" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူ့အခြင့္အေရး. Show all posts
Showing posts with label လူ့အခြင့္အေရး. Show all posts

Tuesday, March 12, 2019

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စုံစမ်းမယ့် ICC အစီအစဉ် မြန်မာအစိုးရ ထပ်မံပယ်ချ

VOA
မဆုမွန်၊ 12 မတ်၊ 2019

Dhaka မှာ ကျင်းပတဲ့ International Criminal Court (ICC) သတင်းစာ ရှင်းလင်းပွဲ (မတ်၊ ၁၁၊ ၂၀၁၉)


ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေကို စုံစမ်းဖော်ထုတ်ဖို့နိုင်ငံတကာ ရာဇဝတ် တရားခုံရုံး ICC က ကြိုးပမ်းမှုတွေကို မြန် မာအစိုးရက ထပ်မံ ပယ်ချလိုက်ပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာ အစိုးရအနေနဲ့ ICC ရဲ့ စုံစမ်းမှုတွေကို သဘောမတူဘူး ဆိုရင်တောင် နိုင်ငံတကာ အသိုင်းအ၀န်းက လက် ခံနို င်မယ့် အစီအစဉ်တွေ လိုအပ်လိမ့်မယ်လို့ ထောက်ပြနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

Monday, January 28, 2019

လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို တပ်မတော်ငြင်းဆို


 တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA
အစိုးရတပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကာလအတွင်း စစ် ရာဇဝတ်ကျူးလွန်မှုတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ AA ရဲ့ စွပ်စွဲချက်တွေကို တပ်မတော် က ငြင်းဆိုလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */