ ဒီကိစ္စကို မြန်မာနိုင်ငံ အနေနဲ့ တာဝန်ယူ ဖြေရှင်းနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အ ကြိမ် (၄၀) မြောက် အစည်းအဝေး အတွင်း ပြောဆိုသွားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်း စဉ်ကို ဦးစားပေး ဆောင်ရွက်ဖို့ လိုကြောင်းနဲ့ ရခိုင်ပြည်နယ်တွင်း လူမှုအသိုင်းအဝိုင်း ပဋိပက္ခတွေ ဖြေရှင်းဖို့ အတွက် ဖွံ့ဖြိုးရေးက အရေးကြီးတယ်လို့လည်း ထောက်ပြသွားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

Tuesday, February 26, 2019

ကုလလူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး ဝန်ကြီး ဦးကျော်တင် ဆွေးနွေး

RFA
လွတ်လပ်တဲ့ အာရှအသံ
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တွေ့ရစဉ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့  ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ လုပ်ဆောင်နေတဲ့ အခြေအနေ ၊ လက်ရှိပြည် တွင်း ငြိမ်းချမ်းရေး အခြေအနေတွေ နဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */